Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

ကွမ်ကျိုး၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbockနှင့် မေ ၂၄ ရက်တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-ဂျာမနီ သံတမန်ဆက်ဆံရေး ထူတောင်ခြင်း နှစ်(၅၀)ပြည့် နှစ်ပတ်လည်ဖြစ်ရာ ရှေးအစဉ်အလာ ဆက်ခံ၍အနာဂတ်လမ်း သစ်ဖွင့်လှစ်ကြမည့် လေးနက်သောအနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ပေါင်း (၅၀) ကာလအတွင်း နှစ်နိုင်ငံက ကွဲပြားမှုများအားဖယ်ထားပြီး တူညီမှုများကိုရှာဖွေကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် အတွေးအမြင်ဖြင့် နယ်ပယ်အသီးသီးတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ကာ ယနေ့ကမ္ဘာအတွက် အရေးကြီးသော တည်ငြိမ်မှုအကြောင်းအရင်းကို ထောက်ပံ့ပေးခဲ့သည်။ တရုတ်-ဂျာမနီ၏ ကျန်းမာတည်ငြိမ်သော ဆက်ဆံရေးက နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေး၊တည်ငြိမ်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေးတို့တွင် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်ရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် အစိုးရဆွေးနွေးညှိနှိုင်းမှု ယန္တရားကို ကောင်းမွန်စွာ အသုံးချကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အားအင်သစ်များဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ဝမ်ရိက‌ ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ်(၅၀) ပြည့် နှစ်ပတ်လည်အခမ်းအနားအတွက် မဟာဗျူဟာ လုံခြုံရေး၊ ဘဏ္ဍာရေးနှင့် လူသားဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲများကို တွန်းအားပေးလုပ်ဆောင်ကာ ဒေသတွင်း၊လူငယ်လူရွယ်၊ ပညာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်မှုများကို အားကောင်းလာစေရန် လုပ်ဆောင်ရမည့်အပြင် နှစ်နိုင်ငံဆက်ဆံရေး၏ လူမှုရေးနှင့် ပြည်သူဆန္ဒ အခြေခံကို ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ် ၅၀ ကာလအတွင်း တရုတ်-ဂျာမနီ နှစ်နိုင်ငံသည် အချင်းချင်း အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့ကြပြီး နှစ်ဖက်စလုံးမှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်းနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဂျာမနီ ဆက်ဆံရေး၏ “အခြေခံ”ဖြစ်ကြောင်း ဝမ်ရိကဆိုသည်။ တရုတ်နိုင်ငံသည် ဂျာမနီ၏ ၆ နှစ်ဆက်တိုက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ဂျာမနီကလည်း တရုတ်နိုင်ငံ၏ ဥရောပရှိ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနှင့် အစဉ်အလာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်သည့်တစ်ချိန်တည်းတွင် ညဏ်ရည်တု ထုတ်လုပ်ခြင်း၊ သတင်းအချက်အလက်၊ စွမ်းအင်သစ်မော်တော်ယာဉ်စသည့် ထွန်းသစ်စနယ်ပယ်များတွင် တိုးချဲ့ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်ချေအသစ်များ ဖန်တီးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဂျာမနီ၏ အရေးကြီးသော မိတ်ဖက်နိုင်ငံဖြစ်ရာ လက်ရှိတွင် ဂျာမနီက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး မဟာဗျူဟာသစ်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်းနှင့် ဆွေးနွေးဖက်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည်က နှစ်နိုင်ငံဆက်ဆံရေး ထပ်ဆင့်ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း Baerbock ကပြောကြားခဲ့သည်။ လာမည့်အစိုးရ ဆွေးနွေးပွဲများအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားရန်၊ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာ ဌာနအချင်းချင်း အပြန်အလှန် ဆက်ဆံမှုများ ဆက်လက်ထားရှိရန်၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး၊ ဥတုရာသီပြောင်းလဲမှု၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် လုပ်ဆောင်ရမည့်အပြင် နှစ်ဖက်အကြား ပြိုင်ဆိုင်ဖက်ဆက်ဆံရေးကို ကောင်းမွန်စွာ ကိုင်တွယ်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်မှုအဆင့်အသီးသီးတွင်ရှိနေရာ စီးပွားရေးတွင် အားသာချက် အပြန်အလှန် ဖြည့်ဆည်းပေးပြီး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိက အခြေခံဖြစ်သလို ပြိုင်ဆိုင်မှုများလည်း နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်တက်လာစေမည့် ကျန်းမာပြီးစနစ်ကျသည့် အခြေအနေဖြစ်သင့်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ ဂျာမနီ၏ တရုတ်မဟာဗျူဟာသစ်သည် အပြုသဘောဆောင်၍ လက်တွေ့ကျမှုကို ဆက်လက်ထိန်းသိမ်းပြီး အပြုသဘောဆောင်သော မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးကာ လာမည့်နှစ်ပေါင်း ၅၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် တွန်းအားပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးမှ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများအပေါ် အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ ဝမ်ရိက တရုတ်-ဂျာမနီတို့က ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးခံစားသူဖြစ်သလို အကျိုးဆောင်သူလည်းဖြစ်ကြောင်းနှင့် ကွင်းဆက်မှ ခွဲထုတ်ခြင်းက နှစ်နိုင်ငံနှင့် နိုင်ငံအသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ပထဝီဝင်နိုင်ငံရေး အကျပ်အတည်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေရာ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်လာရန် အားနည်းနေသလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများလည်း ရှုပ်ထွေးပြီး အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်။ တရုတ်နှင့် ဂျာမနီတို့သည် အဓိကနိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို ထပ်ဆင့်တိုးမြင့်ကာ ကမ္ဘာအတွက် တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များကို ပိုမိုဖြည့်တင်းပေးသင့်သည်။ နှစ်နိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံစုံမူဝါဒကို အတိအလင်းကာကွယ်ကာ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တွန်းအားပေးပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူ၊ နိုင်ငံတကာ ဥပဒေများကို အခြေခံသည့် နိုင်ငံတကာ ဆက်ဆံရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဂျာမနီသည် နိုင်ငံစုံဝါဒကို ထောက်ခံပြီး ဥရောပ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Baerbock က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့က ယူကရိန်းအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော စားနပ်ရိက္ခာပြဿနာအပေါ် အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာမြေ ၉ ရာခိုင်နှုန်း နေရာအကျယ်အဝန်းဖြင့် တစ်ကမ္ဘာလုံးလူဦးရေ၏ ငါးပုံတစ်ပုံကို ရှင်သန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းက ကမ္ဘာအတွက် အဓိကပံ့ပိုးမှုပင်ဖြစ်ကြောင်း ဝမ်ရီက အလေးထားပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံက ကူညီရန် အလိုအပ်ဆုံးနိုင်ငံများအတွက် အရေးပေါ် စားနပ်ရိက္ခာပေးပို့ဖြင့် အဓိကနိုင်ငံကြီး၏ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းမှ အာရုံစိုက်ဂရုပြုသည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံက မည်သည့်အခါမှ ပျက်ကွက်ခြင်း မရှိခဲ့ကြောင်း၊ လက်ရှိအခြေအနေအောက်တွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စောလျဉ်းစွာ အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးလုပ်ဆောင်သင့်ပြီး ရုရှားနှင့် ယူကရိန်း စားနပ်ရိက္ခာတင်ပို့မှုအတွက် အစိမ်းရောင်လမ်းကြောင်းထောက်ပံ့သင့်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့် ဆက်သွယ်မှုများ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အာဖဂန်အရေးနှင့် ပတ်သက်၍ အမြင်သဘောထားချင်းလည်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)

王毅同德国外长贝尔伯克举行视频会晤
新华社广州5月24日电(记者徐弘毅)5月24日,国务委员兼外长王毅应约同德国外长贝尔伯克举行视频会晤。
王毅说,今年是中德建交50周年,具有承前启后的重要意义。50年来,我们走过了一条不平凡道路,两国秉持求同存异、互利共赢理念,各领域合作不断深化,双方建立了全方位战略伙伴关系,成为当今世界的重要稳定因素。中德关系保持健康稳定发展符合双方利益,也有利于两国为维护世界的和平、稳定和发展发挥积极作用。
王毅表示,双方要用好政府磋商机制,不断为这一“超级发动机”注入新燃料,为双边关系增添新动力。要筹备好建交50周年活动,推进战略、安全、财金和人文高级别对话,加强民间、地方、青年、教育、文化友好交流,夯实两国关系的社会和民意基础。
王毅表示,50年来,中德两国深度参与对方发展并都从中受益,务实合作始终是中德关系的“底色”。中国连续6年成为德国最大的贸易伙伴,德国是中国在欧洲最大的贸易伙伴。中方愿同德方在深化传统领域合作的同时,拓展智能制造、信息通讯、服务贸易、新能源汽车等新兴领域合作,为两国经济发展创造新的增长点。
贝尔伯克表示,中国是德国的重要合作伙伴,德方正在制订新的对华战略,期待以建交50周年为契机,推动两国关系进一步发展。愿筹备好下一轮双方政府磋商,同中方保持各层级互访,加强环境治理、气候变化、抗疫等各领域合作,便利人员往来。同时双方也应处理好竞争关系。
王毅强调,中德发展阶段不同,双方经济高度互补,合作始终是双边交往基调,竞争也应良性有序,带动各自加快发展。希望德方新的对华战略保持积极务实、带来正面预期,推动双边关系下一个50年取得更大发展。
双方就全球议题交换了意见。王毅说,中德都是全球化的受益者和贡献者,脱钩断链的鼓噪不符合双方和各国利益。当前,地缘危机持续演进,新冠肺炎疫情延宕不绝,世界经济复苏乏力,全球性挑战复杂紧迫。中德作为两个大国应进一步加强战略沟通,形成合力,为世界注入更多稳定性和正能量。双方尤其应旗帜鲜明地捍卫真正的多边主义,推动国际关系民主化,维护联合国宪章宗旨原则和以国际法为基础的国际关系基本准则。贝尔伯克表示,德方支持多边主义,坚定致力于加强欧洲战略自主。
双方就乌克兰危机外溢带来的粮食问题交换了意见。王毅强调,中国用不足全球9%的土地养活了全世界五分之一的人口,本身就是对世界的重大贡献。同时,中国展现大国担当,不间断地向最需要国家提供紧急粮食援助。在国际社会关心的重大问题上,中国从不会缺席。当前形势下,国际社会应推动尽快停火,为俄乌粮食出口提供绿色通道,中方愿同各方保持沟通。
双方还就阿富汗问题等交换了意见。(完)
王毅同德国外长贝尔伯克举行视频会晤
5月24日,国务委员兼外长王毅应约同德国外长贝尔伯克举行视频会晤。
新华社记者 邓华 摄