Connect with us

International Organizations

သိပ္ပံနည်းကျ ပြောခွင့်မသာအောင် အနောက်တိုင်း သိပ္ပံပညာရှင်များ နှုတ်ပိတ်ခံနေရ

ပေကျင်း၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

ကာလပိုင်းအခြားတစ်ခုတွင် အနောက်တိုင်းနိုင်ငံရေးသမားများ မိမိအတွက် ထောက်ခံမဲရရှိရန် ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးနှင့်ရောနှော၍ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး၊ ရောဂါဇစ်မြစ်ရှာဖွေရေးလုပ်ငန်းများကို အတားအဆီးလုပ်ကာ အချို့ပြည်သူများအား သိပ္ပံပညာရှင်များကို အွန်လိုင်းအကြမ်းဖက်မှုလုပ်အောင် လှုံ့ဆော်ခဲ့ကြသည်။အချို့သိပ္ပံပညာရှင်များက ပုံမှန် သိပ္ပံသုတေသနလုပ်ငန်းလုပ်ဆောင်သူများသာဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်အပေါ် တည်ကြည်လေးနက်သည့် အမြင်သဘောထားဖော်ပြခြင်းကို တရုတ်နိုင်ငံအတွက်ပြောပေးသည်ဟုဆိုကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ယခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ ရောဂါဗေဒပညာရှင် Kristian G. Andersenက ၎င်း၏တွစ်တာအကောင့်ကို ဖျက်ပြီး လူမှုကွန်ရက်မီဒီယာပလက်ဖောင်းမှ နုတ်ထွက်ခဲ့သည်။ ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ အွန်လိုင်းအကြမ်းဖက်မှု ဆိုးဆိုးဝါးဝါးခံရခြင်းကြောင့် ဖြစ်သည်။ ထိုမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်သည် ဓါတ်ခွဲခန်းမှထုတ်လုပ်ခြင်းမဟုတ်နိုင်ဟု ၎င်းက ပြောကြားခဲ့ရာ ဝူဟန့်ပိုးမွှားသုတေသနဌာနမှ ယိုစိမ့်လာခြင်းဖြစ်သည့်အဆိုကို ပြိုလဲစေခဲ့သည်။

အမေရိကန်နိုင်ငံ ဂျော့ဂျ်တောင်းတက္ကသိုလ် ရောဂါဗေဒပညာရှင်Angela Rasmussenတွင်လည်း အလားတူ ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ခဲ့ရရာ ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝမှအစပြုခြင်းဖြစ်သည်ဟူသောအဆိုကို ၎င်းက ထောက်ခံခြင်းကြောင့် အွန်လိုင်းအကြမ်းဖက်မှုခံခဲ့ရသည်။ ”အခုဗိုင်းရပ်စ်ဇစ်မြစ်ကို ဆွေးနွေးမှုက အဆိပ်သင့်နေပြီ။ အဆိပ်ခတ်ဆွေးနွေးတဲ့သူတွေက အခွင့်ရေးသမားတွေ၊ လူမျိုးရေးခွဲခြားသူတွေ ဒါမှမဟုတ် ကီးဘုတ်ဖိုက်တာတွေဖြစ်တယ်”ဟု Angela Rasmussenက ယခုနှစ် မေလ ၎င်း၏တွစ်တာတွင် အွန်လိုင်းအကြမ်းဖက်မှုအား တုန့်ပြန်ရေးသားဖော်ပြခဲ့သည်။

အခြား အမေရိကန်နိုင်ငံ ရောဂါဗေဒပညာရှင် Peter Hotezလည်း အလားတူ အွန်လိုင်းအကြမ်းဖက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည်။ ကာကွယ်ဆေးကိုထောက်ခံသည့် ၎င်း၏ရပ်တည်ချက်ကို အချို့သူများက မကျေနပ်၍ ၎င်းအား “နာဇီ”ဟုပင် ခေါ်ဝေါ်ကြသည်။
တစ်ချို့ အွန်လိုင်းသုံးသူများက ကာကွယ်ဆေးကို လက်မခံနိုင်ခြင်းကြောင့် ကပ်ရောဂါကို နိုင်ငံရေးအသွင်ပြောင်းသည်ဟု ၎င်းအား ပြစ်တင်ကြကြောင်း Peter Hotezက ဇူလိုင်လ တွေ့ဆုံမေးမြန်းတွင် ပြောကြားခဲ့သည်။ “ကျွန်တော်က နိုင်ငံရေးအသွင်ပြောင်းတာမဟုတ်ဘူး။ နိုင်ငံရေးလည်း ကျွန်တော်မလုပ်ချင်ဘူး။ သိပ္ပံနည်းမကျ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဆိုတွေကိုပဲ ကျွန်တော်က တန်ပြန်ချင်တာ၊ လူတွေဒီထက်ပိုပြီး အသက်မဆုံးရှုံးစေချင်လို့”ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ သိပ္ပံလောကတွင် နာမည်ကျော်ကြားယုံကြည်မှုရှိသူ ၊ ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန (NIAID) အကြီးအကဲ Anthony Fauciသည်လည်း နောက်ထပ်သာဓက တစ်ခု ဖြစ်သည်။ အမေရိကန် ယခင်သမ္မတ ထရမ့်လက်ထက်တွင် လူသိရှင်ကြား သံသယထားမေးခွန်းထုတ်ခဲ့သလို Fauciကိုလည်း တိုက်ခိုက်ခဲ့သည်။ Fauciသည် အမေရိကန် လက်ယာယိမ်းများ၏ တိုက်ခိုက်သည့် ပစ်မှတ်ဖြစ်ခဲ့သလို အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည်အထိ ကြုံတွေ့ခဲ့ရသည်။

အမေရိကန်တွင်ပင် ထိုဖြစ်ရပ်မျိုးကြုံတွေ့ရသည် မဟုတ်ပါ။ ဗြိတိန်သိပ္ပံပညာရှင်များက အစိုးရကို ပိုမိုတင်းကျပ်သည့် ရောဂါကာကွယ်ရေး နည်းလမ်းများချမှတ်ရန် နိုးဆော်တိုက်တွန်းမှုကြောင့် အွန်လိုင်းသုံးသူအချို့မကျေနပ်ဖြစ်ခဲ့ရာမှ အွန်လိုင်းအကြမ်းဖက်မှုခံခဲ့ရကြောင်း ဗြိတိန် The Guardian သတင်းတွင် ဖော်ပြခဲ့သည်။

ဗြိတိန် သတ္တဗေဒပညာရှင် Peter Daszakသည် အမေရိကန်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာအကယ်ဒမီ(NAM) ထိပ်တန်းပညာရှင်၊ အမေရိကန်အမျိုးသားသိပ္ပံ၊ အင်ဂျင်နီယာနှင့်ဆေးပညာအကယ်ဒမီ(NASEM)အနုဇီဝအန္တရာယ်ဆိုင်ရာ ဖိုရမ် ဥက္ကဋ္ဌဖြစ်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တရုတ်နိုင်ငံသို့ သွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်ကို သုတေသနလုပ်ရန် စေလွှတ်သည့်အဖွဲ့တွင် တစ်ဦးတည်းသော အမေရိကန်ဌာန ကိုယ်စားလှယ်ဖြစ်သည်။ Peter Daszakက ကိုရိုနာဗိုင်းရပ်စ်ဝူဟန့်ဓာတ်ခွဲခန်းမှလာခြင်းဟူသော လုပ်ကြံအဆိုကို အမြဲခိုင်မာစွာ ဆန့်ကျင်သူဖြစ်ရာ အနောက်တိုင်းမီဒီယာအချို့၏နှောက်ယှက်ပြောကြား ဖော်ပြမှုများကို မှန်ကန်စွာ တည့်တည်မတ်မတ် ပြောကြားပေးခဲ့သည်။

ထိုသို့ ပြောကြားမှုများကြောင့် Peter Daszakသည် အမေရိကန်၊အနောက်တိုင်း နိုင်ငံရေးသမားများ၏ ဆက်တိုက်ခြိမ်းခြောက်မှုနှင့်ဖိနှိပ်မှုကို ခံခဲ့ရရာ တရုတ်နိုင်ငံနှင့်နီးကပ်လွန်းသည်ဟု ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ယင်းဖိအားများကြောင့် ကိုရိုနာဗိုင်းရပ်ဇစ်မြစ်သုတေသနလုပ်ငန်းကို Peter Daszakက ရှောင်ရှားလိုက်ရခြင်းဖြစ်သည်။

ဗြိတိန်နှင့်ဩစတြေးလျ နှစ်နိုင်ငံ သိပ္ပံပညာရှင် Edward Holmesသည် နှစ်ထပ်ကွမ်း ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ရာ ဗြိတိန်တော်ဝင်ပညာရှင်အသင်း(Royal Society)နှင့် ဩစတြေးလျ သိပ္ပံအကယ်ဒမီ(AAS)၏ ထိပ်တန်းပညာရှင်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ၎င်းသည် တရုတ်နိုင်ငံ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကိုရိုနာဗိုင်းရပ်စ်၏မျိုးရိုးဗီဇစီရီးကို အဖြေရှာနိုင်ခဲ့သည်။ ထို့နောက် ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဩစတြေးလျမီဒီယာများက Edward Holmes၏သုတေသနသည် တရုတ်အစိုးရ၏ထောက်ပံ့မှုရှိပြီး ရလဒ်အပေါ် သက်ရောက်ရှိနိုင်ကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ ထို့အပေါ် Edward Holmesက ကြိုးစားရှင်းပြပေးသော်လည်း ဥပါယ်ပြုလိုသူတို့၏ နှောက်ယှက်မှု၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။

သိပ္ပံပညာရှင်များ ဆိုလိုသည့် သက်သေအထောက်အထားများကို ဆွေးနွေး၍ရသော်လည်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း၊ သိပ္ပံပညာရှင်များကို အပုတ်ချခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် သိပ္ပံနည်းကျယုံကြည်ရမှုအပေါ် အန္တရာယ်ဖြစ်သည့် အနေအထားစေဖြစ်ကြောင်း The Guardian သတင်းတွင် ဖော်ပြခဲ့သည်။ သိပ္ပံပညာရှင်များအား အကြောင်းမဲ့ပြစ်တင်စွပ်စွဲခြင်းနှင့်တံဆိပ်ကပ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောတိုက်ဖျက်ရေးအတွက် ဆိုးဝါးသည့် အကန့်အသတ်အတားအဆီးဖြစ်စေကြောင်း ဆိုသည်။ (Xinhua)

————————————————–
(Chinese Version)

讲科学也是“罪”!西方科学家遭噤声

新华社北京8月22日电 一段时间以来,一些西方政客为了服务自身选票利益,不断把新冠疫情和政治搅和在一起,阻碍了新冠防疫和溯源工作,还煽动一些民众对科学家进行网络暴力。

一些科学家仅仅因为从事正常的科学研究,或者以严谨的态度表达对新冠溯源的观点,就成为众矢之的。而扣在这些科学家头上最常见的“帽子”,就是称他们“替中国说话”。

今年6月,美国病毒学家克里斯蒂安•安德森突然将自己推特账号清空,从这一社交媒体平台退出。究其原因,就是因为他遭受了严重的网络暴力。此前,他曾表示,新冠病毒不可能是在实验室里炮制而成的,让所谓武汉病毒研究所“泄漏”论破产。

美国乔治城大学的病毒学家安杰拉•拉斯穆森也有相似经历。她因为支持新冠病毒的自然起源论而遭受网络暴力。
她今年5月在推特上回应网络暴力时说:“现在关于病毒起源的讨论氛围已经被毒化了,毒化讨论的人都是一些投机分子、种族主义者或者键盘侠。”
另一名美国病毒学家彼得•霍特兹也因为类似的情况遭受严重网络暴力。有些人不满意他支持疫苗的立场,甚至把他称为“纳粹”。
霍特兹在今年7月接受采访时表示,一些网民因为反对疫苗,就指责自己将疫情“政治化”。他说:“我根本没有政治化,我也不想搞政治。我只是想驳斥一些反科学的说法,让更多人免于死亡。”

美国科学界权威、国家过敏症和传染病研究所所长安东尼•福奇也是另一例证。美国前总统特朗普在任时,多次公开质疑、攻击福奇。福奇由此成为美国右翼分子攻击的对象,并遭到死亡威胁。

不仅美国出现这种情况。英国《卫报》报道说,不少英国科学家因为呼吁政府采取更加严格的防控措施招致一些网民不满,因而成为网络暴力的受害者。
英国动物学家彼得•达萨克是美国国家医学院院士和美国国家科学、工程和医学学院微生物威胁论坛的主席,也是世卫组织派往中国开展新冠病毒溯源研究的团队中唯一美国机构代表。达萨克一直坚决反对“新冠病毒源自武汉实验室”的阴谋论,在一些西方媒体污称中国“阻碍新冠溯源工作”时,还仗义直言。
由于这些言论,达萨克遭受美西方政客持续威胁和打压,被抨击“与中国过于亲近”。压力之下,达萨克已经“回避”新冠溯源研究工作。

具有英国和澳大利亚双重国籍的科学家爱德华•霍尔姆斯享有“双料”院士头衔,身兼英国皇家学会院士和澳大利亚科学院院士。新冠疫情暴发后,他曾和中国科学家合作,解码出新冠病毒的基因序列。然而因为这一合作,澳大利亚媒体诬称霍尔姆斯的研究受中国政府资助,结果也受到影响。尽管霍尔姆斯努力辩白,但仍遭受阴谋论者的持续骚扰和死亡威胁。

《卫报》的报道说,可以就科学家所援引的证据展开讨论,但是进行人身攻击,污名化科学家将在全社会营造出一种不信任科学的危险局面。这种针对科学家的无端指责和贴标签行为会严重制约全球抗疫。(漫画:潘红宇、喻翩一;编辑:刘阳、唐志强)