Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ်သည့်မြင်ကွင်းအား ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/KCNA)

ဆိုးလ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်သစ် “Hwasongpho-11 Da-4.5” ကို မြောက်ကိုရီးယား ဒုံးကျည်ရေးရာ ရုံးချုပ်က ဇူလိုင် ၁ ရက်တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည်သည် အလေးချိန် ၄.၅ တန် ရှိသော ဧရာမ ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)၏ ဇူလိုင် ၂ ရက် သတင်းများအရ သိရသည်။

ယခုအကြိမ် ပစ်လွှတ်မှုတွင် အကြီးစား နမူနာ ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်ကာ အဝေးဆုံးအကွာအဝေး ၅၀၀ ကီလိုမီတာနှင့် အနီးဆုံးအကွာအဝေး ၉၀ ကီလိုမီတာတွင် ပျံသန်းသည့် တည်ငြိမ်မှုနှင့် ပစ်မှတ်တိကျမှုကို စမ်းသပ်ခြင်း ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)


…………………………..
(Chinese Version)
朝鲜成功试射新型战术弹道导弹
新华社首尔7月2日电 据朝中社2日报道,朝鲜导弹总局1日成功试射“火星炮-11丙-4.5”新型战术弹道导弹,该导弹可携带4.5吨级超大型弹头。
报道说,在此次试射中,该导弹携带重型模拟弹头,验证其在500公里最大射程和90公里最小射程中的飞行稳定性和命中精确度。(完)
1. 2024年4月3日, 这张朝中社提供的照片显示的是导弹发射升空画面。 新华社/朝中社