Connect with us

North America

အမေရိကန်နိုင်ငံ၏ ကြွေးမြီ အထိန်းအကွပ်မဲ့ နေမှုအပေါ် ပါတီနှစ်ရပ်လုံးက ”ဘရိတ်အုပ်” လိုခြင်း မရှိကြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၃ ခုနှစ် မေ ၃၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စု အစိုးရ၏ ၂၀၂၄ ဘဏ္ဍာနှစ် (၂၀၂၃ အောက်တိုဘာ ၁ ရက် – ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်) ဘတ်ဂျက်လိုငွေမှာ အမေရိကန်ဒေါ်လာ ၁.၉ ထရီလီယံအထိ ရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ခန့်မှန်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇ ရာခိုင်နှုန်းမြင့်တက်သွားကြောင်း အမေရိကန် လွှတ်တော် ဘတ်ဂျက်ရုံးက ပြီးခဲ့သည့်ရက်များတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ ကြွေးမြီများ “အထိန်းအကွပ်မဲ့ တိုးပွားလာခြင်း” မှာ ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ရပ်လုံးတွင် ရှောင်လွှဲ၍မရသော တာဝန်ရှိကြကြောင်း၊ ကြွေးမြီများ ရေရှည်မဖြစ်သင့်သော လမ်းကြောင်းမှာ အထိန်းအချုပ်မဲ့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည့် ယာဉ်သဖွယ်ဖြစ်နေသော်လည်း ပါတီနှစ်ရပ်လုံး၏ နိုင်ငံရေးချိန်ညှိမှုတွင် “ဘရိတ်အုပ်”လိုခြင်း မရှိကြကြောင်း၊ အထူးသဖြင့် သမ္မတ ရွေးကောက်ပွဲကဲ့သို့ အခြေအနေမျိုးတွင် ပါတီ နှစ်ရပ်လုံးက အသုံးစရိတ်လျှော့ချခြင်း၊ ကြွေးမြီထိန်းချုပ်ခြင်းဟူသော လက်တွေ့ မူဝါဒများ ချမှတ်ရန် သိပ်မဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။

ကဏ္ဍအများအပြားတွင် အသုံးစရိတ် တိုးလာခြင်းက အမေရိကန် ဘဏ္ဍာရေး အလားအလာကို ဆိုးဝါးစေကြောင်း၊ ၎င်းတို့အနက် သမ္မတ ဘိုင်ဒန်၏ ကျောင်းသား/ကျောင်းသူ ငွေချေးခွင့် ကင်းလွတ်သက်သာမှု အစီအစဉ်က ယခုဘဏ္ဍာနှစ် လိုငွေကို ကန်ဒေါ်လာ ၁၄၅ ဘီလီယံ တိုးလာစေပြီး အမေရိကန်က ယူကရိန်း၊ အစ္စရေး စသည့်နိုင်ငံများအတွက် စစ်ရေးအကူအညီ ကန်ဒေါ်လာ ၉၅ ဘီလီယံ ပေးခြင်းက ယခုဘဏ္ဍာနှစ်၏ လွတ်လပ်စွာ စီမံသုံးစွဲနိုင်သည့်အသုံးစရိတ်ကို ကန်ဒေါ်လာ ၆၀ ဘီလီယံ တိုးလာစေကြောင်း အမေရိကန် လွှတ်တော်ဘတ်ဂျက်ရုံး အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု အစိုးရ၏ နှစ်စဉ် လိုငွေပြမှု စုစုပေါင်းမှာ ပြည်တွင်းအသားတင်ထုတ်ကုန်(GDP)၏ ၅.၅ ရာခိုင်နှုန်းထက်မနည်း ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၉၃၀ ခုနှစ်မှစ၍ လိုငွေပြမှုမှာ ၅ နှစ် ဆက်တိုက် ယခုကဲ့သို့ မြင့်မားနေခြင်း မရှိခဲ့ဖူးပေ။ အနာဂတ် ၁၀ နှစ်ကြာကာလတွင် ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လိုငွေပြမှုမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးလာမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ ထောက်ပြထားသည်။

ရေရှည်ကြည့်မည်ဆိုလျှင် အတိုးနှုန်းမြင့်တက်လာခြင်း၊ သက်ကြီးရွယ်အိုနှင့် လူမှုဖူလုံရေး စီမံကိန်း အသုံးစရိတ် များပြားလာခြင်းနှင့်အတူ အမေရိကန်နိုင်ငံ၏ ကြွေးမြီ ပမာဏသည် ၂၀၂၄ ခုနှစ်မှ ၂၀၃၄ ခုနှစ်အတွင်း သိသိသာသာ တိုးမြင့်လာမည် ဖြစ်ပေသည်။ ၂၀၃၄ ခုနှစ်တွင် ပြည်သူ့ ကြွေးမြီသည် အမေရိကန်နိုင်ငံ GDP ၏ ၉၉ ရာခိုင်နှုန်းမှ ၁၂၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် စံချိန်တင်ခဲ့သည့် ၁၀၆ ရာခိုင်နှုန်းကို ကျော်လွန်သွားမည် ဖြစ်ကြောင်း လွှတ်တော်ဘတ်ဂျက်ရုံးက ကြိုတင်ခန့်မှန်းထားပါသည်။

ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန်နိုင်ငံ ကြွေးမြီမှာ ပါတီနှစ်ရပ်၏ ပြဿနာဖြစ်ကြောင်း၊ ထရမ့်နှင့် ဘိုင်ဒန် နိုင်ငံတာဝန်ယူစဉ်ကာလတွင် ဘဏ္ဍာရေးအသုံးစရိတ် များစွာ တိုးမြှင့်ခဲ့ကြောင်း ထောက်ပြထားသည်။

အမေရိကန်နိုင်ငံ ပါတီချင်းဆက်နွှယ်မှု သုတေသနဌာန “Committee for a Responsible Federal Budget (CRFB)” ၏ ခန့်မှန်းချက်များအရ ထရမ့်၏ ၂၀၁၇ ခုနှစ် အခွန်လျှော့ချရေးမူဝါဒက ကြွေးမြီကို ကန်ဒေါ်လာ ၂ ထရီလီယံ တိုးလာစေပြီး ကပ်ရောဂါအခြေအနေအရ ချမှတ်သည့်မူဝါဒများက ကြွေးမြီကို ကန်ဒေါ်လာ ၃.၆ ထရီလီယံ တိုးလာစေကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အမေရိကန် Federal Reserve Board အဖွဲ့က ဖက်ဒရယ် ရန်ပုံငွေအတိုးနှုန်းကို ၅.၂၅ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်း အကြား တိုးမြှင့်ပြီး ဖြစ်ပေသည်။ မြင့်မားသည့်အတိုးနှုန်းက လက်ရှိ ဧရာမ ကြွေးမြီများ၏ အတိုးနှုန်းကို တိုးမြင့်စေရာ အပိုငွေချေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းမှာ ရေရှည်မဖြစ်သင့်ကြောင်း Peter G. Peterson ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် Michael A. Peterson က ထောက်ပြပြောကြားခဲ့သည်။

နောက်ဆုံးရ ကိန်းဂဏန်းများအရ အမေရိကန် ဘဏ္ဍာရေးမှာ ဆက်မသွားသင့်သော လမ်းကြောင်းပေါ်သို့ ရောက်နေပြီ ဖြစ်ကြောင်း၊ အကယ်၍ ထို့အပေါ် ဖြေရှင်းမှုများမရှိပါက ပြည်ထောင်စု အစိုးရ၏ သုံးငွေနှင့် ဝင်ငွေ မျှတမှုမရှိခြင်းနှင့် အတိုးနှုန်းနှင့်ချေးငွေ မြင့်တက်လာခြင်းတို့က အမေရိကန်ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်၊ နိုင်ငံ၏ စီးပွားရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် စိန်ခေါ်မှု ဖြစ်စေမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

နောက်ဆုံး လိုငွေခန့်မှန်းချက်က အမေရိကန်နိုင်ငံ၏ “ဘတ်ဂျက်စနစ် ပြိုလဲမည့် သက်သေ” ဖြစ်ကြောင်း Brookings Institution ၏ အကြီးတန်း သုတေသီ Barry Bosworth က ဆင်ဟွာကို ပြောကြားခဲ့သည်။
လူထုစရိတ် အချိုးအစား အများစုက ကြွေးမြီပြန်ဆပ်ရာတွင် အသုံးပြုမည် ဖြစ်ရာ ထိုမှတစ်ဆင့် အခြားသော လူထုစီမံကိန်းများ၏ အသုံးစရိတ်ကို ညှစ်ထုတ်မည်ဖြစ်ကြောင်း၊ လူထုကြွေးမြီ အဆက်မပြတ်တိုးလာခြင်းက တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံမှုကို လျော့နည်းစေမည် ဖြစ်ကြောင်း ၊ ထို့အပြင် ကြွေးမြီများ မြင့်တက်နေခြင်းက အမေရိကန် စီးပွားရေးအပေါ် ပြည်ပအရင်းအနှီးချုပ်ကိုင်မှုကို တိုးလာစေမည် ဖြစ်ကြောင်း ၎င်းက ယူဆပေသည်။

အမေရိကန်နိုင်ငံ ပြည်သူ့ဘဏ္ဍာရေး၏ “အန္တရာယ်လမ်းကြောင်း”က အမေရိကန် ဒေါ်လာနှင့် ရေရှည် ငွေကြေးဖောင်းပွမှု အလားအလာအပေါ် ဆိုးရွားစွာ ပြဿနာ ဖြစ်စေကြောင်း အမေရိကန် စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနဌာန စီးပွားရေးပညာရှင် Desmond Lachman က ဆင်ဟွာကို ပြောကြားခဲ့သည်။ အကယ်၍ အနာဂတ် တစ်ချိန်ချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အမေရိကန် အစိုးရမှာ ကြွေးမြီ ထိန်းချုပ်လိုသည့် ဆန္ဒ အမှန်တကယ်မရှိဟု ယူဆလာမည် ဆိုပါက သူတို့အနေဖြင့် အမေရိကန်အစိုးရအတွက် ငွေကြေးကဏ္ဍ ပံ့ပိုးပေးလိုကြမည် မဟုတ်ကြောင်း၊ ယင်းမှာ အမေရိကန်ဒေါ်လာ အကျပ်အတည်း ဖြစ်ပွားစေနိုင်သလို အစိုးရကို ငွေကြေးပံ့ပိုးပေးရန်အတွက် Federal Reserve ၏ ငွေစက္ကူပုံနှိပ်ပေးခြင်း၊ ထိုမှတစ်ဆင့် ငွေကြေးဖောင်းပွမှု ထပ်ဆင့် မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကြွေးမြီ အထိန်းအကွပ်မဲ့နေသည့် သတိပေးချက်များ ထပ်မံ ပေါ်ထွက်နေသော်လည်း လက်ရှိတွင် ပါတီ နှစ်ရပ်အနေဖြင့် အသုံးစရိတ် လျှော့ချရန်၊ ကြွေးမြီထိန်းချုပ်ရန် တွန်းအားမရှိကြပေ။ Barry Bosworth က ပါတီနှစ်ရပ် စလုံးမှာ အနာဂတ် ဘတ်ဂျက်အခြေအနေ တည်ငြိမ်အောင် ဆောင်ရွက်မည့် အစီအစဉ်မရှိကြ ဟု ယူဆသည်။ အဓိကကျသည့် မည်သည့်ကဏ္ဍကိုမဆို အသုံးစရိတ်လျှော့ချပေးရန် ထောက်ခံသူမရှိကြောင်း အမေရိကန် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ သုတေသန စင်တာ အကြီးတန်း စီးပွားရေးပညာရှင် Dean Baker က ဆင်ဟွာကို ပြောကြားခဲ့သည်။

Desmond Lachman က ရီပက်ဘလစ်ကန်ပါတီ အာဏာရချိန်မှာ အခွန်လျှော့ချမှုကို နှစ်သက်သော်လည်း ပြည်သူ့အသုံးစရိတ် လျှော့ချရန် မလိုလားကြသလို ဒီမိုကရက်ပါတီ အာဏာရချိန်မှာ အများအသုံးစရိတ်ကို ထပ်တိုးပြီး အခွန်ထပ်တိုးမကောက်ခံလိုကြကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံးမှာ ဤနိုင်ငံက ဘက်ဂျက်လိုငွေ ဆက်တိုက်ပြကာ ပြည်သူ့ကြွေးမြီ ရေရှည်မလျှောက်လှမ်းသင့်သည့် လမ်းစဉ်ကို ရောက်ရှိသွားသည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………..
(Chinese Version)
国际观察|美国债务失控 两党不愿“踩刹车”
2024-06-20 17:19:34 分类: 宏观经济
新华社华盛顿6月19日电 题:美国债务失控 两党不愿“踩刹车”
新华社记者熊茂伶
美国国会预算办公室日前发布报告说,美国联邦政府2024财年(2023年10月1日至2024年9月30日)预算赤字预计将达到1.9万亿美元,与2月份预测相比上调27%。
不少观察人士认为,美国债务“野蛮生长”,共和、民主两党难辞其咎,美国债务正在不可持续的道路上失控“狂飙”,而两党出于政治考量都不愿“踩刹车”,尤其在总统大选背景下,两党不太可能出台削减开支、控制债务的实际政策。
国会预算办公室报告指出,多项开支增长导致美国财政前景恶化。其中,美国总统拜登的学生贷款减免计划导致本财年赤字增加1450亿美元;美国向乌克兰、以色列等提供950亿美元军事援助导致本财年可自由支配开支增加600亿美元。
报告说,从2024年到2034年,美国联邦政府每年的总赤字将不低于国内生产总值(GDP)的5.5%。自1930年以来,赤字从未连续五年以上保持在这么高的水平。报告还指出,未来十年,联邦政府累计赤字将增长10%。
长期来看,随着利息成本上升、老年人社保项目支出增长,美国债务规模将在2024年至2034年间显著增长。国会预算办公室预测,2034年,公众持有的债务占美国GDP的比例将从今年的99%上升到122%,超过二战后创下的106%的最高水平。
《华盛顿邮报》报道指出,美国债务是两党问题,在特朗普和拜登任期内,财政支出都大幅增加。据美国跨党派研究机构“争取制定负责的联邦预算委员会”估计,特朗普2017年的减税政策使债务增加近2万亿美元,因疫情推出的政策导致债务增加3.6万亿美元。
为应对高通胀,美国联邦储备委员会已将联邦基金利率目标区间上调至5.25%至5.5%之间。美国彼得·彼得森基金会首席执行官迈克尔·彼得森指出,高利率推升了现有巨额债务的利息成本,并正在导致额外借贷,这是不可持续的。
该基金会在一份声明中说,最新数据显示,美国财政处在不可持续的轨道上,如果不加以解决,联邦政府支出和收入之间的结构性不匹配,以及利率和借贷成本的上升,将对联邦预算、美国经济和未来发展构成挑战。
美国布鲁金斯学会高级研究员巴里·博斯沃思对新华社记者表示,最新赤字预测是美国“预算体系崩溃的证据”。他认为,更大比例的公共支出将用于偿还债务,从而挤压其他公共项目开支,而不断增长的公共债务也可能导致私人投资减少。此外,债务飙升还会增加外国资金对美国经济的控制。
美国企业研究所经济学家德斯蒙德·拉赫曼告诉新华社记者,美国公共财政所处的“危险轨道”为美元和长期通胀前景带来严重问题。如果未来某个时候,外国投资者认为美国政府没有真正控制债务的意愿,他们可能不再愿意为美国政府提供资金,这可能导致美元危机,也可能促使美联储印钞为政府提供资金,进而造成通胀再次飙升。
尽管美国债务失控的警钟再度敲响,但眼下两党都没有动力削减开支、控制债务。博斯沃思认为,两党都没有稳定未来预算状况的计划。美国经济与政策研究中心高级经济学家迪恩·贝克告诉新华社记者,没有人支持在任何主要领域削减开支。
拉赫曼表示,共和党人当政时喜欢减税,但不愿削减公共开支;民主党人当政时倾向于增加公共支出,但不希望增加税收。最终结果是,这个国家持续出现预算赤字,公共债务走上不可持续的道路。(完)

1. 这是2023年5月31日在美国华盛顿拍摄的国会大厦。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.