China
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ကြေညာချက်အပေါ် သတင်းထောက်၏မေးမြန်းမှုအား ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန် ပြောကြား
ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ကြေညာချက်အပေါ် သတင်းထောက်၏ မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂ ရက်၌ ပြန်လည်ဖြေကြားခဲ့သည်။
“ ဒီနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ထိုင်ဝမ်ကို လေ့လာသူအဖြစ် ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ရန် WHO ကို အမေရိကန်က အထူးတိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ မေ ၁ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံအနေနဲ့ ဘယ်လို မှတ်ချက်ပြုလိုပါသလဲ” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏သက်ဆိုင်ရာ ကြေညာချက်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်းနှင့် ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကမ္ဘာတွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်း ရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်နက်၏ ခွဲခြားမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ထိုင်ဝမ်ဒေသ ပါဝင်နေခြင်းအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည်လည်း အတိအလင်း တစ်သမတ်တည်းဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းမူဖြင့်သာ ဖြေရှင်းမည် ဖြစ်ကြောင်း ၊ ၎င်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ နှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၅.၁ တို့ အတည်ပြုထားသည့် အခြေခံမူဖြစ်ကြောင်း၊ DPP ပါတီ အာဏာပိုင်များက “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး ရပ်တည်ချက်ကို ခေါင်းမာစွာ လုပ်ဆောင်နေခြင်းသည် ထိုင်ဝမ်ဒေသ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ပါဝင်မည့် နိုင်ငံရေးအခြေခံ မရှိနိုင်စေတော့ကြောင်း၊ အမေရိကန်၏ သက်ဆိုင်ရာ ကြေညာချက်သည် လှည့်စားခြင်းဖြစ်ပြီး လက်တွေ့တွင်မူ “ထိုင်ဝမ် သီးခြားရပ်တည်မှု” ခွဲထွက်ရေး လှုပ်ရှားမှုများကို လက်လွှတ်အားပေးနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားရဲ့ အချက်အချာ ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ကျော်ဖြတ်မရတဲ့ မျဉ်းနီဖြစ်တယ်။ တရုတ်တစ်နိုင်ငံတည်းမူနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာရန်၊ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို လေးစားလိုက်နာရန် ၊ အမေရိကန်နိုင်ငံခေါင်းဆောင် ပြောကြားထားတဲ့ ‘ထိုင်ဝမ် သီးခြားရပ်တည်ရေး’ကို အားမပေး၊ ‘တရုတ်နှစ်နိုင်ငံ’ ကို အားမပေး၊ ‘တရုတ်တစ်ခု ၊ ထိုင်ဝမ်တစ်ခု’ ကို အားမပေး ဆိုတဲ့ ကတိကဝတ်တွေကို လက်တွေ့လုပ်ဆောင်ရန်၊ ကမ္ဘာ့ကျန်းမာရေးညီလာခံကို အကြောင်းပြပြီး ထိုင်ဝမ်အရေးကစားနေမှုကို ရပ်တန့်ရန်၊ ‘ထိုင်ဝမ် သီးခြားရပ်တည်မှု’ ခွဲထွက်ရေးအင်အားစုတွေကို မှားယွင်းတဲ့အချက်ပြမှုမပေးရန် အမေရိကန်ကို တိုက်တွန်းလိုက်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သည့် အားပေးထောက်ခံမှု ရရှိထားသလို လူအများ၏ဆန္ဒ၊ ဖြစ်လာမည့်အခြေအနေ ၊ ငြင်းဆို၍ မရသလို တားဆီး၍မရသော ကိစ္စဖြစ်ကြောင်း၊ “ထိုင်ဝမ်ဖဲ” သုံး ကစားနေခြင်း၊ “တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ထိုင်ဝမ်ကိုအသုံးချ” နေခြင်း ကြံစည်မှုများသည် နိုင်ငံတကာအသိုက်အဝန်း၏ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်မှုကို ခံရမည်ဖြစ်သလို အရှုံးဖြင့်သာ အဆုံးသတ်ရလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#China #Taiwan #US #WHA #WHO #Spokenman #တရုတ် #ထိုင်ဝမ် #အမေရိကန် #ကမ္ဘာ့ကျန်းမာရေးညီလာခံ #ကမ္ဘာ့ကျန်းမာရေးအဖွဲ့
……………………………..
(Chinese Version)
外交部发言人就美国国务卿布林肯关于中国台湾地区参加世卫大会的声明答记者问
新华社北京5月2日电 外交部发言人2日就美国国务卿布林肯关于中国台湾地区参加世卫大会的声明答记者问。
有记者问:5月1日,美国国务卿布林肯发表声明称,美方强烈鼓励世卫组织邀请台以观察员身份参加今年世卫大会。中方对此有何评论?
发言人说,美方有关声明严重违背一个中国原则和中美三个联合公报,中方对此表示强烈不满、坚决反对。
发言人表示,世界上只有一个中国,台湾是中国领土不可分割的一部分。在台湾地区参与国际组织,包括世卫组织活动问题上,中方立场是一贯的、明确的,即必须按照一个中国原则来处理,这也是联合国大会第2758号决议和世界卫生大会25.1号决议确认的根本原则。民进党当局顽固坚持“台独”分裂立场,导致台湾地区参加世卫大会的政治基础不复存在。美方有关声明混淆视听,实质是纵容支持“台独”分裂活动。
“台湾问题是中国核心利益中的核心,是中美关系第一条不可逾越的红线。我们再次敦促美方恪守一个中国原则和中美三个联合公报,遵守国际法和国际关系基本准则,将美领导人作出的不支持‘台独’、不支持‘两个中国’‘一中一台’等承诺落实到行动上,停止借世卫大会炒作涉台问题,不向‘台独’分裂势力发出错误信号。”发言人说。
发言人说,一个中国原则得到国际社会普遍支持,是人心所向,大势所趋,不容否认,也不可阻挡。任何打“台湾牌”、搞“以台制华”的图谋必将遭到国际社会的坚决反对,注定以失败告终。(完)