Connect with us

North America

“ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ” ရှိ မဲဆန္ဒရှင်များအတွက် အီလွန် မက်စ်၏ “ကံစမ်းမဲဖောက် ဆုကြီးပေးခြင်း” က အငြင်းပွားဖွယ် ဖြစ်လာ

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ မဲပေးရုံတစ်ခု၌ မဲဆန္ဒရှင်များကို မတ်လ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

နာမည်ကျော် အမေရိကန် စွန့်ဦးတီထွင်သူ အီလွန် မက်စ်သည် ယခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန် သမ္မတလောင်း၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အပြည့်အဝ ထောက်ခံလျက်ရှိရာ မကြာသေးမီရက်ကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ် စသည့် အချက်အချာကျသော “ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ (Swing States)” တွင် ကြီးမားသော ”တိုက်ကွက်အစွမ်းအစ” ကို ပြခဲ့သည်။ ယင်းမှာ ၎င်း၏ တောင်းဆိုချက်တင်ပြခြင်း လှုပ်ရှားမှုတွင် ပါဝင်သည့် မဲဆန္ဒရှင်တစ်ဦးကို နေ့စဉ် ကျပန်းရွေးချယ်၍ ဒေါ်လာ ၁ သန်း အခမဲ့လက်ဆောင်ပေးခြင်းဖြစ်သည်။ ဤအပြုအမူသည် အငြင်းပွားဖွယ်ရာဖြစ်စေခဲ့ပြီး အချို့သော ဥပဒေပညာရှင်များက ဤလုပ်ရပ်၏တရားဝင်မှုကို အောက်တိုဘာ ၂၀ ရက်တွင် မေးခွန်းထုတ်ခဲ့သည်။

အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ပင်ဆယ်ဗေးနီးယားပြည်နယ် Harrisburg မြို့ နှင့် ပစ်တ်စ်ဘာ့ဂ်မြို့ တို့တွင် မဲဆန္ဒရှင်တစ်ဦးစီက ဒေါ်လာ ၁ သန်းတန် ချက်လက်မှတ်ရရှိခဲ့သည်။ အဆိုပါ တောင်းဆိုချက်တင်ပြခြင်း လှုပ်ရှားမှုသည် အီလွန် မက်စ် တည်ထောင်ထားသည့် “အမေရိကန် နိုင်ငံရေးလှုပ်ရှားမှုကော်မတီ” အွန်လိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်စွာ‌ရေးသားပြောဆိုခွင့်နှင့် သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံရန် တိုက်တွန်းခဲ့သည်။ “ကံစမ်းမဲဖောက်ဆုပေးပွဲ” စည်းမျဉ်းအရ အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲ မဲပေးသည့်နေ့အထိ ပင်ဆယ်ဗေးနီးယား၊ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက်ကယ်ရိုလိုင်းနားနှင့် ဝစ္စကွန်းဆင်းစသည့် အချက်အချာကျသော “ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ (Swing States)” ၇ ခုတွင် တောင်းဆိုလွှာတွင် လက်မှတ်ရေးထိုးသော မဲဆန္ဒရှင်တိုင်း တစ်ရက်လျှင် ဒေါ်လာ ၁ သန်း တစ်ကြိမ် ရနိုင်ခြေရှိသော အခွင့်အရေးရှိသည်။
ပထမသုံးရက်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ မဲဆန္ဒရှင်များသာ “ကံစမ်းမဲ” တွင် အကျုံးဝင်ပြီး၊ နောက်ပိုင်းတွင် ပြည်နယ် ၇ ခုရှိ မဲဆန္ဒရှင်တိုင်း အခွင့်အရေးရှိလာမည်ဖြစ်သည်။
ပင်ဆယ်ဗေးနီးယားပြည်နယ်သည် ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း၊ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်တို့ကြား “မလွဲမသွေ အားချင်းယှဉ်ရမည့် ပြည်နယ်” ဖြစ်သည်ဟု ရိုက်တာသတင်းဌာန၏ အဆိုအရ သိရသည်။ အီလွန် မက်စ်သည် ယခင်က အဆိုပါပြည်နယ်ရှိ မဲဆန္ဒရှင်များအတွက် အထူးမဲဆွယ်စည်းရုံးမှုတစ်ခု ပြုလုပ်ခဲ့ရာ “တောင်းဆိုချက်တင်ပြခြင်းတွင် ပါဝင်လျှင် ကန်ဒေါ်လာ ၁၀၀ ရနိုင်ပြီး နောက်တစ်ဦးအား ပါဝင်ရန် အကြံပြုပါက နောက်ထပ် ကန်ဒေါ်လာ ၁၀၀ ရနိုင်သည့်” လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း သိရသည်။ အီလွန် မက်စ်သည် အခြား “ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ (Swing States)” တွင်လည်း အလားတူလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး တောင်းခံချက်တင်ပြခြင်းတွင်ပါဝင်သူများသည် ကန်ဒေါ်လာ ၄၇ ရရှိမည်ဖြစ်ကြောင်း ဗြိတိန် 《Financial Times》 ၏ သတင်းအရ သိရသည်။

အီလွန် မက်စ်သည် ယခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံသူဖြစ်ပြီး ယခုအချိန်အထိ ကန်ဒေါ်လာ ၇၅ သန်းခန့် လှူဒါန်းခဲ့ပြီးဖြစ်သည်။ ထရမ့်၏ လွှမ်းမိုးမှုအရှိန်အဟုန်မြှင့်တင်ရန် အီလွန်မက်စ်က ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်း X ကိုလည်း အသုံးပြုခဲ့သည်။ ၎င်းရွေးကောက်ပွဲတွင် အနိုင်ရပြီးသည်နှင့် “Government Efficiency Commission” ကိုဦးဆောင်ရန် အီလွန် မက်စ်ကို ခန့်အပ်မည်ဟု ထရမ့်က ကတိပြုခဲ့သည်။ အီလွန် မက်စ်အနေဖြင့် ရွေးကောက်ပွဲအတွက် ဤကဲ့သို့ ကြိုးပမ်းနေရခြင်းသည် ထရမ့် အာဏာရလာချိန်တွင် ၎င်းနာမည်အောက်ရှိ ကုမ္ပဏီများ၏ အာကာသ၊ ဉာဏ်ရည်တု၊ ဦးနှောက်နှင့် ကွန်ပြူတာချိတ်ဆက်ခြင်း (BCI) စသည့် စီးပွားရေးလုပ်ငန်းများကို အကျိုးပြုမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်ဟု 《Financial Times》က ဖော်ပြခဲ့သည်။
အီလွန် မက်စ် စတင်သော “ဒေါ်လာ ၁ သန်း ကံစမ်းမဲ” လှုပ်ရှားမှုသည် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အီလွန် မက်စ်၏ ပင်ဆယ်ဗေးနီးယားပြည်နယ်သူ/ပြည်နယ်သားများကို ပိုက်ဆံတိုက်ရိုက်ပေးသည့် လုပ်ရပ်က “လွန်စွာစိုးရိမ်ဖွယ်ရာဖြစ်တယ်”၊ “တရားဥပဒေစိုးမိုးရေးဌာနတွေအနေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်” ဟု ဟားရစ်၏ မဟာမိတ်၊ ပင်ဆယ်ဗေးနီးယား ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro က အောက်တိုဘာ ၂၀ ရက် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှု ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဥပဒေဆိုင်ရာနယ်ပယ်မှ ပုဂ္ဂိုလ်အချို့ကလည်း အီလွန် မက်စ်၏ ဤလုပ်ရပ်သည် အထူးသဖြင့် ထောက်ပံ့ကြေးလက်ခံသူများအနေဖြင့် မဲဆန္ဒရှင်စာရင်းသွင်းထားသူဖြစ်ရမည်ဆိုသည့် တောင်းဆိုမှုသည် “စည်းကျော်ဖို့လက်တစ်ကမ်းလိုသည့်” သံသယရှိကြောင်း ယူဆကြသည်။ ပညာရှင်အချို့ကမူ အီလွန် မက်စ်၏ ဤလုပ်ရပ်သည် “အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲများတွင် ငွေသုံး၍ မဲများဝယ်ယူခြင်း တားမြစ်ချက်ကို ချိုးဖောက်သည်” ဟု သံသယရှိကြောင်း ဆိုခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲရက်နီးလာသည်နှင့်အမျှ ထရမ့်နှင့် ဟားရစ်ကြား ရွေးကောက်ပွဲအခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ ၎င်းတို့နှစ်ဦးနှင့် ၎င်းတို့၏ နိုင်ငံရေးမဟာမိတ်အသီးသီးကလည်း “ဘက်ပြောင်းနိုင်သည့် အဓိကပြည်နယ်များ (Swing States)” တွင် စုပြုံ မဲဆွယ်စည်းရုံးခဲ့ကြသည်။ အောက်တိုဘာ ၂၀ ရက်သည် ဟားရစ်၏ အသက် ၆၀ နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်နေပြီး ၎င်းသည် အာဖရိကန်နွယ်ဖွားအစုအဖွဲ့များကို မျက်နှာမူသည့် မဲဆွယ်စည်းရုံးရေးအတွက် ဂျော်ဂျီယာပြည်နယ်သို့ အလျင်အမြန် သွားရောက်ခဲ့သည်။ ထိုနေ့တွင် ထရမ့်ကမူ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ McDonald’s စားသောက်ဆိုင်တွင် အာလူးချောင်းကြော် ကြော်ကာ “ဝန်ထမ်း” ဟန်ဆောင်၍ အလုပ်သမားလူတန်းစားများ အကြိုက်ဆောင်ခဲ့သည်။ သို့သော် အီလွန် မက်စ်၏ “ငွေသုံးလမ်းခင်း” သည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းထောက်တွေက မေးမြန်းသောအခါ ထရမ့်က ၎င်းအနေဖြင့် မသိရှိကြောင်း ပြောကြားခဲ့သည်။
ဟားရစ်သည် စက်တင်ဘာလတွင် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေမှ ကန်ဒေါ်လာ သန်း ၂၇၀ သုံးစွဲခဲ့ပြီး အများစုမှာ ကြော်ငြာရန် အတွက် အသုံးပြုခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ဖော်ခဲ့သည့် နောက်ဆုံး ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ထိုလတွင် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်သည်လည်း ကန်ဒေါ်လာ ၇၈ သန်းအထိရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

၆၈ ကြိမ်မြောက် နိုင်ငံတကာအာကာသယာဉ်ဆိုင်ရာကွန်ဂရက် ပိတ်ပွဲအခမ်းအနားမတိုင်မီ သြစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့တွင် အဓိကမိန့်ခွန်းပြောကြားနေသော SpaceX တည်ထောင်သူနှင့် CEO ဖြစ်သူ အီလွန်မက်စ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်းစကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုတွင် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ၌ ပါဝင်သည့် အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ ဒုတိယသမ္မတ ဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
马斯克面向“摇摆州”选民搞“大抽奖”引争议
新华社北京10月22日电 美国知名企业家埃隆·马斯克在今年美国总统选举中全力支持共和党总统候选人、前总统唐纳德·特朗普,近日又在宾夕法尼亚等关键“摇摆州”放“大招”——每天随机抽取一名参与他发起请愿活动的选民,无偿赠予百万美元。此举引发争议,一些法律界人士20日质疑这一做法的合法性。
19日和20日,宾夕法尼亚州哈里斯堡和匹兹堡各有一名选民获得100万美元支票。请愿活动由马斯克创建的“美国政治行动委员会”在线发起,呼吁支持言论自由和持枪权。按照“抽奖”规则,从10月19日起,直到11月5日总统选举投票日当天,宾夕法尼亚、亚利桑那、佐治亚、密歇根、内华达、北卡罗来纳和威斯康星七个关键“摇摆州”任何签名参与请愿的选民,每天有一次机会获得100万美元;头三天“抽奖”资格仅限于宾州选民,之后七州选民均有资格。
据路透社报道,宾州是特朗普与民主党总统候选人、副总统卡玛拉·哈里斯的“必争之地”。马斯克先前专门面向该州选民推出“参加请愿可获100美元、推荐一人再获100美元”活动。据英国《金融时报》报道,马斯克在其他“摇摆州”也推出类似活动,参与请愿者可得47美元。
马斯克在今年选战中高调支持特朗普,迄今已捐款约7500万美元。他还利用麾下社交媒体平台X为特朗普发声造势。特朗普承诺一旦胜选,将任命马斯克领导“政府效率委员会”。《金融时报》说,马斯克如此卖力助选,是认定特朗普上台利好其名下企业的航天、人工智能和脑机接口等业务。
马斯克推出的“百万美元抽奖”活动引发争议。哈里斯盟友、宾州民主党籍州长乔希·夏皮罗20日接受媒体采访时说,马斯克直接给宾州人发钱的做法“让人深感担忧”,“执法部门可以查一查”。
一些法律界人士也认为马斯克此举有“踩线”嫌疑,尤其是要求赠款对象必须为注册选民。有学者说,马斯克此举涉嫌“违反美国联邦选举禁止花钱买选票的禁令”。
美国总统选举日益临近,特朗普与哈里斯选情持续胶着。两人及各自政治盟友在多个“摇摆州”集中拉票。20日适逢哈里斯60岁生日,她赶赴佐治亚州面向非洲裔团体拉票。特朗普当天则在宾州一家麦当劳餐厅炸薯条,扮演“打工人”,迎合工薪阶层。但当媒体记者问及马斯克的“撒钱”活动时,特朗普表示自己不知情。
美国联邦选举委员会20日披露的最新数据显示,哈里斯9月花掉2.7亿美元竞选经费,大部分用于投放广告。特朗普当月竞选支出也达到7800万美元。(海洋)
图说1:3月5日,选民在美国旧金山一个投票站内投票。新华社发(李建国摄)
图说2:2017年9月29日,在澳大利亚阿德莱德,美国太空探索技术公司创始人兼首席执行官埃隆·马斯克在第68届国际宇航大会闭幕式前做主旨演讲。新华社发(闫寒摄)
图说3:这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国副总统、民主党总统候选人哈里斯(右)和美国前总统、共和党总统候选人特朗普在费城参加电视辩论。新华社记者李睿摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.