Connect with us

Europe

တရားမဝင်ခိုးဝင်မှု ဖြစ်ရပ်ဆိုးထပ်မံဖြစ်ပေါ်လာမှု အပေါ် အမေရိကန်တွင်တာဝန်ရှိကြောင်း မက္ကဆီကိုသမ္မတပြော

ပေကျင်း၊ ဒီဇင်ဘာ ၁၂ (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Chiapas ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက တရာမဝင်ခိုးဝင်သူများ အပြည့်တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅၅ ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ထဲမှ အများစုမှာ အမေရိကန်သို့သွားရန် စီစဉ်ထားသည့် ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများက ထိုခရီးစဉ်ကို ပြန်လည်စဉ်းစားရာ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ကြောင်း သိရသည်။မက္ကဆီကိုသမ္မတ Lopez Obrador က ၎င်းဖြစ်ဆိုးများ၏ မူလဇစ်မြစ်မှာ ဆင်းရဲနွမ်းပါးမှု ဖြစ်ကြောင်းနှင့် အမေရိကန်က ဗဟိုအမေရိကနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီရန် နှောင့်နှေးနေကြောင်း ပြောကြားခဲ့ပါသည်။

Chiapas မြို့တော် Tuxtla Gutierrez ရှိ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသောဂွါတီမာလာလူငယ်တစ်ဦးသည်၎င်း၏ကားမတော်တဆမှုနှင့်ပတ်သက်၍ အေပီသတင်းထောက်ထံပြောကြားခဲ့ရာ၌ မက္ကဆီကိုတွင် တရားဝင်အအထောက်အထားမရှိသောကြောင့် အမည်မဖော်လိုကြောင်း၊ သူသည်လက်ကျိုးသွားသော်လည်းသေဆုံးသူ၅၅ ဦးနှင့်ယှဉ်လျှင်အနည်းဆုံး အသက်ရှင် ကျန်ရစ်ခဲ့သူဖြစ်ကြောင်း ဆိုသည်။

မက္ကဆီကိုတောင်ပိုင်း၊ Chiapas ပြည်နယ်တွင် ကားတိမ်းမှောက်မှုဖြစ်ပွားရာ ကယ်ဆယ်ရေးသမားများက ဒဏ်ရာရသူများအား ရွှေ့ပြောင်းပေးနေသည်ကို ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကားပေါ်တွင် လူ ၂၀၀ ကျော်ရှိကြောင်း၊“သေဆုံးသူတွေကတော့ ကားအတွင်းနံရံဘေးက လူတွေဖြစ်တယ်၊ ကျွန်တော်တို့က (ကား) အလယ်မှာ ထိုင်နေပေမယ့် ဘေးကလူတွေ အားလုံးသေကုန်ပြီ ” ဟုလူငယ်က ပြောသည်။

အသက်ရှင်ကျန်ရစ်သူများသည် သေဆုံးသူများ၏ စုပုံနေသောအလောင်းများ သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရရှိသူများကို ဖယ်ထုတ်ပြီးမှသာ ကားထဲမှထွက်နိုင်ကြောင်း၊ “ကျွန်တော်ကို ဖိထားတဲ့လူက နှစ်ယောက်သုံးယောက် လောက်ရှိတယ်၊ ကားပေါ်ကနေ ဆင်းလာတဲ့အခါ လူတစ်ယောက်က ကျွန်တော်ကို အကူအညီတောင်းခဲ့တယ်၊ ကျွန်တော်က သူ့ကိုဆွဲထုတ်ပြီး လမ်းဘေးကို ခေါ်သွားခဲ့ပေမဲ့ နောက်ဆုံးတော့ သူကသေသွားတာပဲ” ဟု ၎င်းက ပြောသည်။

မက္ကဆီကိုနိုင်ငံ၊ Puebla ပြည်နယ်မှ အမေရိကန်သို့သွားရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းအခြေချသူများအား ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယာဉ်မောင်းသည် အရှိန်လွန်စွာ မောင်းနှင်၍ အမြန်ကွေ့လမ်းသို့ဝင်ရောက်လာသည့်အခါ ကားသည်အရှိန်မထိန်းနိုင်တော့ဘဲ ဘေးချော်ကာ လူကူးတံတား အောက်ခံခုံကို ဝင်တိုက်ခဲ့ကြောင်း၊ ခရီးသည်များစွာက ကားပေါ်မှ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးဒဏ်ရာရသူအများစုမှာ ဂွါတီမာလာမှဖြစ်ပြီး အချို့မှာ ဟွန်ဒူးရပ်စ်၊ အီကွေဒေါ၊ ဒိုမီနီကန်သမ္မတနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့မှဖြစ်ကြောင်း မက္ကဆီကိုတာဝန်ရှိသူများက ပြောသည်။ မက္ကဆီကို အမျိုးသားအစောင့်တပ်၏ တပ်မှူး Luis Rodríguez က အဆိုပါ ရွှေ့ပြောင်းအခြေချသူများကို လွန်ခဲ့သည့် ရက်အနည်းငယ်တွင် တရားမဝင်မှောင်ခိုဂိုဏ်းက Chiapasပြည်နယ် အတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ “လုံခြုံရေးအိမ်ရာ” တွင် ပုန်းအောင်းစေခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းတွင် တရားမဝင် ခိုးဝင်သူများကို ထရပ်ကားပေါ်သို့ တင်ဆောင်ကာ မက္ကဆီကို၏ အမျိုးသားအစောင့်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီများမှ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်များကို ရှောင်တိမ်းနိုင်ခဲ့ကြောင်း၊ တရားမဝင် ခိုးဝင်သူများက အလယ်ပိုင်း Puebla ပြည်နယ်ကို ဖြတ်သန်းကာ မြောက်ဘက် အမေရိကန်သို့ သွားရန်ပြင်ဆင်ထားကြောင်း၊ ကားတိမ်းမှောက်ပြီးနောက် ယာဉ်မောင်းသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း မက္ကဆီကို အမျိုးသား အစောင့်တပ်မှူး Luis Rodríguez က ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ၊ Puebla ပြည်နယ်မှ အမေရိကန်သို့သွားရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းအခြေချသူများအား ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်အစိုးရသည် ဗဟိုအမေရိကားမှ ရွှေ့ပြောင်းအခြေချသူများ အမေရိကန်သို့ ဝင်ရောက်မှုကို တားဆီးရန် ၂၀၁၉ ခုနှစ်အစောပိုင်းတွင် “မက္ကဆီကိုတွင်နေရန်” မူဝါဒကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဤမူဝါဒအရ ရွှေ့ပြောင်းအခြေချသူများသည် အမေရိကန်မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာများကို စီစစ်မှုကို စောင့်ဆိုင်းရန် မက္ကဆီကိုနိုင်ငံတွင် ယာယီနေထိုင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်သည် ယခုနှစ် ဇန်နဝါရီလတွင် ရာထူးတာဝန်ယူပြီးနောက် ယင်းမူဝါဒကို ဖျက်သိမ်းရန် အမိန့်ချခဲ့ရာ ရီပတ်ဘလစ်ကန်များ၏ ခုခံမှုနှင့် တရားစီရင်ရေးဆိုင်ရာ အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်-မက္ကဆီကိုနယ်စပ်မှ ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများကို မက္ကဆီကိုမှ ယာယီနေရာချထားရေးအတွက် မက္ကဆီကိုနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ယခုလတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မက္ကဆီကိုအစိုးရသည် အမေရိကန်ပြည်ထောင်စုမှအတည်ပြုထားသော ကြားဖြတ်တားဆီးမှုမူဝါဒကို ကူညီဆောင်ရွက်ပေးရန် သဘောတူညီခဲ့သော်လည်း မြောက်ပိုင်းမှ အစုလိုက်ရွှေ့ပြောင်းမှုသည် ရပ်တန့်သွားခြင်းမရှိပေ။အောက်တိုဘာ ၁၇ ရက်က မက္ကဆီကိုနိုင်ငံ Tamaulipas တွင် ထရပ်ကားခြောက်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့ရာ တရားမဝင်ခိုးဝင်သူ ၆၅၂ ဦး တွေ့ရှိခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၉ ရက်တွင် Veracruz ၌ လူပေါင်း ၆၀၀ ခန့် တင်ဆောင်ထားသည့်ယာဉ်နှစ်စီးကိုလည်း တွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည် ယာဉ်မတော်တဆမှုတွင် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းနှင့်ပတ်သက်၍ မက္ကဆီကိုသမ္မတ Lopez Obrador က အလားတူဖြစ်ရပ်ဆိုးများဖြစ်ပွားမှုကို ကာကွယ်ရန် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန်သို့ စုပြုံဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

၎င်းရွှေ့ပြောင်းသူများသည် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးမှုကြောင့် မွေးရပ်မြေမှ ထွက်ခွာလာသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဖိနှိပ်သောနည်းလမ်းဖြင့် မဖြေရှင်းသင့်ကြောင်း အလုပ်အကိုင်နှင့် အကျိုးခံစားခွင့်များ ပေးဆောင်ရန်လိုအပ်ကြောင်း Lopez Obrador က ဆိုသည်။ အကယ်၍ အမေရိကန်သည် ရွှေ့ပြောင်းအခြေချသူများ ဆက်လက်ဝင်ရောက်လာမှုကို မလိုလားပါက၊ ဗဟိုအမေရိကနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီသင့်ကြောင်း၊ ၎င်းကို ဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း အမေရိကန်သည် လုပ်ဆောင်ချက် နှောင့်နှေးနေကြောင်း ၎င်းကဖြည့်စွပ်ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ဒီဇင်ဘာ ၉ ရက်တွင် ရွှေ့ပြောင်းနေထိုင်သူများသေဆုံးမှုနှင့် ဒဏ်ရာများသည် ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးဖြစ်ကြောင်း နှင့် “မိမိတို့ရဲ့ ဘဝတိုးတက်ရေးကြိုးပမ်းသူတိုင်းဟာ ဂုဏ်သိက္ခာနှင့် ဘေးကင်းရေးတို့ကိုခံစားသင့်ကြတယ်” ဟု ဒီဇင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ချုပ် (International Organisation for Migration) မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၄ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှုကို မှတ်တမ်းတင်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းတွင် ရွှေ့ပြောင်းနေထိုင်သူ ၄၅,၀၀၀ ကျော်သည် နယ်စပ်ဖြတ်ကျော် သွားလာစဉ် သေဆုံးခဲ့ကြောင်း၊ ယခုနှစ်အတွင်း သေဆုံးသူစုစုပေါင်းမှာ ၄,၄၇၀ ကျော်ရှိကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် သေဆုံးသူ ၂၀၀ ကျော်တိုးလာခဲ့ကြောင်း ထုတ်ဖော်ထားသည်။ ယခုနှစ်တွင် မက္ကဆီကိုနိုင်ငံမှတစ်ဆင့် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်သူများမှ ၆၅၁ ဦးသေဆုံးခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် Tamaulipas ပြည်နယ်၌ ဂွါတီမာလန်နိုင်ငံသား ၁၆ ဦးနှင့် မက္ကဆီကန်နိုင်ငံသား ၃ ဦး ပါသော ထရပ်ကားတစ်စီ မီးလောင်ခံရပြီး ထရပ်ကားတွင် သေနတ်ဒဏ်ရာများနှင့် ပြည့်နှက်နေ ကြောင်း၊ ပြီးခဲ့သည့်လက Chiapas ပြည်နယ်တွင် ထရပ်ကားနှစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ တရားမဝင် ရွှေ့ပြောင်းသူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ချုပ်၏ အဆိုအရ ရွှေ့ပြောင်းသွားလာစဉ်အတွင်း အုပ်စုလိုက်သေဆုံးမှုများသည် အဖြစ်များလာကြောင်း၊ နိုင်ငံအသီးသီးမှ အစိုးရများသည် ဤအန္တရာယ်ကို လျှော့ချရန် မူဝါဒများ ချမှတ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

———————————————-
(Chinese Version)
偷渡惨剧再现 墨西哥总统称“美国有责任”
2021-12-12 10:03:13 分类: 社会
新华社北京12月12日电 一辆满载偷渡客的货运卡车9日晚在墨西哥南部恰帕斯州翻车,至少55人死亡、上百人受伤,其中多数是打算前往美国的中美洲国家移民。幸存者回忆惊险历程,仍心有余悸。

墨西哥总统洛佩斯•奥夫拉多尔说,这类惨剧的根源在于贫困,美国在帮助中美洲国家经济发展方面行动迟缓。
一名危地马拉年轻人躺在恰帕斯州首府图斯特拉-古铁雷斯一家医院病床上,向美联社记者回忆遭遇车祸的情形。这名年轻人不愿公开姓名,因为他在墨西哥没有合法身份。他手臂骨折,但比起遇难的55人,至少活了下来。

这名年轻人说,车上可能有超过200人,“死去的是紧靠车厢内壁那些人。我们坐在(车厢)中间,但那些边上的人都死了”。
幸存者必须扒开遇难者或重伤员堆叠的身体,才能逃离车厢。“他们压在我身上,大概有两三个人。”他说。爬出车厢时,另一个人向他求救。“我把他拉了出来,带到路边,但他还是死了。”

这名幸存者回忆,司机当时开车速度很快,进入一个急转弯后车辆失控,侧翻滑行并撞上一座人行天桥的基座,很多人从车里被甩出来。
墨方官员说,死伤者多数来自危地马拉,少数来自洪都拉斯、厄瓜多尔、多米尼加共和国和墨西哥。墨西哥国民警卫队司令路易斯•罗德里格斯说,这些移民几天前被蛇头带入恰帕斯州,躲在所谓“安全屋”内,9日下午上了卡车。卡车设法躲过了国民警卫队和移民机构为拦截偷渡者设置的检查站,偷渡者准备在中部普埃布拉州中转,再进一步北上前往美国。翻车后,司机逃离现场。

美国政府2019年初开始实施所谓“留在墨西哥”政策,以阻止中美洲国家等地移民经墨西哥前往美国。依据这项政策,移民必须首先留在墨西哥,等待美方审查移民申请。民主党籍总统约瑟夫•拜登今年1月就任美国总统后下令取消这项政策,遭遇共和党方面抵制和司法阻碍。美方本月确认已恢复执行这项政策,将陆续把抵达美墨边境的移民赶回墨境内,由墨方暂时安置。

尽管墨西哥政府同意帮美方拦截和收容移民,北上移民潮仍没有停止。墨方10月17日在塔毛利帕斯州拦截6辆货车,发现652名偷渡者;11月19日在韦拉克鲁斯州发现两辆车上藏匿大约600人。

就9日车祸死伤事件,墨西哥总统洛佩斯•奥夫拉多尔强调,防止类似悲剧,需要解决移民潮的根源。“我方一直强调,必须从这类不幸事件的根源着手。”

他说,移民背井离乡是因为贫困和缺少就业机会,“不能用压迫性的手段解决,而是要提供工作和福利”。如果美方不希望移民继续涌入,就应该帮助中美洲国家发展经济,他已与拜登讨论过此事,但美方“行动缓慢”。

联合国秘书长安东尼奥•古特雷斯10日说,9日的移民死伤惨剧令他“惊骇”,“每个寻求改善生活的人理应享有安全与尊严”。
国际移民组织10日发布的数据显示,自2014年开始记录移民死亡数据以来,全球超过4.5万移民在跨境移动途中死亡,今年以来已知死亡人数超过4470人,比去年全年死亡人数增加逾200人。包括9日车祸遇难者在内,取道墨西哥前往美国的移民中,今年已有651人死亡,为2014年以来最多。
今年1月,16名危地马拉人和3名墨西哥人在塔毛利帕斯州被烧死在一辆卡车内,卡车遍布弹孔。上月,恰帕斯州两辆卡车相撞起火,12名偷渡者死亡。

国际移民组织说,移民途中的群体死亡事件已变得常见,各国政府应制定政策降低这一风险。(沈敏)
图说1-12月9日,救援人员在墨西哥南部恰帕斯州的翻车事故现场转移伤者。(新华社发,卡洛斯•迪亚斯摄)
图说2-12月9日,救援人员在墨西哥南部恰帕斯州的翻车事故现场工作。(新华社发,卡洛斯•迪亚斯摄)
图说3-12月9日,在墨西哥普埃布拉,试图北上前往美国的移民走在一条公路上。(新华社发,卡洛斯•帕切科摄)
图说4-12月9日,在墨西哥普埃布拉,试图北上前往美国的移民走在一条公路上。(新华社发,卡洛斯•帕切科摄)