Connect with us

Europe

သားပိုက်ကောင် ၆၅ ကောင် သတ်ဖြတ်ခံရမှုအား သြစတြေးလျနိုင်ငံက စုံစမ်းစစ်ဆေးနေ

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် အစာရှာဖွေနေသော သားပိုက်ကောင်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များအတွင်း သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် သားပိုက်ကောင် ၆၅ ကောင်ထက်မနည်း သတ်ဖြတ်ခံခဲ့ရရာ သက်ဆိုင်ရာဌာနများက အဆိုပါကိစ္စကို စတင်စုံစမ်းနေပြီဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ အစိုးရဌာနက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ် တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေးဌာနက ပြည်နယ်မြို့တော် မဲလ်ဘုန်း မြောက်ဘက် ကီလိုမီတာ ၁၂၀ အကွာတွင် အနည်းဆုံး သားပိုက်ကောင် ၆၅ ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် တချို့သည် သေနတ်ဖြင့် ပစ်ခံရပြီး တချို့မှာ ကားဖြင့် ဖြတ်တိုက်ခံရ၍ သေဆုံးရသည်မှာ သိသာကြောင်း အမှုတိုင်ကြားချက်ကို လက်ခံရရှိခဲ့သည်ဟု သြစတြေးလျနိုင်ငံ အစိုးရ၏ အကြောင်းကြားစာကို ကိုးကား၍ အေအက်ဖ်ပီ သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာ၌ သေနတ်ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာတွင် အနည်းဆုံး သားပိုက်ကောင် ၃ ကောင် အသက်ရှင်လျက် တွေ့ရှိခဲ့ရသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိထား၍ ယင်းတို့ကို ယူသန်နေရှား နည်းလမ်းဖြစ်သော ဆေးအကူအညီဖြင့် အဆုံးသတ်ပေးခဲ့ရကြောင်း၊ ထို့အပြင် ၎င်းတို့သည် သားပိုက်ကောင်ငယ် နှစ်ကောင်ကိုလည်း ကယ်တင်ခဲ့ပြီး ယင်းတို့အား ဒေသခံ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
သားပိုက်ကောင်များသည် သြစတြေးလျနိုင်ငံတွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်မဟုတ်သော်လည်း ယင်းတို့သည် ကာကွယ်ထားခြင်းခံရသော တိရစ္ဆာန်များဖြစ်ကြောင်း၊ သားပိုက်ကောင်များကို အမဲလိုက်ရန်အတွက် အစိုးရဌာနမှ လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
澳大利亚调查65只袋鼠被杀事件
新华社北京7月11日电 澳大利亚政府部门11日说,在该国维多利亚州近日至少有65只袋鼠被杀死,有关部门已着手调查此事。
法新社援引澳政府通报报道,维多利亚州野生动物管理部门接到报案,在州首府墨尔本以北约120公里处发现至少65只袋鼠死亡,它们当中有的遭枪击,有的显然被车碾轧而死。调查人员在事发现场找到了猎枪子弹壳。
通报说,调查人员在事发地发现“至少3只袋鼠还活着,但伤势过重,因此只得将它们安乐死”。此外,他们还救下两只幼年袋鼠,将它们送到当地的野生动物“收容中心”。
袋鼠在澳大利亚虽不是濒危物种,但属于受保护动物,猎杀袋鼠需向政府部门申请许可证。
图说:这是2023年10月24日在澳大利亚堪培拉拍摄的觅食的袋鼠。新华社发(储晨摄)