Connect with us

North America

အမေရိကန်နိုင်ငံ ဖက်ဒရယ် အစိုးရ ကြွေးမြီအတိုင်းအတာသည် အမေရိကန်ဒေါ်လာ ၃၅ ထရီလီယံ စံချိန် ကျော်လွန်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖက်ဒရယ် အစိုးရ ကြွေးမြီအတိုင်းအတာသည် အမေရိကန်ဒေါ်လာ ၃၅ ထရီလီယံ စံချိန် ကျော်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေး၀က်ဘ်ဆိုက်က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
ဇူလိုင် ၂၆ ရက်အထိ ဖက်ဒရယ် အစိုးရ၏ကြွေးမြီအတိုင်းအတာသည် ယခင်ရက်က အမေရိကန်ဒေါ်လာ ၃၄.၉၉၈ ထရီလီယံမှ အမေရိကန်ဒေါ်လာ ၃၅.၀၀၁ ထရီလီယံအထိ တိုးလာကြောင်း ဘဏ္ဍာရေးဌာန အချက်အလက်များက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဖက်ဒရယ် အစိုးရ၏ ကြွေးမြီသည် ယခင်နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၃၄ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယင်းမတိုင်မီ ရှေ့သုံးလတွင် အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံ၊ နောက်ထပ် ရှေ့သုံးလတွင် အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံ ကျော်လွန်ခဲ့ကြောင်း၊ “ဒီငွေချေးတဲ့ အပြုအမူဟာ ဆက်တိုက်လိုဖြစ်နေပြီး မဆင်မခြင်နဲ့ အထိန်းအကွပ်မဲ့ ဖြစ်နေတယ်” ဟု အမေရိကန်နိုင်ငံ သီးခြား သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖက်ဒရယ်ဘတ်ဂျက် တာဝန်ခံကော်မတီ ဥက္ကဋ္ဌ Maya MacGuineas က အဆိုပါနေ့ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကြွေးမြီများ ထိန်းချုပ်မနိုင်ဖြစ်နေကြောင်း သတိပေးခေါင်းလောင်းသံ ထပ်မံ တီးမြည်နေသော်လည်း လက်ရှိ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် နှစ်ပါတီစလုံးက အသုံးစရိတ်လျှော့ချရန်နှင့် ကြွေးမြီများကို ထိန်းချုပ်ရန် အားထုတ်မှုမရှိသေးပေ။ လက်ရှိ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အကြွေးပြဿနာများကို ဖော်ပြခြင်း မရှိသလောက်ဖြစ်ကြောင်း မီဒီယာအချို့က သတိပြုမိကြသည်။ ကြွေးမြီသည် အမေရိကန်နိုင်ငံတွင် ရင်ဆိုင်နေရသော အဓိကအန္တရာယ်များထဲမှ တစ်ခုဖြစ်ပြီး ကြွေးမြီပြဿနာကို အလေးအနက်ထားကာ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်သင့်သည်ဟု MacGuineas က သတိပေးခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
美国联邦政府债务规模突破35万亿美元大关
新华社华盛顿7月29日电(记者熊茂伶)美国财政部网站29日发布的最新数据显示,美国联邦政府债务规模已突破35万亿美元大关。
财政部数据显示,截至7月26日,联邦政府债务规模已由前一日的34.998万亿美元上升至35.001万亿美元。
美国独立研究机构联邦预算问责委员会主席马娅·麦吉尼亚斯当天在一份声明中说,美国联邦政府债务规模去年底达到34万亿美元,在那之前3个月突破33万亿美元,再之前3个月突破32万亿美元。“这种借贷行为持续不断,既鲁莽又毫不收敛。”
尽管美国债务失控的警钟再度敲响,但眼下民主、共和两党都没有动力削减开支、控制债务。一些媒体注意到,在当前美国大选竞选活动中,债务问题几乎没有被提及。麦吉尼亚斯警告说,债务是美国面临的重大危险之一,应严肃对待债务问题,并尽快行动。(完)