Connect with us

Europe

ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျ သေဆုံးမှုကို ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ အတည်ပြု

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်သည့်ဓါတ်ပုံ၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားသော နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဩဂုတ်လ ၂၃ ရက်က Tver ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်မှုတွင် သေဆုံးခဲ့သူအားလုံးကို အတည်ပြုနိုင်ပြီဖြစ်ရာ ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာ အဖွဲ့ကို တည်ထောင်သူ ပရီဂိုဇင်လည်း သေဆုံးသူ အမည်စာရင်းတွင် ပါဝင်ခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ဩဂုတ် ၂၇ ရက်က လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

Tver ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာတွင် မော်လီကျူး မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမှုလုပ်ငန်းများ ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုရလဒ်များအရ သေဆုံးသူ ၁၀ ဦးကို အတည်ပြုနိုင်ခဲ့ရာ ၎င်းမှာ ထိုမတိုင်မီ လေယာဉ်တွင် လိုက်ပါသူ အမည်စာရင်းနှင့်ကိုက်ညီမှု ရှိကြောင်း သိရသည်။

ပုဂ္ဂလိက လေယာဉ်တစ်စင်းသည် ဩဂုတ် ၂၃ ရက်က မြို့တော်မော်စကိုမှ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်းပြီးမကြာမီ Tver ပြည်နယ်တွင် ပျက်ကျခဲ့ကြောင်း ရုရှား အရေးပေါ်ရေးရာ ဌာနက ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်တွင် လူ ၁၀ ဦး လိုက်ပါသွားခဲ့ရာ ၎င်းတို့အနက် ၃ ဦးမှာ လေယာဉ်အမှုထမ်းဖြစ်ကြောင်း သိရသည်။ ယင်းနေ့ညပိုင်းတွင် ရုရှားဖက်ဒရယ် လေကြောင်းပို့ဆောင်ရေးအေဂျင်စီက လေယာဉ်၌လိုက်ပါသည့် ခရီးသည်များတွင် ပရီဂိုဇင် ပါဝင်ကြောင်း သတင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့နောက် လေယာဉ်ပျက်ကျမှုကို ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
俄侦查委员会确认普里戈任在坠机事故中遇难
新华社莫斯科8月27日电(记者耿鹏宇)俄罗斯侦查委员会27日在社交媒体发布消息说,23日发生在特维尔州的坠机事故全部遇难者身份已经确认,俄私营军事实体瓦格纳组织创始人叶夫根尼•普里戈任在遇难者名单中。
消息说,特维尔州坠机事故调查中分子遗传分析部分的工作已经完成。根据调查结果,10名遇难者身份均已确认,与此前公布的飞机上人员名单相符。
俄紧急情况部23日发布消息说,一架私人飞机当天从首都莫斯科起飞前往圣彼得堡,起飞不久后在特维尔州坠毁。机上共有10人,其中包括3名机组人员。当天晚些时候,俄联邦航空运输署发布消息说,普里戈任在乘客名单中。俄侦查委员会随后对坠机事故刑事立案。
1. 这是俄罗斯侦查委员会8月23日发布的特维尔州坠机现场照片。(新华社发)