Connect with us

International Organizations

ကမ္ဘာ့ကုန်းမြေများ လျင်မြန်စွာ ယိုယွင်းလာခြင်းနှင့် ပတ်သက်၍ UNESCO (ယူနက်စကို) က သတိပေး

နမီးဘီးယားနိုင်ငံ မြို့တော် ဗင့်ဟို့ထ် မြို့ပြင်ရှိ Avis ရေလှောင်ကန်၏ ခြောက်သွေ့နေသောရေလှောင်ကန်အောက်ခြေကို ၂၀၁၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

၂၀၅၀ ခုနှစ်ရောက်လျှင် ကမ္ဘာ့ကုန်းမြေ၏ ၉၀ ရာခိုင်နှုန်းသည် ယိုယွင်းသွားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် လူသားတို့၏နေထိုင်မှုအပေါ် ကြီးမားသော အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဇူလိုင် ၁ ရက်တွင် သတိပေးခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့အစည်းသည် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအား ကုန်းမြေယာကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုများကို မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီးနှင့် ယင်းနယ်ပယ်တွင် အသိပညာကွာဟချက်များအား ဖြည့်ဆည်းပေးရန်အတွက် ပညာရေးနှင့် လေ့ကျင့်ရေးမြှင့်တင်မှု လုပ်ဆောင်ချက် အများအပြား လုပ်ဆောင်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကျန်းမာသောကုန်းမြေသည် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးခြင်း၊ ရာသီဥတုကို ထိန်းညှိပေးခြင်း၊ စားနပ်ရိက္ခာထုတ်လုပ်ခြင်းနှင့် ရေအရင်းအမြစ်များ သန့်စင်ခြင်းတို့အတွက် အခြေခံဖြစ်ကြောင်း UNESCO ၏ အဆိုပါနေ့ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ဥရောပကော်မရှင်၏ ပူးတွဲသုတေသနစင်တာမှ ထုတ်ပြန်သော “ကမ္ဘာ့သဲကန္တာရ ကုန်းမြေပုံစာအုပ်” တွင် ကမ္ဘာတစ်ဝန်းလုံးရှိ ကုန်းမြေ ၇၅ ရာခိုင်နှုန်းသည် ယိုယွင်းခဲ့ရာ လူဦးရေ ၃.၂ ဘီလီယံကို တိုက်ရိုက်သက်ရောက်မှု ရှိစေခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ ၂၀၅၀ ပြည့်နှစ်တွင် ကုန်းမြေပျက်စီးမှုအချိုးအစားသည် ၉၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

……………………………
(Chinese Version)
联合国教科文组织针对全球土地快速退化发出警告
新华社巴黎7月2日电(记者张百慧 徐永春)联合国教科文组织7月1日警告,到2050年,全球90%的土地或将退化,从而给生物多样性和人类生活带来重大风险。该组织呼吁各会员国加强土地保护和恢复,并宣布将采取多项行动,促进教育和培训,填补该领域的知识空白。
教科文组织当天发布的新闻公报指出,健康的土地是维持生态系统和生物多样性、调节气候、生产粮食和净化水资源的基础。但欧盟委员会联合研究中心发布的“世界荒漠化地图集”显示,全球75%的土地已经退化,直接影响到32亿人口;按照目前趋势,到2050年土地退化的比例将上升至90%。
图说:图为2016年4月19日在纳米比亚首都温得和克市郊区拍摄的艾维斯水库干涸的库底。 (新华社记者吴长伟摄)