Connect with us

Africa & Middle East

ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားရာ လူပေါင်း ၁၈၀,၀၀၀ ကျော် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြား

ယီမင်နိုင်ငံ မြို့တော် ဆန်နားတွင် သဘာဝဘေးဒဏ်သင့်နေရာကို သြဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံရှိ နေရာအများအပြားတွင် သြဂုတ်လဆန်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၈၀,၀၀၀ ကျော် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းက ဩဂုတ် ၁၅ ရက် ထုတ်ပြန်သော အစီရင်ခံစာ၌ ပြောကြားခဲ့သည်။ယီမင်နိုင်ငံတွင် ကပ်ဘေးဒဏ် အဆိုးရွာဆုံးခံရသည့်ပြည်နယ်များမှာ အနောက်ဘက်ရှိ Hodeidah ပြည်နယ်၊ အနောက်မြောက်ဘက်ရှိ Hajjah ပြည်နယ်၊ မြောက်ဘက်ရှိ Saada ပြည်နယ်နှင့် အနောက်တောင်ဘက်ရှိ Taiz ပြည်နယ်တို့ ပါဝင်ပြီး Hodeidah ပြည်နယ်တစ်ခုတည်းတွင်ပင် အိုးအိမ်မဲ့နေထိုင်သူ ၅၀,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့၏ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ယီမင်နိုင်ငံ မြို့တော် ဆန်နားတွင် သဘာဝဘေးဒဏ်သင့်နေရာကို သြဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခန့်မှန်းချက်များအရ စက်တင်ဘာလအထိ မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိသောကြောင့် သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ၄.၉ သန်းခန့် အရေးပေါ်လိုအပ်နေကြောင်း သိရသည်။မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများက စစ်ပွဲနှင့်ဆင်းရဲနွမ်းပါးမှု ဒဏ်ခံနေရသော ယီမင်ပြည်သူများ၏ ဒုက္ခကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ရေကြီးမှုကြောင့် လူနေအိမ်များ၊ ဒုက္ခသည်စခန်းများ ပျက်စီးခဲ့ပြီး နေရာအသီးသီးရှိ အများပြည်သူပိုင် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် လမ်းများ ဖျက်ဆီးခံရခြင်း၊ ရေကြီးမှုကြောင့် စစ်မြေပြင်မှ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲပစ္စည်းများ လူနေရပ်ကွက်များသို့ ရောက်ရှိသွားခြင်း စသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ဟု ထပ်မံဖော်ပြခဲ့သည်။ (Xinhua)

……………………………………………..
(Chinese Version)
联合国机构:也门暴雨引发洪水逾18万人受灾
新华社科威特城8月15日电(记者尹炣)亚丁消息:联合国机构15日发布报告说,8月初以来也门多地遭遇暴雨引发洪水,导致逾18万人受灾。
联合国人口基金、联合国儿童基金会和世界粮食计划署当天联合发布报告说,也门受灾最严重的省份包括西部的荷台达省、西北部的哈杰省、北部的萨达省和西南部的塔伊兹省,仅在荷台达省就有约5万人流离失所。预计暴雨将持续到9月,因此迫切需要约490万美元紧急援助,以应对灾情。
报告说,暴雨和洪水加剧了处于战乱和贫穷中的也门民众的苦难,洪水冲毁了房屋、避难所,给各地公共财产造成破坏和损失。报告还提到救灾过程中面临的困难和挑战,如道路被毁、洪水将战区的地雷和爆炸物冲至居民区等。
图说:这是8月16日在也门首都萨那拍摄的受灾区域。