Connect with us

Africa & Middle East

ဂါဇာဒေသ အလယ်ပိုင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၇၄ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် တိုက်ခိုက်မှုအပြီး မီးခိုးများပေါ်ထွက်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ Nuseirat ဒုက္ခသည်စခန်းကို ဇွန် ၈ ရက်တွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇၄ ဦးနှင့် အခြား ဒဏ်ရာရရှိသူ ၆၉၈ ဦးရှိကြောင်း၊ ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သူ အချို့ရှိကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၉ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရသူအများအပြားသည် အပျက်အစီးများအောက်တွင် ပိတ်မိနေခြင်း ၊ လမ်းများပေါ်တွင် လဲကျနေခြင်းဖြစ်ရာ ကူညီကယ်ဆယ်သူများက ၎င်းတို့အနီးသို့ ကပ်၍ မရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင် စစ်ရေးလှုပ်ရှားမှုကြောင့် သေဆုံးသူ ၂၈၃ ဦး၊ ဒဏ်ရာရသူ ၈၁၄ ဦး ရှိကြောင်း ၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ် ဖြစ်ပွားသည့်အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှုကြောင့် သေဆုံးသူ ပါလက်စတိုင်း ၃၇,၀၀၀ နှင့် ဒဏ်ရာရသူ ၈၄,၀၀၀ ကျော်စီ ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
…………………………
(Chinese Version)
以军袭击加沙地带中部难民营已致274人死亡
新华社加沙6月9日电(记者黄泽民)巴勒斯坦加沙地带卫生部门9日发表声明说,以色列军队8日对加沙地带中部努赛赖特难民营的袭击已造成274人死亡,另有698人受伤,其中部分人员伤势严重。
声明说,仍有许多受害者被困在废墟下或躺在路上,救援人员无法靠近他们。
声明还说,过去24小时,以军在加沙地带的军事行动共造成283人死亡、814人受伤。自去年10月7日新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.7万巴勒斯坦人死亡、8.4万人受伤。
1. 6月8日,在加沙地带中部努赛赖特难民营,以军袭击后浓烟滚滚。