Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၃၀)ကျော်ရှိလာ၊ ကပ်ရောဂါ တတိယလှိုင်းရောက်လာနိုင်

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် ကိုဗစ်ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ဇွန် ၂၃ ရက်က ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၃၀)ကျော်ရှိရာ အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်သူဦးရေ အဆိုပါ ကိန်းဂဏန်း အရေအတွက်ကို ကျော်ခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။လဝက်ကျော်ကြာကာလတွင် အိန္ဒိယကပ်ရောဂါအခြေအနေ လျော့နည်းလာသည့်အရိပ်လက္ခဏာရှိသော်လည်း ဗီဇပြောင်းဗိုင်းရပ်စ်ပေါ်ထွက်လာခြင်း၊ ကာကွယ်ဆေးထိုးနှံထားသည့် ရာခိုင်နှုန်း နည်းခြင်း၊ ကန့်သတ်ချက်များဖြေလျှော့မှုကြောင့် လူသွားလာလှုပ်ရှားမှုများခြင်း စသည့် အကြောင်းအရင်းများ ကြောင့် အိန္ဒိယ၏လာမည့်ကပ်ရောဂါအခြေအနေသည် အကောင်းမြင်နိုင်ဖွယ် မရှိသေးကြောင်း သိရသည်။ ကျွမ်းကျင်ပညာရှင်များက အိန္ဒိယတွင် ကပ်ရောဂါတတိယလှိုင်းရောက်လာနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် ကိုဗစ်ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အိန္ဒိယတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာ (၅၀.၈၄၈)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၃၀,၀၃၈,၇၀၉)ဦး၊ ထပ်တိုးသေဆုံးသူ (၁,၃၅၈)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၃၉၀,၆၆၀)ဦး ရှိကြောင်း သိရသည်။ ဇွန် ၂၃ ရက်အထိ အိန္ဒိယတွင် နေ့စဉ်ထပ်တိုးလူနာ (၁)သိန်းအောက် (၁၆)ရက်ဆက်တိုက် ရှိလာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဟယ်ရီဝေါလ်မြို့တွင် ကိုဗစ်ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နေ့စဉ် ထပ်တိုးအတည်ပြုလူနာဦးရေ ကျဆင်းလာခြင်းနှင့်အတူ အိန္ဒိယ၏ပြည်နယ်နှင့်ဒေသများတွင် ကပ်ရောဂါကန့်သတ်ချက်များ စတင် ဖြေလျှော့ခဲ့သည်။ မြို့တော် နယူးဒေလီ၊ ဥတ္တရပဒေသပြည်နယ်၊ မဒရပ်ပြည်နယ် စသည့် ဒေသများတွင် ဈေးဝယ်စင်တာ၊ စာသောက်ဆိုင်နှင့် အရက်ဘားစသည့်နေရာများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အာဂါဒလာမြို့ လော့ခ်ဒေါင်းကာလအတွင်း စေတနာ့ဝန်ထမ်းများက အစားအစာများ ဝေငှပေးနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း အိန္ဒိယဒေသအသီးသီးမှ နယူးဒေလီ၊ မွမ်ဘိုင်းစသည့် မြို့ကြီးများသို့ အလုပ်လုပ်ကိုင်ရန်ပြန်လာသူ (၃.၃)သန်းရှိကြောင်း ဒေသခံမီဒီယာများ၏ ဇွန် ၂၁ ရက် ရထားပို့ဆောင်ရေးဌာနမှ ကိန်းဂဏန်းများကို ကိုးကားဖော်ပြထားသည်။ ဇွန် ၁၉ ရက်မှ ဇွန် ၂၈ ရက်အတွင်း လူပေါင်း(၃)သန်းခန့် မြို့ကြီးများကို စုပြုံဝင်ရောက်ဖွယ်ရှိကြောင်း ရထားပို့ဆောင်ရေးဌာနက ကြိုတင်ခန့်မှန်းထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အာဂါဒလာမြို့ လော့ခ်ဒေါင်းကာလအတွင်း စေတနာ့ဝန်ထမ်းများက အစားအစာများ ဝေငှပေးနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ် တတိယလှိုင်း အိန္ဒိယကို ရိုက်ခတ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ယူဆထားသည်။ အိန္ဒိယနိုင်ငံ ဒေသအသီးသီးတွင် ကန့်သတ်ချက်များ စတင်ဖြေလျှော့လာပြီဖြစ်သော်လည်း သင့်တော်သည့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ လိုအပ်နေဆဲဖြစ်ရာ တတိယလှိုင်းကို ရှောင်လွှဲ၍မရနိုင်ကြောင်း၊ လာမည့်ရက်သတ္တပတ် (၆)ပတ်မှ (၈)ပတ် သို့မဟုတ် နောက်ပိုင်းတွင် ကပ်ရောဂါလှိုင်းတိုက်ခတ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံ ဆေးသိပ္ပံသုတေသနဌာန ညွှန်ကြားရေးမှူး Randeep Guleriaက ယခုရက်ပိုင်းများတွင် ထောက်ပြပြောဆိုခဲ့သည်။ လက်ရှိကြည့်မည်ဆိုလျှင် လူများသည် ယခင်ဖြစ်ပွားခဲ့သည့်ကပ်ရောဂါလှိုင်းနှစ်လှိုင်းဒဏ်ကို သင်ခန်းစာ မယူမိကြသေးသလို ဖြစ်နေကြောင်း ၎င်းကဆိုသည်။

“Delta”( အိန္ဒိယတွင် ပထမအစီရင်ခံသည့် B.1.617.2 ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် )သည် အိန္ဒိယကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားသည့် အကြောင်းအရင်း တစ်ခုဖြစ်ပြီး ယခုအသစ်တွေ့ရှိရသည့်“Delta+”သည် Delta ဗိုင်းရပ်စ်၏ ဗီဇပြောင်း တစ်မျိုးဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

အိန္ဒိယမီဒီယာများ၏ သတင်းများအရ “Delta+”၏အဆူးသည် ပရိုတင်းအပိုင်းကို ဖောက်ထွက် ပြောင်းလဲခြင်းကြောင့် ကူးစက်မှုအား ပိုကောင်းနိုင်ကြောင်း ၊ အာဏာပိုင်များက ဒေသအသီးသီးတွင် ရောဂါစစ်ဆေးမှုနှင့် ခြေရာခံမှုများ ပြုလုပ်ကြရန် အကြံပြုထားကြောင်း သိရသည်။ ဇွန် ၂၃ ရက်အထိ အိန္ဒိယတွင် ယင်းဗိုင်းရပ်စ်အမျိုးအစား ကူးစက်သူ (၄၀)ရှိပြီး အများစုမှာ မဟာရာရှ်ထရာပြည်နယ်မှ လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရ၏ ရည်ရွက်ချက်သည် ယခုနှစ်ကုန်ပိုင်းမတိုင်မီ ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယခုလဆန်းပိုင်းတွင် ကြေညာခဲ့သည်။ ဗြိတိန် Oxford တက္ကသိုလ်၏ “Our World in Data”ဝဘ်ဆိုက်၏ ကိန်းဂဏန်းများတွင် ဇွန် ၂၁ ရက်အထိ အိန္ဒိယတွင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူသည် စုစုပေါင်းလူဦးရေ၏ (၃.၆၆)ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ (Xinhua)
———————————————
(Chinese Version)

(国际疫情)综述:印度累计新冠确诊病例超3000万 第三波疫情或将来临

新华社新德里6月23日电综述:印度累计新冠确诊病例超3000万 第三波疫情或将来临
新华社记者赵旭

印度累计新冠确诊病例23日超过3000万例,成为继美国之后又一超过这一数字的国家。
尽管半个多月以来,印度疫情已出现放缓迹象,但新型变异病毒的出现、疫苗接种比例较低、解封带来人员大量流动等因素让印度未来疫情形势仍不容乐观。多名专家警告,印度可能会迎来第三波疫情。

印度卫生部23日公布的数据显示,该国新增新冠确诊病例50848例,累计确诊30028709例;新增死亡1358例,累计死亡390660例。截至23日,印度已连续16天单日新增确诊病例在10万例以下。

随着单日新增确诊病例数下降,印度许多邦和地区都开始逐渐放宽防疫限制措施。首都新德里、北方邦、泰米尔纳德邦等多地已宣布允许商场、餐馆和酒吧等公共场所恢复营业。

印度媒体21日援引铁道部数据称,6月11日至17日,从印度各地回流至新德里、孟买等大城市的打工者已近330万人。铁道部预计,6月19日至6月28日还将有约300万人从各地涌入大城市。

多名专家认为,第三波疫情很可能袭击印度。全印医学科学研究所主任兰迪普•古莱里亚近日指出,印度各地开始逐步解封,但仍缺乏适当的新冠应对措施,第三波疫情将无法避免,可能会在未来6至8周或稍晚一些时候袭击印度。他认为,目前来看,人们似乎没有从前两波疫情之中吸取教训。

专家指出,德尔塔毒株(印度首先报告的B.1.617.2变异新冠病毒)是导致印度第二波疫情的原因之一,而最新发现的“德尔塔+”毒株是德尔塔毒株的又一变种。

据印度媒体报道,由于“德尔塔+”毒株的刺突蛋白区域发生突变,导致其可能具有更强的传染性,印度当局已建议各地加强检测和追踪。截至23日,印度已报告40例该毒株感染病例,多数来自马哈拉施特拉邦。

印度总理莫迪本月初宣布,印度政府的目标是在今年年底前实现全民接种新冠疫苗。英国牛津大学“用数据看世界”网站的数据显示,截至21日,印度完成两剂疫苗接种的人员占总人口的3.66%。(完)

图说1: 6月23日,人们在印度班加罗尔接受新冠检测。新华社发
图说2:6月23日,一名女子在印度勒克瑙接种新冠疫苗。新华社发
图说3:6月23日,一名女子在印度赫里德瓦尔接受新冠检测。新华社发
图说4:6月23日,志愿者在印度阿加尔塔拉封锁期间为人们分发食物。新华社发
图说5:6月23日,志愿者在印度阿加尔塔拉封锁期间为人们分发食物。新华社发