Connect with us

Africa & Middle East

တူကီယဲနိုင်ငံတွင် ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ

အစ္စတန်ဘူလ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် ဇွန် ၃၀ ရက်က ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းမတော်တဆမှုသည် ၎င်းပြည်နယ် Torbal ဧရိယာရှိ စားသောက်ဆိုင်တစ်ခု၌ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၃ မိနစ်တွင် စက်မှုလုပ်ငန်းသုံး ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Izmir ပြည်နယ်အုပ်ချုပ်ရေးမှူး Süleyman Elban ၏ပြောကြားချက်အား ကိုးကား၍ တူကီယဲမီဒီယာများက သတင်းဖော်ပြထားသည်။
စားသောက်ဆိုင်အနီးရှိ အဆောက်အဦ ၁၁ လုံးမှာ ယင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း၊ ကြိုတင်ကာကွယ်မှုအနေဖြင့် ထိုနေရာသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ဖြတ်တောက်ထားပြီး ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း Elban က ပြောကြားခဲ့သည်။
အစိုးရရှေ့နေများသည် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဟု တူကီယဲတရားရေးဝန်ကြီး Yılmaz Tunç က အဆိုပါနေ့၌ ဆိုရှယ်မီဒီယာ၌ ဖော်ပြခဲ့သည်။ (Xinhua)
………………………………………..
(Chinese Version)
土耳其发生燃气瓶爆炸事故造成5死57伤
新华社伊斯坦布尔6月30日电(记者王峰)土耳其西部伊兹密尔省6月30日发生燃气瓶爆炸事故,造成5人死亡、57人受伤,其中至少10人伤势严重。
据土耳其媒体援引伊兹密尔省省长苏莱曼·埃利班的话报道,事故于当地时间14时43分发生在该省托尔巴勒地区的一家餐馆,由工业气瓶爆炸引起。
埃利班说,餐馆附近11座建筑在爆炸中遭到损坏。作为预防措施,当地天然气供应已被切断,居民正在疏散。
土耳其司法部长通奇当天在社交媒体上表示,检察官已开始对爆炸原因展开进一步调查。(完)