Connect with us

Europe

သန်းခေါင်ယံနေရောင်အောက်က ကမ္ဘာ့ မြောက်ဘက်အစွန်ဆုံးရှိ မြို့လေး

နော်ဝေနိုင်ငံ Ny-Ålesund မြို့လေးရှိ ဝင်ရိုးစွန်းဝက်ဝံသတိပေးဆိုင်းဘုတ်အား ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နော်ဝေ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
နော်ဝေနိုင်ငံ Svalbard ကျွန်းစုရှိ Ny-Ålesund မြို့လေးသည် မြောက်လတ္တီကျု ၇၉ ဒီဂရီတွင်တည်ရှိပြီး အာတိတ်နှင့် အနီးစပ်ဆုံး လူသားများ အခြေချနေထိုင်သည့် နေရာများအနက် တစ်ခုဖြစ်သည်။ ၎င်း၏ အလွန်မြင့်မားသော လတ္တီကျုနှင့် ကြွယ်ဝသော ဘူမိဂေဟအသွင်အပြင်များကြောင့် ဝင်ရိုးစွန်းလေ့လာရေး သိပ္ပံပညာရှင်များက “သိပ္ပံသုတေသနပြုလုပ်ရန် အကောင်းဆုံးနေရာ” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။

Ny-Ålesund မြို့လေးတွင် နှစ်စဉ်နှစ်တိုင်း ရှည်လျားလှသော ဝင်ရိုးစွန်းည (Polar Night) နှင့် သန်းခေါင်ယံနေ (Midnight Sun) ဟူ၍ ရှိပေသည်။ ယင်းနေရာတွင် နေထိုင်သူများသည် အောက်တိုဘာလနှောင်းပိုင်းမှ နောက်နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ရက်ပေါင်း ၁၂၀ ကျော် ကြာရှည်သော အမှောင်ထုကို ဆက်တိုက် တွေ့ကြုံရမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဧပြီလနှောင်းပိုင်းမှ သြဂုတ်လနှောင်းပိုင်းအထိ အံ့အားသင့်ဖွယ်မြင်ကွင်းဖြစ်သော “သန်းခေါင်ယံနေ” ဖြစ်စဉ်ကို ရှုစားနိုင်မည်ဖြစ်သည်။ (Xinhua)

………………………………….
(Chinese Version)
极昼下的地球最北小镇
新奥勒松(挪威),2024年6月26日
位于挪威斯瓦尔巴群岛的小镇新奥勒松,地处北纬79度,是最靠近北极的人类定居点之一,因其极高的纬度和丰富的地质生态被极地科学家誉为“科考圣地”。
这里每年有着长时间的极夜和极昼:从10月下旬到次年2月下旬,这里的居民要经历长达120多天的连续黑夜;从4月下旬到8月下旬,游客则能在新奥勒松欣赏到“午夜太阳”的奇观。
图说:这是6月20日在挪威新奥勒松小镇拍摄的防北极熊警示牌。新华社记者 赵丁喆 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.