Connect with us

Europe

ရုရှားက ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟုပြောကြား၊ နေတိုးအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးခြင်းကို ဆန့်ကျင်ကြောင်း အမေရိကန်ပြော

ပိုလန်နိုင်ငံ၏ MiG-29A တိုက်လေယာဉ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၈ ရက်က ဗြိတိန်နိုင်ငံ Fairford လေတပ်အခြေစိုက်စခန်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ရုရှားက ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟု ရုရှားနိုင်ငံ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဝင် Leonid Slutsky က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုကို ဆန့်ကျင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ John F. Kirby က ထိုနေ့တွင် ပြောကြားခဲ့သည်။—— ဆွေးနွေးမှုက လူထုဆက်ဆံရေး အတွက်မဟုတ်ကြောင်း၊ စစ်ရေး၊နိုင်ငံရေး၊လူသားချင်းစာနာထောက်ထားမှုစသည့် အဓိကကိစ္စရပ်များတွင် သဘောတူညီမှု ရရှိရန်ဖြစ်ရာ ဤသဘောတူညီချက်များရရှိရန် မလွယ်ကူသော်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟု ရုရှားညှိနှိုင်းရေးကိုယ်စားလှယ်၊ အောက်လွှတ်တော်၏ နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌ Leonid Slutsky က ရုရှားမီဒီယာများအား မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

—— အမေရိကန်မှတစ်ဆင့် ယူကရိန်းသို့ MiG-29 တိုက်လေယာဉ်များ ပံ့ပိုးပေးရန် ပိုလန်၏ ကမ်းလှမ်းအဆိုပြုချက်ကို အမေရိကန်က ပယ်ချခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တိုက်ရိုက်သို့မဟုတ် အခြားအဖွဲ့ဝင်နိုင်ငံမှတစ်ဆင့် ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုကို ကန့်ကွက်ကြောင်း၊ လက်ရှိအခြေအနေတွင် နေတိုးမှ ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုသည် အန္တရာယ်မြင့်မားကြောင်း အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ John F. Kirby က မတ် ၉ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အမေရိကန်သည် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့် ဆက်သွယ်မှုများ ထားရှိကာ မိတ်ဖက်နိုင်ငံများအနေဖြင့် မိမိဆန္ဒနှင့် လက်နက်ကိရိယာအခြေအနေအရ ယူကရိန်းသို့ အခြားထောက်ခံကူညီမှုအဖြစ် လေကြောင်းကာကွယ်ရေးစနစ်များ ထပ်မံပံ့ပိုရန် မျှော်လင့်ကြောင်း Kirbyက ပြောကြားခဲ့သည်။

—— ဂျာမနီကယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှု ၊ စီးပွားရေးနှင့် ပစ္စည်းကိရိယာများကို အစွမ်းကုန်ကူညီထောက်ပံ့ပေးမည်ဖြစ်သော်လည်း ယူကရိန်းသို့တိုက်လေယာဉ်များ ထောက်ပံ့ပေးမည်မဟုတ်ကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf Scholz က အလည်အပတ်ရောက်ရှိလာသည့် ကနေဒါဝန်ကြီးချုပ် Justin Trudeau နှင့် မတ် ၉ ရက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းတွင် ပြောကြားခဲ့သည်။

—— ရုရှားသမ္မတ ဗလာတီမာပူတင်က ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် မတ် ၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ယူကရိန်းအခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ရာ နှစ်ဖက်စလုံးမှ လက်ရှိအခြေအနေကို သံတမန်ရေးရာနည်းလမ်းဖြင့် ကြိုးပမ်းဖြေရှင်းရန်ပြောကြားခဲ့သည်။ ပူတင်က ရုရှားဘက်မှ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများဖွင့်လှစ်ထားမှုနှင့် အရပ်သားများထွက်ခွာရန် စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့သည်။

—— ရုရှားက ယူကရိန်းအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ၁၀ ခု ဖွင့်လှစ်ရန် အဆိုပြုခဲ့သော်လည်း ယင်းအနက် ယူကရိန်းက လမ်းကြောင်း ၃ ခုဖွင့်လှစ်ရန်သာ သဘောတူညီခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ရုရှားက ယူကရိန်းဘက်မှ အကူအညီပါဝင်ခြင်း မရှိသည့် အခြေအနေအောက်တွင် လူပေါင်း ၁၇၉,၀၀၀ ကျော်ကို အန္တရာယ်ရှိဒေသမှ ထွက်ခွာရန် ကူညီပေးခဲ့ကြောင်း သိရသည်။

—— “ခရိုင်းမီးယားနဲ့ ဒွန်ဘတ်စ်အခြေအနေနဲ့ ပတ်သက်ပြီး သင့်လျှော်တဲ့ ဖြေရှင်းချက် ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်” ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏ ပြောကြားချက်ကို မှတ်ချက်ပြုရာတွင် ခရိုင်းမီးယားဒေသသည် ရုရှား၏ နယ်မြေဖြစ်ကြောင်းနှင့် ဥပဒေအရ အသိအမှတ်ပြုရန်လိုအပ်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားသည် Donetsk နှင့် Luhansk အား လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

—— ရုရှားနိုင်ငံသည် အမေရိကန်၏ စွမ်းအင်တင်သွင်းမှုတားမြစ်ချက်အပေါ် ထဲထဲဝင်ဝင်လေ့လာစစ်ဆေးလျက်ရှိကြောင်း နှင့် မိမိ၏ ကိုယ်ကျိုးစီးပွားနှင့်ကိုက်ညီသော ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း Peskov က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အနောက်တိုင်းနိုင်ငံများ၏ ရန်လိုသည့် လုပ်ဆောင်များသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေသောကြောင့် ရုရှားအနေဖြင့် ၎င်းအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ထားသော နိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆက်လက် ပံ့ပိုးပေးမလားဆိုသည်ကို ပြန်လည်စဉ်းစားရန်လိုအပ်လာကြောင်း ၎င်းက ထောက်ပြခဲ့သည်။

—— ယူကရိန်းအမျိုးသားရေးအဖွဲ့ဝင်များက Chernobyl နျူကလီးယားဓာတ်အားပေးစက်ရုံ၏ စွမ်းအင်ထောက်ပံ့ပေးမှု ပစ္စည်းကိရိယာများကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီး Nikolay Pankov က မတ် ၉ ရက်က ပြောကြားခဲ့သည်။ ရုရှားပညာရှင်များသည် ဓာတ်အားပေးဆောင်ရန်အတွက် အသင့်စီစဉ်ထားသည့် ဒီဇယ်ဓါတ်အားပေးစနစ်သို့ ပြောင်းရန် လျင်မြန်စွာ ဆောင်ရွက်ခဲ့သည်။ ရုရှားနှင့် ဘီလာရုဇ်တို့သည် Chernobyl ချာနိုဘိုင်နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ စွမ်းအင်ထောက်ပံ့ရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး Pavel Sorokin က ပြောကြားခဲ့သည်။

—— ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ရုရှားစစ်တပ်သည် ယူကရိန်း၏ စစ်ဘက်အခြေခံအဆောက်အအုံပစ်မှတ် ၂၇၈၆ ခု၊ လေယာဉ် ၈၉ စင်းနှင့် ရဟတ်ယာဉ် ၅၇ စင်းကို ဖျက်စီးနိုင်ခဲ့ရာ ယူကရိန်း၏ စစ်ဘက်အခြေခံအဆောက်အအုံ ၉၀ ရာခိုင်နှုန်းကို ပျက်ပြားစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားစစ်တပ်သည် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၁၃၇ စုံကို ဖျက်ဆီးခဲ့ရာ ယင်းမှာ ယူကရိန်း၏ လက်ရှိ တာလတ်နှင့် တာဝေးပစ် ဒုံးကျည်စနစ်များ၏ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

—— ဥရောပကောင်စီသည် ရုရှားနှင့် ဘီလာရုဇ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို မတ် ၉ ရက်တွင် အတည်ပြုခဲ့သည်။ ပိတ်ဆို့မှုတွင် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ဘီလာရုဇ်ဘဏ် ၃ ခုကို ထုတ်ပယ်မှု ပါဝင်ပြီး ဧပြီ ၁၂ ရက်မှစတင်ကာ ဥရောပရှိ ဘီလာရုဇ်နိုင်ငံပိုင် စတော့ရှယ်ယာဆိုင်ရာ ဝန်ဆောင်မှုများ ပေးဆောင်ခြင်းများ တားမြစ်ထားကြောင်း သိရသည်။ ထို့ပြင် ဥရောပကောင်စီသည် ရုရှားနိုင်ငံသို့ ရေကြောင်းသွားလာမှုဆိုင်ရာ ထုတ်ကုန်များနှင့် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာများ တင်ပို့မှုကိုလည်း တားမြစ်ထားကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)

最新动态:俄谈判代表表示不会就任何一项谈判条款让步 美方称反对北约成员国向乌克兰提供战斗机
2022-03-10 08:09:20 来源: 新华网

新华社北京3月10日电 综合新华社驻外记者报道:俄罗斯代表团谈判代表斯卢茨基9日说,俄代表团不会就任何一项谈判条款向乌克兰方面作出让步。美国国防部发言人约翰·柯比当天表示,美国反对北约成员国向乌克兰提供战斗机。

——俄方谈判代表、国家杜马(议会下院)国际事务委员会主席斯卢茨基9日对俄罗斯媒体说,谈判不是为了公关,而是为了在军事、政治、人道主义等关键问题上达成共识。虽然不易,但俄罗斯代表团不会就任何一项谈判条款让步分毫。

——美国国防部发言人约翰·柯比9日在例行记者会上表示,美国已拒绝波兰通过美国向乌克兰提供米格-29战斗机的方案,且反对北约成员国直接或通过另一成员国向乌克兰提供战斗机,在当前形势下北约向乌克兰提供战斗机具有“高风险”。柯比说,作为替代方案,美国正同盟友和伙伴保持沟通,希望后者根据自身意愿和武器装备情况,向乌克兰提供额外的防空武器系统。

——德国总理朔尔茨9日同到访的加拿大总理特鲁多举行联合记者会时强调,德国会全力向乌克兰提供人道主义援助、经济支持以及装备物资等,但不会向乌克兰提供战斗机。

——俄罗斯总统普京9日同德国总理朔尔茨通电话讨论乌克兰局势。克里姆林宫网站发表声明说,双方讨论了通过政治外交相关努力解决当前局势。普京通报了俄方就建立人道主义通道、组织民众撤离采取的相关措施。

——俄罗斯国防部9日发表声明说,俄方向乌方提出建立10条人道主义通道,但仅有3条通道获得乌方同意。自开展特别军事行动以来,俄方在乌方未参与情况下从相关危险区域内撤出超过17.9万人。

——俄总统新闻秘书佩斯科夫9日在评论乌克兰总统泽连斯基关于“准备就克里米亚和顿巴斯地区地位采取某种折中解决方案”的言论时表示,克里米亚是俄罗斯的地区,需要在事实和法律上予以承认。俄罗斯承认顿涅茨克和卢甘斯克为独立共和国。

——佩斯科夫9日说,俄方将对美国禁止从俄罗斯进口能源进行深入分析,并作出符合自身利益的决定。他指出,西方的敌对野蛮行径使局势变得非常复杂,迫使俄罗斯不得不重新考虑是否继续向对俄发起制裁的国家供应油气。

——俄罗斯国防部副部长潘科夫9日表示,乌克兰民族主义者袭击了为切尔诺贝利核电站供电的电网设备。俄专家已迅速采取措施,改用备用柴油发电机供电。俄能源部副部长索罗金说,俄罗斯与白俄罗斯已就共同恢复为切尔诺贝利核电站供电达成协议。

——俄罗斯国防部发言人科纳申科夫9日表示,自开展特别军事行动以来,俄军已摧毁乌方2786处军事基础设施目标、89架飞机和57架直升机,乌方90%的军用机场已瘫痪。此外,俄军已摧毁乌方137套防空导弹系统,占乌方现有中远程防空导弹系统90%以上。

——欧盟理事会9日批准了对俄罗斯和白俄罗斯的新一轮制裁。具体制裁措施包括将白俄罗斯三家银行排除在环球银行间金融通信协会(SWIFT)系统之外、自今年4月12日起禁止白俄罗斯国有实体在欧盟上市及提供与股票相关服务、大幅限制从白俄罗斯流入欧盟的资金等。欧盟理事会还禁止向俄罗斯出口海上航行产品和无线电通信技术。(参与记者:华迪、李奥、邓仙来、李超、康逸、李骥志)(完)

图说- 这是2012年7月8日在英国费尔福德空军基地英国皇家国际航展上拍摄的波兰米格-29A战斗机。 (新华社发,徐小丹摄)