Connect with us

Europe

ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား၊ နျူကလီးယားဘေးကင်းလုံခြုံရေး ထိခိုက်မှုမရှိဟု IAEA ပြောကြား

ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံအား ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံ၏ အအေးခံမျှော်စင် ဩဂုတ် ၁၁ ရက်တွင် မီးလောင်ကျွမ်းခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းက ယင်းနေ့၌ ပြောကြားခဲ့ပြီး ထိုအချင်းဖြစ်ရပ်အပေါ် နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။ နျူကလီးယားဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်သည့် အစီရင်ခံမှုမရရှိသေးကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ဩဂုတ် ၁၁ ရက် ညပိုင်းတွင် ယူကရိန်းတပ်က ဇာပိုရေဇီးယား နျူးကလီးယား ဓာတ်အားပေးစက်ရုံ၏ အဓိက အအေးခံမျှော်စင် နှစ်ခုအနက် တစ်ခုကို တိုက်ခိုက်ခဲ့ရာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း Rosatom ကုမ္ပဏီက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကမူ နျူကလီးယားစက်ရုံအတွင်း ရုရှားက မီးရှို့ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြစ်တင် ပြောဆိုထားသည်။ မီးလောင်ကျွမ်းမှုကို ဒေသစံတော်ချိန် ဩဂုတ် ၁၁ ရက် ၂၃ နာရီ ၃ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)

新华简讯|扎波罗热核电站发生火灾 国际原子能机构说核安全未受影响
新华社莫斯科8月12日电 俄罗斯和乌克兰11日说,扎波罗热核电站冷却塔当天发生火灾,并均指责对方制造这起事故。国际原子能机构同日表示,尚未收到核安全方面受到影响的报告。
俄罗斯国家原子能公司发表声明说,当地时间11日晚,乌军对扎波罗热核电站两个主冷却塔之一实施两次无人机袭击,引发火灾。乌克兰总统泽连斯基则在社交媒体上指责俄方在核电站内纵火。大火已于当地时间11日23时30分许被扑灭。(完)
1. 这是2023年3月29日拍摄的扎波罗热核电站。新华社发(维克托摄)