Connect with us

North America

ဘိုင်ဒန် နှင့် ထရမ့် တို့၏ ပထမအကြိမ် စကားစစ်ထိုးပွဲ၊ အပြန်အလှန် ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့ကြ

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့တွင် ကျင်းပသော သမ္မတလောင်း ရုပ်မြင်သံကြားစကားစစ်ထိုးပွဲ ဖိုင်နယ်ပွဲတွင် ထရမ့် (ဝဲဘက်) နှင့် ဘိုင်ဒန် တို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အတ္တလန္တာ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၏ ပထမအကြိမ် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် ကျင်းပခဲ့ရာ လက်ရှိသမ္မတ ဘိုင်ဒန် နှင့် သမ္မတဟောင်း ထရမ့်တို့သည် ၄ နှစ်နီးပါးကြာပြီးနောက် ထပ်မံ ထိပ်တိုက် စကားစစ်ထိုးခြင်း၊ အပြန်အလှန် ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စကားစစ်ထိုးပွဲကို CNN မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီဝင် ဘိုင်ဒန် နှင့် ရီပက်ဘလစ်ကန်ပါတီဝင် ထရမ့် တို့သည် စင်မြင့်ပေါ်သို့ ရှေ့နောက် တက်ခဲ့ကြပြီး လက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့ပေ။ ၎င်းတို့နှစ်ဦးသည် စီးပွားရေးမူဝါဒ၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်၊ နိုင်ငံခြားရေးမူဝါဒ၊ ဒီမိုကရေစီရေး၊ လူမျိုးရေး၊ ကျန်းမာရေးအာမခံ စသည့် ခေါင်းစဉ်များဖြင့် ၎င်းတို့၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ “စကားစစ်ထိုးပွဲ” ကို အလွန်ပြင်းထန်သော စကားလုံးအသုံးအနှုန်းများ၊ ပြင်းပြသော စိတ်ခံစားမှုနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည်။

ဘိုင်ဒန် နှင့် ထရမ့်တို့သည် အမေရိကန်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် မသင့်လျော်ကြောင်း အပြန်အလှန် အပြစ်တင် ပြောဆိုခဲ့ကြသည်။ ဘိုင်ဒန် က ထရမ့် ကို အကျင့်စာရိတ္တညံ့ဖျင်းသော “အရှုံးသမား”ဟု ဆိုပြီး ရာဇ၀တ်မှုတွင် ပြစ်ဒဏ်ချမှတ်ခံထားရသော “အကြီးစား ရာဇ၀တ်သား” ဖြစ်သည်ဟု အလေးပေးပြောဆိုခဲ့သည်။ ထရမ့်ကလည်း ဘိုင်ဒန်သည် အမေရိကန်သမိုင်းတွင် အညံ့ဖျင်းဆုံး သမ္မတဖြစ်ခဲ့ပြီး ၎င်း၏ ခေါင်းဆောင်မှုအောက်တွင် အမေရိကန်နိုင်ငံသည် “ပျက်စီး ယိုယွင်းလျက်ရှိ” ပြီး ကမ္ဘာက လှောင်ပြောင်ခြင်းခံနေရသည်ဟု ပြောကြားခဲ့သည်။ ဘိုင်ဒန် ရာထူးမှ နုတ်ထွက်ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟုလည်း ထရမ့်က ထပ်မံ ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် မိန့်ခွန်းပြောရာတွင် စကားအလွဲအချော်ပြောမိခြင်း၊ စကားပြောရာက ရပ်သွားခြင်းများ မကြာခဏ ဖြစ်သလို တစ်ခါတစ်ရံ စကားသံ ဗလုံးဗထွေး ဖြစ်ခဲ့သည်ကို အမေရိကန်မီဒီယာများက သတိပြုမိကြသည်။
ဒီမိုကရက်ပါတီဝင်တချို့က ဘိုင်ဒန်အပေါ် စိတ်ပျက်ခဲ့ကြကြောင်း အမေရိကန်မီဒီယာများ၏ သတင်းများအရ သိရသည်။ ထရမ့် မိန့်ခွန်းပြောချိန်သည် ဘိုင်ဒန်ထက် ပိုကြာမြင့်သော်လည်း အမေးတစ်ခြား၊ အဖြေတစ်ခြား ဖြစ်နေပြီး ပြောကြားချက်များတွင် မမှန်ကန်သော အချက်အလက်များစွာ ပါဝင်သေးကြောင်း၊ တီဗီကြည့်ရှုသူအများအပြားက ဤစကားစစ်ထိုးပွဲသည် “ကပ်ဆိုး”၊ “ကားမတော်တဆ ဖြစ်ပွားသည့်အချင်းဖြစ်နေရာ” နှင့် “အချိန်ဖြုန်းခြင်း” ဖြစ်သည်ဟု ဆိုရှယ်မီဒီယာပေါ်တွင် ပြစ်တင်ပြောဆိုခဲ့ကြသည်။
၂၀၂၄ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ၏ ဒုတိယအကြိမ် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အေဘီစီသတင်းဌာနမှ ဦးစီးကျင်းပမည်ဖြစ်သည်။
ယခုနှစ် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ မဲပေးသည့်နေ့သည် နိုဝင်ဘာ ၅ ရက်ဖြစ်ကြောင်း၊ ဘိုင်ဒန် နှင့် ထရမ့်တို့သည် ၎င်းတို့ ပါတီအသီးသီး၏ သမ္မတလောင်းများအဖြစ် ရွေးချယ်ခြင်းခံထားကြရကြောင်း သိရသည်။ အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင်အများစုသည် သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန်နှင့် ထရမ့်တို့ ထပ်မံပါဝင်ယှဉ်ပြိုင်ခြင်းအပေါ် စိတ်ပျက်ငြီးငွေ့နေကြပြီး ၎င်းတို့နှစ်ဦးစလုံးအပေါ် အဆိုးမြင်သော မဲဆန္ဒရှင်အချိုးအစားသည် နှစ် ၃၀ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း အမေရိကန်နိုင်ငံရှိ ပြည်သူ့သဘောထား စစ်တမ်းများက ဖော်ပြထားသည်။ (Xinhua)
……………………………………………….
(Chinese Version)
拜登和特朗普首辩相互炮轰
新华社美国亚特兰大6月27日电(记者熊茂伶 胡友松)美国2024年总统选举首场候选人电视辩论当地时间27日晚在佐治亚州亚特兰大市举行,现任总统拜登和前任总统特朗普时隔近4年再次正面激辩、相互炮轰。
这场辩论由美国有线电视新闻网主办,时长约90分钟。民主党人拜登和共和党人特朗普先后登台,没有握手。二人就经济政策、移民、堕胎权、外交政策、民主、种族、医保等话题进行陈述,并展开“口水仗”,言辞激烈、情绪激动,甚至进行人身攻击。
拜登和特朗普相互指责对方不适合担任美国总统。拜登称,特朗普是一个“失败者”、道德水平低下,并强调他在刑事案件中被定罪,是“重罪犯”。特朗普称,拜登是美国“史上最差总统”,美国在拜登的带领下“正在衰败”,被全世界嘲笑。特朗普还称,拜登下台后也可能被定罪。
美国媒体注意到,拜登多次出现口误、卡顿,而且声音含混。据美国媒体报道,一些民主党人对拜登的表现感到失望。特朗普发言时长超过拜登,但屡次答非所问,陈述中还有大量失实信息。许多电视观众在社交媒体上抱怨,将这场辩论描述为“灾难”“车祸现场”“浪费时间”。
美国2024年总统选举第二场电视辩论将于9月10日举行,由美国广播公司主办。
今年美国大选投票日是11月5日。拜登和特朗普已各自提前锁定所属党派总统候选人提名。民调显示,美国大多数选民都对拜登和特朗普再次在总统选举中对决感到厌倦,对两人都持负面看法的选民比例达到30年来最高水平。(参与记者:孙丁、兴越)(完)
图说:这是2020年10月22日在美国弗吉尼亚州阿灵顿拍摄的视频画面,特朗普(左)与拜登在田纳西州纳什维尔市参加最后一场总统候选人电视辩论。