Connect with us

North America

အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်သည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုကာ ၎င်း၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဟုဆို

တီဟီရန်၊နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုပြီး ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို အပြည့်အဝ မြှင့်တင်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abdullahhiyan က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Le Drian နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် အီရန်သည် အခြားနိုင်ငံများကဲ့သို့ပင် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတော် ကာကွယ်ရေး အစီအစဉ်ကို ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ အီရန်သည် အမေရိကန်၏ “အပြုသဘောမဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒ” ကို လျစ်လျူရှုပြီး ၎င်း၏နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊အီရန်အပေါ် အမေရိကန်က နောက်ဆုံး ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများက အမေရိကန်သည် အီရန်၏ ယုံကြည်မှုနှင့် မထိုက်တန်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။ (Xinhua)

——————————————-
(Chinese Version)
(新华简讯)伊朗外长:伊朗将无视美国制裁全力发展国防力量

新华社德黑兰11月9日电伊朗外长阿卜杜拉希扬9日说,伊朗将无视美国制裁,全力发展国防力量。   据伊朗外交部网站发布的消息,阿卜杜拉希扬当天在与法国外长勒德里昂通电话时说,伊朗与其他任何国家一样,有权拥有国防计划,这是一项主权权利。伊朗不会理会美国“非建设性的制裁政策”,将全力发展国防力量。美国对伊朗的最新制裁表明,美国不值得伊朗信任。(完)