Connect with us

International Organizations

ပါလက်စတိုင်းနိုင်ငံအား နိုင်ငံအားလုံး အသိအမှတ်ပြုကြရေး ကုလသမဂ္ဂ ပညာရှင် ၂၀ ကျော် တိုက်တွန်း

နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများအပေါ် ကာကွယ်ပေးရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ်နေသည်ကို ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းနိုင်ငံအား နိုင်ငံအားလုံး အသိအမှတ်ပြုကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ ပညာရှင် ၂၀ ကျော်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါပညာရှင်များက ပါလက်စတိုင်းသည် ရှင်သန်နိုင်စွမ်း၊ မိမိကံကြမ္မာကို မိမိဆုံးဖြတ်နိုင်စွမ်းနှင့် လုံခြုံရေးအာမခံချက်ရှိသည့် အမျိုးသားရေး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း အပါအဝင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အပြည့်အဝ ခံစားရမည် ဖြစ်သည်ဟု ယူဆကြသည်။ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းသည် ပါလက်စတိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ရေရှည် ငြိမ်းချမ်းရေး၏ ဦးစွာဖြေရှင်းရမည့် အခြေအနေ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်း အပစ်အခတ် ရပ်စဲရန်နှင့် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့အား “စစ်ရေးကျူးကျော်မှု” ထပ်မပြုရန် တိုက်တွန်းကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ပါလက်စတိုင်း နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်သည် နှစ်ပေါင်းများစွာ အတားအဆီး ဖြစ်ခဲ့သော်လည်း ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့သည်။ ယခုနှစ် မေ ၂၈ ရက်တွင် နော်ဝေ၊ စပိန်နှင့် အိုင်ယာလန် ၃ နိုင်ငံ အစိုးရများက ပါလက်စတိုင်း နိုင်ငံအဖြစ်အသိအမှတ်ပြုကြောင်း အသီးသီး ကြေညာခဲ့သည်။ ထိုမတိုင်မီကလည်း ဘာဘေးဒိုးစ်၊ ဂျမေကာ၊ ထရီနီဒတ်နှင့် တိုဘက်ဂို၊ ဘဟားမား စသည့်နိုင်ငံများကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း အသီးသီးကြေညာခဲ့သည်။

ယခုနှစ် မေ ၁၀ ရက်၊ (၁၀)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အရေးပေါ် အထူးအစည်းအဝေးတွင် ထောက်ခံမဲ ၁၄၃ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၅ မဲ ရလဒ် ရရှိခဲ့ရာ ပါလက်စတိုင်းနိုင်ငံသည် ကုလသမဂ္ဂပဋိညာစာတမ်း သတ်မှတ်ထားသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံသတ်မှတ်ချက်နှင့် ကိုက်ညီ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံသင့်ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

………………………
(Chinese Version)
联合国20多名专家呼吁所有国家承认巴勒斯坦国
新华社日内瓦6月3日电 联合国20多名专家3日在瑞士日内瓦发表联合声明,呼吁所有国家承认巴勒斯坦国。
这些专家认为,巴勒斯坦必须能够享有充分的自决权,包括生存的能力、决定自身命运的能力和作为一个安全有保障的民族自由发展的能力。承认巴勒斯坦国是巴勒斯坦和整个中东地区实现持久和平的先决条件。他们呼吁立即在加沙地带宣布停火,并且不再对加沙地带南部城市拉法进行“军事入侵”。
多年来,巴勒斯坦建国进程受阻,但巴勒斯坦作为一个国家已得到广泛承认。今年5月28日,挪威、西班牙和爱尔兰三国政府分别宣布正式承认巴勒斯坦国。巴巴多斯、牙买加、特立尼达和多巴哥、巴哈马等国也在此之前纷纷宣布承认巴勒斯坦国。
今年5月10日,第十次联合国大会紧急特别会议以143票赞成、9票反对、25票弃权的表决结果通过决议,认定巴勒斯坦国符合《联合国宪章》规定的联合国会员国资格,应被接纳为联合国会员国。
1. 5月24日,在位于纽约的联合国总部,联合国安理会就强调保护人道主义人员的决议草案表决。