Connect with us

Asia

အိန္ဒိယနိုင်ငံ ဥတ္တရပရာဒက်ရှ်ပြည်နယ်တွင် လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၁၁၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဥတ္တရပရာဒက်ရှ်ပြည်နယ် ဟာထရပ်စ်ဒေသရှိ ဆေးရုံအပြင်ဘက်၌ လူအုပ် ပိမှုကြောင့် သေဆုံးသူ ရုပ်အလောင်း သယ်ဆောင်လာသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဥတ္တရပရာဒက်ရှ်ပြည်နယ် ဟာထရပ်စ်ဒေသတွင် လူထုစုဝေးပွဲတစ်ခု၌ ပြင်းထန်သော လူအုပ်ပိမှု ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
လူအုပ်ပိမှုဖြစ်ရသည့် အဓိကအကြောင်းရင်းများအနက်တစ်ခုမှာ လူစုလူဝေး ပမာဏသည် အစိုးရခွင့်ပြုထားသော နေရာ၏လက်ခံနိုင်သည်ထက် ကျော်လွန်သွားခြင်းကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ ဤပွဲကို လူပေါင်း ၅,၀၀၀ ခန့်သာ တက်ရောက်ခွင့်ပြုထားသည်ဟု ရဲအရာရှိက ပြောကြားခဲ့သည်။ သို့သော်လည်း အခင်းဖြစ်ပွားရာနေရာ၌ လက်တွေ့တွင် လူ ၅၀,၀၀၀ ခန့် စုဝေးခဲ့ကြပြီး စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်သာရှိကြောင်း မျက်မြင်သက်သေအများအပြား၏အဆိုအရ သိရသည်။ (Xinhua)


………………………………………………
(Chinese Version)
印度北方邦发生踩踏事故至少116人死亡
新华社新德里7月3日电 印度北方邦哈特勒斯地区一集会现场2日发生严重踩踏事故。当地官员确认,事故目前已造成至少116人死亡。
调查显示,集会人数远远超出政府允许的场地容量是踩踏发生的主要原因之一。警官拉杰什·辛格表示,此次活动获准接纳的人数只有5000人左右。但据多名目击者说,现场实际有约5万人聚集,仅有约40名警察负责维持秩序。(完)
图说:7月3日,在印度北方邦哈特勒斯,人们在医院外搬运一具踩踏事故遇难者的遗体。