Connect with us

Africa & Middle East

အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပမည်

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲ တက်ရောက်နေသော သမ္မတလောင်းနှင့် တီဟီရန် မြို့တော်ဝန် ဖြစ်သူ Alireza Zakani ကို ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တီဟီရန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်း ၆ ဦးသည် လာမည့်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို ယခုရက်ပိုင်းအတွင်း အီရန်နိုင်ငံအနှံ့အပြား လုပ်ဆောင်လျက် ရှိသည်။
သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ကိုယ်စားလှယ်လောင်း ၆ ဦး စာရင်းကို အီရန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၆ ဦးသည် အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Baqer Qalibaf ၊ ဒုတိယသမ္မတ Ghazizadeh Hashemi ၊ တီဟီရန် မြို့တော်ဝန် Alireza Zakani ၊ နျူကလီးယားဆိုင်ရာ ညှိနှိုင်းရေးမှူးဟောင်း Saeed Jalili ၊ ပြည်ထဲရေးဝန်ကြီးဟောင်း Mostafa Pourmohammadi နှင့် ကျန်းမာရေးဝန်ကြီးဟောင်း Masoud Pezeshkian တို့ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မတရွေးကောက်ပွဲကို ယခင်ကလည်း ပါဝင်ယှဉ်ပြိုင်ဖူးကြသူများဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………
(Chinese Version)
伊朗即将举行总统选举
德黑兰,2024年6月27日
连日来,参加伊朗第14届总统选举的6名总统候选人在伊朗各地为即将进行的总统大选造势。
伊朗内政部日前公布获准参加总统选举的6位候选人名单。6人分别是伊朗议会议长卡利巴夫、副总统哈希米、德黑兰市长扎卡尼、前首席核谈判代表贾利利、前内政部长普尔-穆罕默迪、前卫生部长佩泽什基安。他们此前都参加过总统竞选。
6月26日,在伊朗德黑兰,总统候选人、德黑兰市长扎卡尼参加竞选活动。 新华社记者 沙达提 摄