Connect with us

North America

ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများကြား တစ်နှစ်ကျော်အတွင်း ပထမအကြိမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး၊ နှစ်ဖက် သတင်းထုတ်ပြန်သော အကြောင်းအရာများ သိသိသာသာကွဲပြားနေ

ရုရှားနိုင်ငံ ဆီပတ်စတိုပိုဆိပ်ကမ်းမြို့၌ ပျက်စီးသွားသော ရုရှားနိုင်ငံ ပင်လယ်နက်ရေတပ်ဌာနချုပ် အဆောက်အအုံကို ၂၀၂၃ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ဝါရှင်တန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Andrey Belousov သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ဇွန် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ယင်းမှာ ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများကြား ယူကရိန်းအရေးနှင့် ပတ်သက်၍ ပထမဆုံး ဖုန်းခေါ်ဆိုမှုဖြစ်ပြီး ၎င်းတို့က ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ မိမိတို့၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်ခဲ့သော အကြောင်းအရာများသည် သိသိသာသာကွဲပြားနေကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် Belousov သည် အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်အရ အော်စတင်နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း၊ ယူကရိန်းအခြေအနေအပေါ် နှစ်ဖက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်များ ဆက်လက်ထောက်ပံ့နေခြင်းကြောင့် အခြေအနေမှာ ပို၍အန္တရာယ်ရှိလာနိုင်သည်ဟု Belousov က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pat Ryder က ကြေညာချက်ထုတ်ပြန်ရာတွင် ယင်းမှာ Belousov ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဖြစ်ပြီးနောက် အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများကြား ပထမအကြိမ် ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း၊ အော်စတင်က ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကြားတွင် အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများကြား ဆက်သွယ်ရေးလမ်းကြောင်းများ အတားအဆီးမရှိ ထားရှိခြင်းသည် အရေးကြီးသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အော်စတင်ဘက်က ဖုန်းခေါ်ဆိုမှု စတင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဌာနက ဇွန် ၂၅ ရက်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Ryder က ပြောကြားခဲ့သည်။

ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများကြား နောက်ဆုံးဖုန်းခေါ်ဆိုမှုသည် ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က ဖြစ်သည်။
မကြာသေးမီက ပင်လယ်နက်ဆိပ်ကမ်း ဆီပတ်စတိုပိုမြို့တွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ၎င်းတိုက်ခိုက်မှုသည် အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ အမေရိကန်နိုင်ငံက ယူကရိန်းအား စစ်ရေးအကူအညီပေးခြင်းကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် သေဆုံးဒဏ်ရာရမှုအခြေအနေများကို ပိုမိုဆိုးရွားစေသည့်အတွက် အမေရိကန်နိုင်ငံအား ရှုတ်ချကြောင်း ရုရှားနိုင်ငံဘက်က ဇွန် ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆီပတ်စတိုပိုမြို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက်သည် ယူကရိန်းနိုင်ငံဘက်မှ ချမှတ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို မသိကြောင်းနှင့် ယူကရိန်းထံမှ အခြေအနေများကို လေ့လာသွားမည်ဖြစ်ကြောင်း Ryder က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………….
(Chinese Version)
俄美防长一年多来首次通话 双方通报内容大相径庭
新华社莫斯科/华盛顿6月26日电 俄罗斯国防部长别洛乌索夫25日同美国国防部长奥斯汀通电话。这是俄美防长一年多以来首次通话,双方围绕乌克兰问题各自阐述立场,通报内容大相径庭。
俄罗斯国防部通报说,别洛乌索夫应美方要求同奥斯汀通话,双方就乌克兰局势交换了意见。别洛乌索夫表示,由于美国继续向乌克兰武装部队供应武器,局势有进一步升级的危险。
美国国防部发言人赖德发表声明说,这是别洛乌索夫5月出任俄国防部长后,美俄防长首次通话。奥斯汀在通话中强调了俄乌冲突下美俄防长保持沟通渠道畅通的重要性。
赖德在美国国防部25日举行的记者会上表示,此次通话是由奥斯汀发起的。
俄美防长上次通话是在2023年3月15日。
针对黑海港口城市塞瓦斯托波尔日前遭导弹袭击,俄罗斯方面24日指认美国与这次袭击有直接关联,谴责美国对乌克兰军援加剧俄乌冲突伤亡情况。赖德说,袭击塞瓦斯托波尔的决定由乌方作出,美方不清楚袭击是否造成平民伤亡,将向乌方了解情况。
图说:这是9月22日在黑海港口城市塞瓦斯托波尔拍摄的俄罗斯黑海舰队总部的受损建筑。新华社/塔斯社