Connect with us

Europe

ဥတုရာသီပြောင်းလဲမှုက အရှေ့အန္တာတိက ရေခဲလွှာအရည်ပျော်မှု ပို၍ မြန်ဆန်လာနိုင်

ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း ဒစ်ကိုပင်လယ်အော်တွင် ရေပေါ်မျောနေသော ရေခဲတောင်နံဘေးမှ ရေယာဉ်တစ်စီး ဖြတ်သန်းသွားသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ဘာရာ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပဲရစ်သဘောတူညီချက် ရည်မှန်းချက်များ ပြည့်မီခြင်းမရှိပါက အရှေ့အန္တာတိက ရေခဲလွှာသည် ဥတုရာသီပြောင်းလဲမှုဒဏ်ကြောင့် အရည်ပျော်မှု ပို၍ မြန်ဆန်လာနိုင်ရာ ၂၅၀၀ ပြည့်နှစ်တွင် ပင်လယ် ရေမျက်နှာပြင်မှာ ၂ မီတာမှ ၅ မီတာခန့်အထိ မြင့်တက်လာနိုင်ကြောင်း Australian National University (ANU) မှ သုတေသီများ ပါဝင်သည့် နိုင်ငံတကာသုတေသနအဖွဲ့က ခန့်မှန်းထားသည်ဟု ယင်းတက္ကသိုလ်၏ ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အရှေ့အန္တာတိက ရေခဲလွှာသည် ကမ္ဘာ့အကြီးဆုံးရေခဲလွှာဖြစ်ရာ ကမ္ဘာပေါ်ရှိ ရေခဲမြစ်အများစု၏ရေခဲများနှင့် သက်ဆိုင်သည်။ Australian National University (ANU) နှင့် King’s College London(KCL) စသည့် ဌာနများမှ သုတေသီများက အရှေ့အန္တာတိက ရေခဲလွှာ ဥတုရာသီပြောင်းလဲခြင်း၏ သက်ရောက်မှုတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၏အန္တရာယ်ဆိုင်ရာ သုတေသနလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘာတစ်ဝန်းအပူချိန်မြင့်တက်မှုသည် စက်မှုအသွင်ပြောင်းလဲမှုမတိုင်မီနှင့်နှိုင်းယှဉ်လျှင် ၂ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းမည်ဆိုပါက ၂၅၀၀ ပြည့်နှစ်တွင် အရှေ့ အန္တာတိကရေခဲလွှာသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု ၀.၅ မီတာပင်ရှိတော့မည်မဟုတ်ဟု နောက်ဆုံး သုတေသနများက ခန့်မှန်းထားသည်။ သို့သော် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု မြင့်မားခြင်းကြောင့် ယခုရာစုနှစ်တွင် ကမ္ဘာ့အပူချိန်မြင့်တက်မှုက ၂ ဒီဂရီ စင်တီဂရိတ်ကျော် မြင့်လာမည်ဆိုပါက အရှေ့အန္တာတိက ရေခဲလွှာ အရည်ပျော်မှုမှာ ပို၍ မြန်ဆန်လာမည် ဖြစ်ရာ ၂၃၀၀ ပြည့်နှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၁ မီတာမှ ၃ မီတာ ခန့်သို့ လည်းကောင်း၊ ၂၅၀၀ ပြည့်နှစ်တွင် ၂ မီတာ မှ ၅ မီတာ ခန့်သို့ လည်းကောင်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

ပဲရစ်သဘောတူညီချက်၏ ရည်မှန်းချက်သည် ယခုရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်မြင့်တက်မှုကို စက်မှုအသွင်ပြောင်းလဲမှုမတိုင်မီနှင့်နှိုင်းယှဉ်ပါက ၂ ဒီဂရီ စင်တီဂရိတ်အောက်သို့ လျှော့ချနိုင်ရန်နှင့် အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ အကယ်၍နိုင်ငံအသီးသီးက ပဲရစ်သဘောတူညီချက် ဥတုရာသီဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိပါက “အိပ်မောကျနေသည့် ဧရာမလူသား”ကို လှုပ်နှိုးရာရောက်လိမ့်မည် ဖြစ်ကြောင်း သုတေသီများက သတိပေးထားသည်။

အဆိုပါသုတေသနတွင် စာတမ်းပူးတွဲပြုစုသူ ၊ Australian National University (ANU) ကမ္ဘာဂြိုဟ်သိပ္ပံကျောင်း မှ Nerilie Abram က အရှေ့အန္တာတိက ရေခဲလွှာသည် အန္တာတိက အနောက်ဘက်ရေခဲလွှာထက် ၁၀ ဆ ကြီးမားရာ ဥတုရာသီပြောင်းလဲနွေးထွေးလာမှုအပေါ်တွင် အလွန်ထိလွယ်ရှလွယ်ဖြစ်ရာ လူအများထင်မြင်ထားသလို တည်ငြိမ်မှုမရှိကြောင်း ပြောခဲ့သည်။

တစ်ကမ္ဘာလုံးက ပဲရစ်သဘောတူညီချက် ကတိကဝတ်များကို အကောင်အထည်ဖော်၍ အားကောင်းစွာ ဆောင်ရွက်နိုင်မည်ဆိုလျှင် ဤကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ရေခဲလွှာကို ကာကွယ်နိုင်ရုံသာမက ဂရင်းလန်းကျွန်းနှင့် အန္တာတိကအနောက်ပိုင်း စသည့် ကမ္ဘာကြီးနွေးထွေးလာမှုကြောင့် အဓိက ရေခဲအရည်ပျော်လာမှုကို နှေးကွေးစေနိုင်မည် ဖြစ်ကြောင်း Nerilie Abram က ဆိုသည်။ (Xinhua)
………………………………………………..

(Chinese Version)

(科技)新研究:气候变化可能导致东南极冰盖加快融化
2022-08-12 10:21:39 分类: 科学技术
新华社堪培拉8月12日电(记者岳东兴)澳大利亚国立大学11日发布公报说,该校科研人员参与的一个国际团队预测,若《巴黎协定》目标未能达成,东南极冰盖会因气候变化影响而加快融化,到2500年可能导致海平面上升约2到5米。相关论文已发表在英国《自然》杂志上。
公报说,东南极冰盖是世界最大的冰盖,拥有地球上绝大部分的冰川冰。澳大利亚国立大学和英国伦敦国王学院等机构的研究人员就东南极冰盖在气候变化的影响下导致海平面上升的风险展开研究。
新研究预测,若全球温度升幅与工业化前相比远低于2摄氏度,到2500年东南极冰盖将使海平面上升不到半米。但如果由于温室气体排放量高,本世纪全球温度升幅超过2摄氏度,那么东南极冰盖会加快融化,到2300年可能导致海平面上升约1到3米,到2500年上升约2到5米。
《巴黎协定》的目标是在本世纪内将全球温度升幅与工业化前相比控制在2摄氏度以内,并为把升温控制在1.5摄氏度之内而努力。研究人员警告说,如果各国未能实现《巴黎协定》的气候目标,就有可能唤醒“沉睡的巨人”。
该研究共同作者、澳大利亚国立大学地球科学学院的内丽莱•艾布拉姆说,东南极冰盖比南极西部(的冰盖)大10倍,它对相对缓和的气候变暖也“高度敏感”,并不像人们想象的那样稳定。
艾布拉姆说,全球如能实现和强化对《巴黎协定》的承诺,不仅可以保护这一世界最大的冰盖,还可以减缓格陵兰岛和南极西部等更容易受到全球变暖影响的主要冰盖融化。(完)

1. 6月28日,在丹麦格陵兰岛迪斯科湾,一艘船驶过漂浮的冰山。 新华社/法新