Connect with us

North America

ရုရှားနိုင်ငံမှ ယူရေနီယံ တင်သွင်းမှုကို အမေရိကန်က တားမြစ်သော ဥပဒေမူကြမ်းအား ဘိုင်ဒန် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ Low-enriched uranium (LEU) တင်သွင်းခြင်းကို တားမြစ်သော ဥပဒေမူကြမ်းအား အမေရိကန်သမ္မတ ဘိုင်ဒန်က မေ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


ဘိုင်ဒန်သည် အမေရိကန်နိုင်ငံ၏ အရပ်ဘက် နျူကလီးယားစွမ်းအင်သုံးနယ်ပယ်တွင် ရုရှားအပေါ် မှီခိုအားထားမှုကို လျှော့ချကာ နောက်ဆုံးတွင် ဖယ်ရှားပစ်ရန် ရည်ရွယ်ထားသည့် “ရုရှားယူရေနီယံ တင်သွင်းမှုတားမြစ်သော ဥပဒေမှုကြမ်း”ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က အဆိုပါနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်ပို့စ်၏ သတင်းဖော်ပြချက်အရ လက်ရှိတွင် အမေရိကန်ကု
မ္ပဏီများသည် Rosatom မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် တန်ဖိုးရှိသော Low-enriched uranium (LEU) များကို နှစ်စဉ် တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
拜登签署法案禁止美国进口俄罗斯铀
新华社华盛顿5月13日电(记者邓仙来)美国总统拜登13日签署一项法案,禁止美国进口俄罗斯生产的低浓缩铀。
美国总统国家安全事务助理杰克·沙利文当天发表声明说,拜登签署《禁止进口俄罗斯铀法案》,使之成为法律,旨在“降低进而最终消除”美国民用核能领域对俄罗斯的依赖。
根据《华盛顿邮报》报道,美国企业目前每年从俄罗斯国家原子能公司进口价值约10亿美元的浓缩铀。(完)
图说:这是5月13日在美国华盛顿白宫拍摄的美国总统拜登。