Connect with us

Europe

ရုရှားရှိ ဘောလ်တစ်သုံးနိုင်ငံ ကောင်စစ်ဝန်ရုံးများ၏ အလုပ်လုပ်ခွင့်ပါမစ်ကို ရုရှားဖျက်သိမ်း ၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့က ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်

ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဒီဇင်ဘာ ၂၁ ရက်တွင် မော်စကို၌ ကျင်းပသည့် အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ရုရှနိုင်ငံဆိုင်ရာ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် လစ်သူယေးနီးယားနိုင်ငံ ကောင်စစ်ဝန်ရုံးများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ရုရှားနိုင်ငံက ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့က ထိုနေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်ခဲ့ကြောင်းနှင့် ယူကရိန်းဘက်မှဖမ်းဆီးခံရသူ ၁၉ ဦးလွတ်မြောက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Irina Vereshchuk က ဧပြီ ၂၁ ရက်တွင် လူမှုကွန်ရက်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

——လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် လစ်သူယေးနီးယားသုံးနိုင်ငံက ၎င်းတို့နိုင်ငံ အချို့မြို့များရှိ ရုရှား ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ပိတ်လိုက်သည့်အပြင် သုံးနိုင်ငံအစိုးရမှ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုးနေခြင်းကြောင့် လက်တုံ့ပြန်အနေဖြင့် ရုရှားက စိန့်ပီတာစဘတ်မြို့ရှိ သုံးနိုင်ငံ ကောင်စစ်ဝန်ရုံးချုပ်၊ Pskov ရှိ လတ်ဗီးယားနိုင်ငံကောင်စစ်ဝန်ရုံးနှင့် Pskov ရှိ အက်စ်တိုးနီးယားနိုင်ငံကောင်စစ်ဝန်ရုံးတို့၏ အလုပ်လုပ်ပိုင်ခွင့်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

——ထိုနေ့တွင် ရုရှားတပ်ဖွဲ့သည် ယူကရိန်းစစ်ဘက်ဆိုင်ရာပစ်မှတ် ၆၄ ခုကို ဖျက်ဆီးခဲ့ပြီး ရုရှားဒုံးကျည်များနှင့် အမြောက်တပ်မက ယူကရိန်း စစ်ဘက်ဆိုင်ရာပစ်မှတ် ၄၅၀ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က ဧပြီ ၂၁ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၀ စီး၊ ရဟတ်ယာဉ် ၁၀၆ စင်း၊ မောင်းသူမဲ့လေယာဉ် ၅၁၂ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅၄ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၄၂၂ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၂၆၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၀၅၁ လက်၊ စစ်ဘက်သုံးအထူးယာဥ် ၂,၂၇၄ စီး ရှိပြီဖြစ်ကြောင်း သိရသည်။

—— ယူကရိန်းနှင့် ရုရှားတို့က ဧပြီ ၂၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်ခဲ့ရာ ယူကရိန်း စစ်သား ၁၀ ဦးနှင့် အရပ်သား ၉ ဦး အပါအဝင် ယူကရိန်းဘက်မှဖမ်းဆီးခံရသူ ၁၉ ဦးလွတ်မြောက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ဒဏ်ရာရရှိသူရှိပြီး ၎င်းတို့ကို ဆေးကုသပေးသွားမည်ဖြစ်ကြောင်း Vereshchuk က ဆိုသည်။

ရုရှားမှ အမြောက်ဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထိုနေ့တွင် မာရီယူပိုးလ်၌ ဖွင့်လှစ်ရန် စီစဉ်ထားသော လူသားချင်း စာနာထောက်ထားမှု လမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် Vereshchuk က Mariupol ရှိ အရပ်သားများနှင့် ဒဏ်ရာရရှိသော စစ်သားများကို ရွှေ့ပြောင်းနိုင်ရန် Azovstal သံမဏိစက်ရုံတွင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ခြင်းကို ရုရှားမှသဘောတူရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

—— ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၁ ရက်တွင် ကိဗ်သို့အလည်အပတ်ရောက်ရှိနေသည့် စပိန်ဝန်ကြီးချုပ် Pedro Sanchez နှင့် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen တို့နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့က ယူကရိန်းကာကွယ်ရေးအင်အား တိုးမြှင့်ရေး၊ စစ်ပွဲအပြီးယူကရိန်း ပြန်လည်တည်ဆောက်ရေးနှင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံး ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်ထားသည်။ ဆွေးနွေးမှုတွင် နိုင်ငံအသီးသီးက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရန် စပိန်မှထောက်ခံကြောင်း Sanchez က ပြောကြားခဲ့သည်။

စစ်ပွဲအပြီး ယူကရိန်းနိုင်ငံတောင်ပိုင်းမြို့ မီကိုလိုင်ဗ်မြို့ ပြန်လည်တည်ဆောက်ရေးတွင် ဒိန်းမတ်နိုင်ငံမှ ပါဝင်ရန်ဆန္ဒရှိကြောင်း Frederiksen က ပြောကြားခဲ့သည်။

—— ပေါ်တူဂီနိုင်ငံအနေဖြင့် “လက်နက်ကြီးများ” ပေးပို့ရန်နှင့် ရုရှားနိုင်ငံအား စွမ်းအင်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ အားကောင်းစွာ လုပ်ဆောင်ရန် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ပေါ်တူဂီ လွှတ်တော်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(Chinese Version)

(乌克兰局势)最新动态:俄撤销波罗的海三国驻俄多家领事机构工作许可 乌俄再次交换被扣押人员
新华社北京4月22日电综合新华社驻外记者报道:俄罗斯外交部21日发表声明说,俄方决定撤销拉脱维亚、爱沙尼亚和立陶宛驻俄多家领事机构的工作许可。乌克兰副总理韦列修克21日在社交媒体发文称,当天乌俄两国再次交换被扣押人员,共有19名乌方人员获释。
——俄罗斯外交部21日发表声明说,由于拉脱维亚、爱沙尼亚和立陶宛三国此前关闭了俄罗斯驻这些国家部分城市的总领馆及领事处,根据对等原则,同时考虑到三国政府向乌克兰提供了军事援助,俄方决定撤销三国驻圣彼得堡总领事馆、拉脱维亚驻普斯科夫领事馆、爱沙尼亚驻普斯科夫领事办的工作许可。
——俄罗斯国防部发言人科纳申科夫21日晚在新闻发布会上通报说,当天,俄空天军共摧毁64处乌克兰军事目标,俄导弹和炮兵部队打击了450处乌军事目标。自开展特别军事行动以来,俄军共摧毁乌军140架飞机、106架直升机、512架无人机、254套防空导弹系统、2422辆坦克和其他装甲车辆、266台多管火箭炮、1051门野战火炮和迫击炮、2274辆特种军用车辆。
——韦列修克说,乌俄两国21日再次交换被扣押人员,共有19名乌方人员获释,其中包括10名军人和9名平民,他们中有人受伤,受伤人员将接受医治。韦列修克说,由于俄方持续炮击,计划当天在马里乌波尔市开通的人道主义通道未能开通。此前,韦列修克曾呼吁俄方同意当天在马里乌波尔市亚速钢铁厂开辟一条紧急人道主义通道,以疏散那里的平民和受伤士兵。
——据乌克兰总统网站报道,乌总统泽连斯基21日在基辅与到访的西班牙首相桑切斯、丹麦首相弗雷泽里克森举行了会晤,各方就增强乌克兰防御能力、乌战后重建以及加入欧盟前景等问题进行了讨论。会晤中,各方同意在对俄制裁施压方面继续积极协作。桑切斯表示,西班牙支持乌克兰加入欧盟。弗雷泽里克森表示,丹方愿意参与乌南部城市尼古拉耶夫市的战后重建工作。
——泽连斯基21日向葡萄牙议会发表视频演讲时,呼吁葡方向乌克兰提供重型武器、继续制裁俄能源业和金融业。(参与记者:李东旭、李铭、温新年、华迪、黄河)(完)