Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် ပစ်ခတ်မှုရပ်စဲပါက အစ္စရေးနိုင်ငံနှင့် စစ်ပွဲရပ်မည်ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြား

အစ္စရေးထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့်တွင် အစ္စရေးတပ်ဖွဲ့ဝင်များကို ကြည့်ရှုစစ်ဆေးနေသော အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yoav Gallant (ရှပ်အင်္ကျီအနက်ရောင်ဝတ်) ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပါက အစ္စရေးနိုင်ငံနှင့် “ဆွေးနွေးစရာမလိုဘဲ” စစ်ပွဲရပ်စဲသွားမည်ဖြစ်ကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာခေါင်းဆောင် Nasrallah က ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
Nasrallah သည် ထိုနေ့အခမ်းအနားတစ်ခုတွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် တော်လှန်ရေးအဖွဲ့ခွဲအသီးသီး၏အမည်ခံဖြင့် အစ္စရေးနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေပြီး ယင်းစေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်၍ ဟားမက်စ်မှ ချမှတ်သောမည်သည့် ဆုံးဖြတ်ချက်မဆို ဟစ်ဇ်ဘိုလာက ထောက်ခံကြောင်း ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာပိုင် Al-Manar ရုပ်မြင်သံကြားဌာန၏ သတင်းကြေညာချက်အရ သိရသည်။
အစ္စရေးနိုင်ငံနှင့် ဟားမက်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့လျှင်ပင် အစ္စရေးစစ်တပ်နှင့် လက်ဘနွန်ဟစ်ဇ်ဘိုလာတို့၏ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။ Nasrallah က ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေဖြင့်သတိရှိရှိနှင့် အဆိုးဆုံးဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားရမည်ဟု ပြောပြခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
黎巴嫩真主党称如果加沙停火将与以色列停战
新华社贝鲁特7月10日电(记者谢昊)黎巴嫩真主党领导人纳斯鲁拉10日表示,如果加沙地带停火协议达成,该组织将与以色列“不经讨论地”停战。
据黎巴嫩真主党旗下灯塔电视台报道,纳斯鲁拉当天在一场活动上发表视频讲话说,巴勒斯坦伊斯兰抵抗运动(哈马斯)是以各抵抗派别的名义与以色列进行谈判,真主党支持哈马斯就与以方谈判做出的任何决定。
以色列国防部长加兰特7日曾表示,即使以色列与哈马斯达成停火协议,以军与黎巴嫩真主党的作战仍将继续。纳斯鲁拉对此表示,“我们必须保持谨慎,为最坏的可能性做好准备”。
图说:7月7日,以色列国防部长加兰特(黑衬衫者)在以色列控制的戈兰高地视察以军部队。