Connect with us

Europe

ပူတင်က နိုင်ငံပြင်ပ စစ်ရေးလှုပ်ရှားမှုအတွင်း အထူးစီးပွားရေးစီမံမှုများ လုပ်ဆောင်ရန် ခွင့်ပြုသည့် ဥပဒေကို လက်မှတ်ရေးထိုး

ဘီလာရုဇ်နိုင်ငံ ဘရပ်တ်ပြည်နယ်တွင် ကျင်းပသည့် ရုရှား-ဘီလာရုဇ် “အနောက်ပိုင်း-၂၀၂၁” ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုများအား စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အစိုးရအနေဖြင့် ရုရှားစစ်တပ်များ နိုင်ငံပြင်ပစစ်ရေးလှုပ်ရှားမှုအတွင်း အထူးစီးပွားရေးစီမံမှုများလုပ်ဆောင်နိုင်သည့် ခွင့်ပြုချက်ကို သမ္မတ ပူတင်က ဇူလိုင် ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားဥပဒေရေးရာ ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် အထောက်အထားများအရ သိရသည်။

အဆိုပါ အထောက်အထားပါ သတ်မှတ်ချက်အရ ရုရှား စစ်တပ်အင်အား၊ စစ်ဘက်ဆိုင်ရာ ဌာန၊အဖွဲ့အစည်းစသည်တို့အနေဖြင့် နိုင်ငံပြင်ပ၌ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အခြားလှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် အာမခံမှုရှိစေရန် ရုရှားအစိုးရက အထူးစီးပွားရေးစီမံဆောင်ရွက်မှုအဖြစ် ၎င်းအတွက် ရန်ပုံငွေနှင့် အ‌ထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အနီးကပ် ပြန်လည် စုရုံးစတင်ခြင်း၊ နိုင်ငံ၏ အရန်သိုလှောင်ထားသော အထောက်အပံ့ပစ္စည်းများ ခွဲဝေပေးခြင်း၊ သက်ဆိုင်ရာဝန်ထမ်းများ၏ အလုပ်လုပ်ချိန် တိုးမြှင့်ခြင်းနှင့် ညချိန်အလုပ်လုပ်ခြင်း၊ နားရက်နှင့် အားလပ်ရက်ကာလအတွင်း တာဝန်ထမ်းဆောင်ခြင်းစသည်တို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
普京签署允许在境外开展军事行动时采取特别经济措施的法律
新华社莫斯科7月14日电根据俄罗斯法律信息网14日发布的文件,俄总统普京当天签署一项法律,允许俄政府在俄武装力量境外开展行动时采取特别经济措施。
文件规定,为保障俄武装力量、军事组织和机构等在境外开展反恐及其他行动,俄政府有权采取特别经济措施为其拨款并提供物资保障,临时恢复动员生产,分配国家储备物资,延长相关人员工作时长并要求其在夜间、休息日和节假日期间工作等。(完)
图说- 这是9月12日在白俄罗斯布列斯特州拍摄的俄白“西部-2021”联合战略演习现场。 新华社发(任科夫 摄)