Connect with us

International Organizations

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို တည့်မတ်စွာရှုမြင်သင့်ကြောင်း တရုတ်ကိုယ်စားလှယ်ပြောကြား

ပဲ့ထိန်းဒုံးကျည်စနစ်တပ်ဆင်ထားသည့် ဗြိတိန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော "Avantgarde"အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) သည် မတ် ၉ ရက်တွင် ဗီယင်နာ၌ အစည်းအဝေး ကျင်းပခဲ့ရာ တရုတ်ဘက်မှ အကြံပြုချက်အရ အစည်းအဝေးတွင် အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော နျူးကလီယားပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် အာမခံမှုကြီးကြပ်ခြင်းစသည့် နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) ဆိုင်ရာ ကိစ္စရပ်ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Wang Qun အဆိုပါအကြောင်း အရာနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ကြား နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်ကို သီးခြားဆွေးနွေးရန်အတွက် ကော်မရှင်ကဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံတကာအသိုက်အဝန်းက ဤကိစ္စရပ်အပေါ် အမြဲအာရုံစိုက်မှုကို ပေါ်လွင်ကြောင်းနှင့် ဤကိစ္စရပ်သည် အေဂျင်စီလုပ်ပိုင်ခွင့်နယ်ပယ်ကျော်လွန်နေသဖြင့် သက်ဆိုင်ရာအစိုးရများမှတစ်ဆင့် ဖြေရှင်းရန်လိုအပ်လာသည်ဟု Wang Qun ကပြောကြားခဲ့သည်။

Wang Qun က အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေးရာတွင် ၎င်း၏ အဓိကကျသောအချက်နှင့် ဖြေရှင်းရန်ခက်ခဲသောအချက်များဖြစ်သည့် နျူးကလီယားပစ္စည်းများ တရားမဝင်လွှဲပြောင်းမှုပါဝင်ခြင်းရှိမရှိကို အာရုံစိုက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် NPT စာချုပ်၏ ပြည့်စုံမှု၊ ထိရောက်မှု၊ အခွင့်အာဏာရှိမှုအပြင် အေဂျင်စီအဖွဲ့ဝင်နိုင်ငံအားလုံး၏ အကျိုးစီးပွားများနှင့်လည်း သက်ဆိုင်ရာ သုံးနိုင်ငံမှ ဘက်စုံ ဖြေရှင်းရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သုံးနိုင်ငံ၏နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုတွင် နျူကလီယားလက်နက်ပစ္စည်းများတရားမဝင်လွှဲပြောင်းခြင်းပါဝင်ပါက သုံးနိုင်ငံ၏လုပ်ရပ်များသည် NPT စာချုပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံတကာနျူကလီးယားမပြန့်ပွားရေးစနစ်ကို ပျက်ပြားစေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတည်ငြိမ်မှုနှင့် နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း Wang Qunက ထောက်ပြခဲ့သည်။ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် ဤပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်း အပြီးအပိုင် စွန့်လွှတ်ရမည်ဖြစ်သည်။ အကယ်၍ သုံးနိုင်ငံသည် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စွန့်လွှတ်ရန် ငြင်းဆိုပါက အေဂျင်စီ၏ အဖွဲ့ဝင်နိုင်ငံများသည် သက်ဆိုင်ရာ အစိုးရအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ဆက်လက်မြှင့်တင်ရန်နှင့် NPT ၏ အခွင့်အာဏာရှိမှု၊ ထိရောက်မှုနှင့် လေးနက်မှုကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်သည့် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းရန် တရုတ်က အကြံပြုခဲ့ပြီး သက်ဆိုင်ရာ ကော်မရှင်နှင့် အထွေထွေညီလာခံသို့ အကြံပြုချက်အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း Wang Qun က ပြောကြားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ သဘောတူညီမှုနှင့် သင့်လျော်သောဖြေရှင်းချက် မရရှိသေးသရွေ့ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်သင့်ကြောင်းနှင့် အေဂျင်စီအတွင်းရေးမှူးရုံး၏ ခွင့်ပြုချက်မရှိဘဲ သုံးနိုင်ငံနှင့် နျူးကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု အကာအကွယ်ပေးရေး အစီအစဉ်ကို ဆွေးနွေးခြင်းမပြုရန်လိုအပ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

Wang Qun က IAEA အဖွဲ့ဝင်နိုင်ငံအားလုံးအား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ကြား နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကပြဿနာများကို အာရုံစိုက်ရန်၊ အမှန်တရားကို ရှာဖွေရန်နှင့်သင့်လျော်သောဖြေရှင်းမှုနည်းလမ်းရှာဖွေရန် လက်တွေ့ကျသောလုပ်ဆောင်ချက်များဖြင့် နိုင်ငံတကာနျူကလီးယားမပြန့်ပွားရေးနှင့် နိုင်ငံတကာတည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
(国际)中国代表:美英澳必须正视国际社会对其核潜艇合作及核扩散风险的关切

新华社维也纳3月9日电国际原子能机构理事会会议9日在维也纳举行。在中方主张下,会议以单独正式议题形式,专门讨论“美英澳核潜艇合作所涉核材料转让及其保障监督等影响《不扩散核武器条约》(NPT)各方面的问题”。中国常驻维也纳联合国代表王群在该议题下作正式发言。

王群表示,此次理事会以协商一致方式再次决定设置单独正式议题,专门讨论美英澳核潜艇合作问题,体现了国际社会和理事会广大成员对此事的持续关切,也说明此事超出机构秘书处现有授权范畴,必须通过相关政府间进程处理。

王群指出,讨论美英澳核潜艇合作问题,最重要的是要聚焦其核心和症结,也就是上述合作是不是涉及核武器材料的非法转让。这事关NPT的完整性、有效性和权威性,关系到机构全体成员国利益,对此三国必须明确作出澄清。

王群指出,如果三国核潜艇合作确实涉及非法转让核武器材料,那三国的行径将公然、直接违反和挑战NPT,损害国际核不扩散体系、破坏全球战略稳定和国际安全秩序。美英澳必须立即、彻底放弃这一合作。如果三国拒不放弃相关合作,机构成员国有权利、有责任继续推进相关政府间讨论进程,寻求解决方案,以维护NPT权威和有效性、维护机构保障监督体系的严肃性。

王群说,此前,中方已建议成立所有成员国均可参加的特别委员会,继续就此问题进行深入讨论,并向机构理事会和大会提交建议报告。在各方达成共识找到妥善解决方案前,美英澳三国不应开展核潜艇相关合作,机构秘书处也不应擅自与三国谈判针对美英澳核潜艇合作的保障监督安排。

王群呼吁国际原子能机构所有成员国继续通过政府间进程,就美英澳三国核潜艇合作问题开展实质性讨论并予以处理,聚焦核心问题,弄清事实真相,探寻解决方案,以实际行动捍卫NPT,共同维护国际核不扩散体系,维护国际和平与安全。(完)