Connect with us

Africa & Middle East

အမေရိကန်နိုင်ငံက ၎င်း၏နိုင်ငံရေးအကျိုးစီးပွားအတွက် လူ့အခွင့်အရေးကို အစဉ်အမြဲ ရွေးချယ်မှုဖြင့် အနက်အဓိပ္ပါယ်ဖွင့်ခြင်းသာဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးပညာရှင် Christoph Stückelberger ပြောကြား

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်း အဆောက်အဦအပျက်အစီးများကြား ပျံကျဈေးတွင် သွားလာနေကြသူများအား ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက လူ့အခွင့်အရေးကို အစဉ်အမြဲ ရွေးချယ်မှုဖြင့် အနက်အဓိပ္ပါယ်ဖွင့်ပြီး ၎င်း၏နိုင်ငံရေးအကျိုးစီးပွားကို ဖော်ဆောင်ကြောင်း၊ အချို့လူပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးအမြင်သဘာထားက ၎င်း၏ ဗိုလ်ကျစိုးမိုးမှုအာဏာကို အတားအဆီးဖြစ်လာမည်ဆိုလျှင် အမေရိကန်၏ ဥပက္ခာပြုခံရကြောင်းမှာ လက်တွေ့ သက်သေသာဓက များစွာ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးပညာရှင်၊ Geneva Agape Foundation ဥက္ကဋ္ဌ Christoph Stückelberger က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံ ကိုယ်စားလှယ်က “တွေ့ဆုံဆွေးနွေးပူးပေါင်းခြင်းဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေး မိတ်ဆွေများအဖွဲ့” စသည်တို့ ကိုယ်စား ပါဝင်ဆွေးနွေးပြောကြားရာတွင် အချို့နိုင်ငံများ၏ စံချိန်နှစ်မျိုးထားရှိမှု၊ လူ့အခွင့်အရေးကို အကြောင်းပြ၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအား ဆန့်ကျင်ကြောင်းပြောကြားခဲ့သည်။ သက်ဆိုင်ရာပြောကြားချက်များက ဘက်ပေါင်းစုံ၏ တူညီသည့်သဘောထား ဖြစ်စေခဲ့သည်။

လက်ရှိ ဂါဇာပဋိပက္ခတွင် အမေရိကန်က တစ်ဖက်မှာ ၎င်းဆိုလိုနေသည့် “လူ့အခွင့်အရေး ကာကွယ်သူ” နှင့် “ကျင့်ဝတ် စံပြ” ဟူသော ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းထားလိုသော်လည်း တစ်ဖက်မှာမူ အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများ အဆက်မပြတ် ပံ့ပိုးလျက်ရှိကြောင်း၊ ၎င်းမှာ လူ့အခွင့်အရေး၌ အမေရိကန်၏ စံချိန်နှစ်မျိုးထားရှိမှုဖြစ်သည့် များစွာသော လက်တွေ့သာဓကများနက် တစ်ခု ဖြစ်ကြောင်း Christoph Stückelberger က ဆင်ဟွာ၏ မေးမြန်းမှုကို ဇွန် ၂၁ ရက်တွင် ဖြေကြားခဲ့သည်။

အမေရိကန်နိုင်ငံက အစဉ်အမြဲအားဖြင့် ၎င်း၏ စူပါအင်အားကြီးနိုင်ငံ ဗိုလ်ကျစိုးမိုးမှုနေရာကို ကာကွယ်ရန်အတွက်သာဖြစ်ရာ ၎င်းအား လူ့အခွင့်အရေးစံပြအဖြစ် မရှုမြင်သင့်ဟု Christoph Stückelberger က ဆိုသည်။ လက်ရှိ အမေရိကန်နိုင်ငံတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၊ လူမျိုးရေးဝါဒနှင့် သေနတ်ကိုင်အကြမ်းဖက်မှုများ စသည့် စီးပွားရေးနှင့် လူမှုရေး ပြဿနာပေါင်းများစွာ ရှိနေသော်လည်း အမေရိကန်အစိုးရအနေဖြင့် ဤလူ့အခွင့်အရေးပြဿနာများကိုမပြောဆိုဘဲ ပထဝီနိုင်ငံရေး အကျိုးစီးပွားရှုထောင့်မှသာ လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံကို အပုပ်ချ တိုက်ခိုက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Christoph Stückelberger အနေဖြင့် ကြည့်မည်ဆိုလျှင် အမေရိကန်အစိုးရက မိမိ၏ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး၏ အနက်အဓိပ္ပါယ်ကို ကျဉ်းမြောင်းအောင် ဖော်ဆောင်နေခြင်း ဖြစ်ပြီး ဤလုပ်ရပ်မှာ တစ်ဖက်သတ်ဆန်၍ မှန်ကန်သင့်လျော်မှုမရှိဟု ယူဆပေသည်။ ၎င်းနှင့်နှိုင်းယှဉ်လျှင် ကုလသမဂ္ဂ လူ့အခွင့်အရေးစနစ် ဂရုပြုသည့်ကဏ္ဍမှာ ပိုမို ဘက်စုံကျကာ အနက်အဓိပ္ပါယ်ပို၍ ကျယ်ပြန့်ကြောင်း၊ ဥပမာဆိုလျှင် “ဖွံ့ဖြိုးတိုးတက်ခွင့်” သည် ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး စီမံခန့်ခွဲမှုတွင် ပို၍ အလေးထားခြင်း ခံလာရကြောင်း၊ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ အနောက်မီဒီယာများအပါအဝင် အနောက်နိုင်ငံ လူ့အဖွဲ့အစည်းများက ၎င်းအပေါ် လျစ်လျူရှုနေဆဲ ဖြစ်ကြောင်း Christoph Stückelberger က ယူဆသည်။

တရုတ်နိုင်ငံသို့ ကြိမ်ဖန် များစွာ သွားရောက်လည်ပတ်ဖူးသူ Christoph Stückelberger က တရုတ်နိုင်ငံသည် ကုလသမဂ္ဂစနစ်အောက်တွင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ဤကဏ္ဍတွင် ပါဝင်မှု အဆက်မပြတ် လျော့နည်းလာကြောင်း အလေးထားပြောကြားခဲ့သည်။

“အနိုင်တိုက်ချင်သည့် ရန်သူကို မိစ္ဆာအသွင် မပြောင်းဖို့” Christoph Stückelberger က တိုက်တွန်းသလို လူ့အခွင့်အရေးကို လက်နက်အသွင်နှင့် ကိရိယာအသွင် ပြောင်းလဲခြင်းက ပညာရှိ၏ လုပ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Christoph Stückelberger က နိုင်ငံတိုင်းက လူ့အခွင့်အရေးကဏ္ဍတွင် တိုးတက်မှုနှင့် လိုအပ်မှု ရှိကြကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိသည့် အပြစ်တင်စွပ်စွဲခြင်းများ ပြုရမည့်အစား အပြန်အလှန်လေးစားမှုနှင့် လေ့လာသင်ယူမှု ရှိသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
专访|美国从来都是选择性阐释人权以服务其政治利益——访国际人权专家司徒博
新华社日内瓦6月22日电 专访|美国从来都是选择性阐释人权以服务其政治利益——访国际人权专家司徒博
新华社记者石松
国际人权专家、日内瓦大爱基金会主席司徒博(英文名:斯塔克伯格)21日说,有太多事实可以证明,美国一直以来都是有选择地阐释人权论点,以服务其政治利益,当某些人权论点阻碍其维持霸权时就会遭到美国无视。
中国代表19日在联合国人权理事会第56届会议代表“对话合作促人权之友小组”等作共同发言,反对一些国家搞双重标准,以人权为借口干涉发展中国家内政。相关发言引发多方强烈共鸣。
司徒博21日回复新华社记者的书面采访时表示,在当前加沙冲突中,美国一边希望继续保持其所谓“人权卫士”和“道德模范”形象,一边不断向以色列提供武器装备,这正是美国在人权问题上搞双重标准的众多实例之一。
司徒博说,美国从来都只是以维持其超级大国的霸权地位为目的,它不应被视为人道主义的典范。当今美国存在各种各样的经济和社会问题,如无家可归者、种族主义和枪支暴力等,但美国政府往往对自身的这些人权问题避而不谈,反而是从地缘政治利益出发,以人权问题为借口抹黑攻击他国。
在司徒博看来,美国政府正试图按照自己的意志缩小人权的概念范畴,这种做法片面且不正当。与之相比,联合国人权体系所关注的领域更加全面,也具有更广泛意义。例如“发展权”在全球人权治理中受到越来越多关注,但令人遗憾的是西方社会,包括西方媒体,仍然对此采取漠视态度。
曾经多次到访中国的司徒博强调,中国一直致力于联合国体系下的多边合作,但美国在这方面的参与度正不断降低。
司徒博敦促西方国家“不要妖魔化它们想要打败的敌人”。他说,把人权问题武器化和工具化绝非明智之举。
司徒博说,每个国家在人权方面都有正在进步以及尚有不足的地方,各国应该互相尊重和学习借鉴,而不应该是横加指责。(完)

1. 6月20日,在加沙地带北部杰巴利耶难民营,人们在建筑废墟间搭建了一处集市。