Connect with us

Europe

အဓိကရုဏ်းများကို တားဆီးပြီး တိုင်းပြည် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်ရန် ပြင်သစ်သမ္မတ တောင်းဆို

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မြောက်ဘက် Aubervilliers မြို့ ဘတ်စ်ကားဂိတ်တွင် မီးရှို့ဖျက်ဆီးခံထားရသော ဘတ်စ်ကားအား ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တိုင်းပြည် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ရန် ပြင်သစ်သမ္မတ မက်ခရွန်က ဇူလိုင် ၂ ရက် ညပိုင်းတွင် အစည်းအဝေးခေါ်၍ တောင်းဆိုခဲ့သည်။ ယင်းနေ့ညပိုင်းတွင် ပြင်သစ်နိုင်ငံ မြို့အချို့၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြည့်မည်ဆိုလျှင် အဓိကရုဏ်းဖြစ်ပွားမှုများသည် ပြီးခဲ့သည့်ရက်များက ဖြစ်ပွားခဲ့သော အခြေအနေထက် လျော့နည်းလာသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ လမ်းမတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

သမ္မတ မက်ခရွန်သည် ပြင်သစ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအများအပြားကို ယင်းနေ့ညပိုင်းက သမ္မတ အိမ်တော် Élysée နန်းတော်သို့ ခေါ်ယူ၍ နောက်ဆုံးအခြေအနေများကို လေ့လာခဲ့သည်။ တိုင်းပြည်ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်ရန်၊ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ရန် အစိုးရကို ၎င်းက တောင်းဆိုခဲ့သည်။

မက်ခရွန်က ဇူလိုင် ၃ ရက်တွင် ပြင်သစ် အောက်လွှတ်တော် ဥက္ကဋ္ဌ Yaël Braun-Pivet ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Gérard Larcherတို့နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် အဓိကရုဏ်းဖြစ်ပွားမှုဒဏ် ဆိုးဝါးစွာ ခံခဲ့ရသော မြို့၊မြို့နယ် ၂၂၀ ကျော်၏ တာဝန်ခံများကို တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmaninက ဇူလိုင် ၂ ရက် ညပိုင်းတွင် တစ်နိုင်ငံလုံး၌ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၄၅,၀၀၀ ဖြန့်ကျက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဇူလိုင် ၂ ရက် ၂၃ နာရီ ၃၀ မိနစ် အထိ ၊ ယင်းနေ့ညတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသူ ၄၉ ဦး ရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့်ရက်များနှင့်နှိုင်းယှဉ်ပါက အဓိရုဏ်းအခြေအနေ သိသိသာသာ လျော့နည်းလာကြောင်း၊ မြို့အများအပြားတွင် ညပိုင်း၌ တည်ငြိမ်မှုပြန်လည် ရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဇွန် ၂၇ ရက်က ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးကို တားဆီးစဉ် သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနေသည့် အသက် ၁၇ အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ရပ်သည် ပြင်သစ်နိုင်ငံ အလွှာအသီးသီးက ပြင်းပြင်းထန်ထန် တုန့်ပြန်မှုများ ဖြစ်ပွားစေခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)

法国总统要求政府尽快制止骚乱恢复国家秩序
新华社巴黎7月3日电(记者唐霁)法国总统马克龙2日晚召开会议,要求政府尽一切努力恢复国家秩序。当晚,法国部分城市仍有冲突,但从全国范围看,骚乱程度与前几天相比明显下降。
马克龙当晚在总统府爱丽舍宫召集法国总理和多名部长,研究局势最新进展。他要求政府尽一切努力恢复国家秩序,确保局势尽快恢复平静。
据法国媒体报道,马克龙将于3日分别会见法国国民议会议长娅埃尔•布朗-皮韦和参议院议长拉尔歇,4日会见受到骚乱严重影响的220多个市镇的负责人。
法国内政部长达尔马宁宣布,2日晚在全国部署了4.5万名警察和宪兵应对骚乱。据法国内政部统计,截至2日23时30分,警方当晚在全国逮捕了49人,和前几天相比,骚乱程度明显下降,很多城市夜间都恢复了平静。
6月27日,在法国上塞纳省楠泰尔市,一名警员截停一辆汽车时开枪,驾车的17岁少年身亡。这一事件引起法国各界强烈反应。28日晚开始,法国多个城市持续出现不同程度的骚乱。
6月30日,在法国巴黎以北的欧贝维利耶一处公交总站,公交车被示威者焚毁。(新华社记者高静摄)
7月2日晚间,警察在法国巴黎香榭丽舍大道上封路巡逻。(新华社记者高静摄)