Connect with us

Europe

ဖမ်းဆီးခံထားရသော စစ်သား ၉၀ ဦးကို ယူကရိန်းနှင့်လဲလှယ်မည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်းများ လဲလှယ်နေကြသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ညှိနှိုင်းဆွေးနွေးမှုအပြီး ယူကရိန်းထိန်းချုပ်နယ်မြေများတွင် ထိန်းသိမ်းခံထားရသော ရုရှားစစ်သား ၉၀ ဦးကို ရုရှားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အပြန်အလှန်အားဖြင့် ရုရှားကလည်း ယူကရိန်းစစ်သား ၉၀ ဦးကို ယူကရိန်းနိုင်ငံထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်၌ ကြေညာခဲ့သည်။
ယခုအကြိမ် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကြား ဖမ်းမိထားသော တပ်ဖွဲ့ဝင်များ လဲလှယ်ခြင်းလှုပ်ရှားမှုသည် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားဝင်ညှိနှိုင်းပေးမှုအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရုရှားလေကြောင်းအာကာသတပ်ဖွဲ့သည် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်များ စေလွှတ်ကာ လွတ်မြောက်လာသော ရုရှားစစ်သား ၉၀ ဦးကို မော်စကိုမြို့သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး စစ်ဘက်ဆေးဘက်ဆိုင်ရာဌာနများတွင် ပြန်လည်ထူထောင်ရေး ကုသမှုများ ခံယူမည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံတို့သည် ဖမ်းဆီးခံထားရသော စစ်သားများ လဲလှယ်မှုများကို အကြိမ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………………..
(Chinese Version)
俄国防部宣布与乌克兰交换90名被俘人员
新华社莫斯科6月25日电(记者华迪)俄罗斯国防部25日宣布,经过谈判,90名被关押在乌克兰控制地区的俄罗斯军人返回俄罗斯。作为交换,俄方向乌方移交90名乌克兰军人。
俄国防部当天在社交媒体上发文说,此次俄乌双方交换被俘人员的行动是在阿拉伯联合酋长国的人道主义斡旋下进行的。俄空天军将派出军用运输机将90名获释的俄军人运送至莫斯科,他们随后将在军方医疗机构接受康复治疗。
今年以来,俄乌双方多次大规模交换被俘人员。(完)
图说: 2022年6月29日 俄乌双方交换战俘(图源:乌克兰国防情报局)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.