Connect with us

Africa & Middle East

အစ္စရေး ဟိုင်ဖာဆိပ်ကမ်း၏ “အဓိက ပစ်မှတ်” ကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်များက ပြောကြား

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree အား ဇွန် ၂၂ ရက် ဗီဒီယိုမြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ နှင့် အီရတ် ပြည်သူ့စစ် “အစ္စလာမ္မစ် တော်လှန်ရေး အဖွဲ့” ပူးတွဲလှုပ်ရှားမှုဖြင့် အစ္စရေး ဟိုင်ဖာဆိပ်ကမ်း၏ “အဓိက ပစ်မှတ်” ကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ယခုအကြိမ် စစ်ရေးလှုပ်ရှားမှုတွင် “ဒုံးကျည်အများအပြား” ကို အသုံးပြုခဲ့ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သော်လည်း ပစ်မှတ်ကို ရှင်းလင်းစွာ ပြောကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံး ဖြစ်ပွားမှုအခြေအနေအပေါ် အစ္စရေးဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

ဟိုင်ဖာဆိပ်ကမ်း ယခုကဲ့သို့ ပူးတွဲတိုက်ခိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကို ဦးတည်သည့် အစ္စရေး စစ်ရေးလှုပ်ရှားမှုများကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ဟူသီလက်နက်ကိုင်များနှင့် ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု “အစ္စလာမ္မစ် တော်လှန်ရေး အဖွဲ့” က မကြာသေးမီက ကြေညာခဲ့သည်။ “အစ္စလာမ္မစ် တော်လှန်ရေး အဖွဲ့” နှင့် ပူးတွဲလှုပ်ရှားမှုတွင် ဟိုင်ဖာဆိပ်ကမ်းရှိ သင်္ဘောတစ်စင်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သော်လည်း ဟိုင်ဖာဆိပ်ကမ်းတိုက်ခိုက်ခံရမှုကို အစ္စရေးက ငြင်းဆိုထားသည်။ (Xinhua)
………………………….
(Chinese Version)
也门胡塞武装称袭击以色列海法港“重要目标”
新华社北京7月3日电 也门胡塞武装2日说,该组织与伊拉克民兵武装“伊斯兰抵抗组织”联合行动,袭击了以色列北部海法港的一处重要目标。
胡塞武装发言人叶海亚·萨雷亚发表电视声明,说这次军事行动使用了“多枚导弹”,但没有指明袭击的目标。
以色列方面暂未对最新事件置评。
这不是海法港第一次遭受这样的联合袭击。“伊斯兰抵抗组织”最近宣布与胡塞武装开展联合行动,以对抗以色列针对巴勒斯坦伊斯兰抵抗运动(哈马斯)的军事行动。胡塞武装6月26日说,在与“伊斯兰抵抗组织”的联合行动中,用多架无人机袭击了海法港的一艘船。不过,以方当时否认海法港遇袭。
1. 这张6月22日的视频截图显示,也门胡塞武装发言人叶海亚·萨雷亚在萨那发表声明。新华社发