Connect with us

North America

အမေရိကန်နိုင်ငံက “အမေရိကန်နိုင်ငံအလံကို အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ရမည်”ဟူသော ဥပဒေပြဌာန်း ကန့်သတ်ထား

ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ပြည်ထောင်စုအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၌ အပြည့်အဝထုတ်လုပ်ထားသော အမေရိကန်အလံများကိုသာ ဝယ်ယူရန် တောင်းဆိုထားသော ဥပဒေကြမ်းတစ်ရပ်ကို ယခုသီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုဥပဒေကြမ်းကို ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရှားရော့ဘရောင်း နှင့် ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဆူစန်ကောလင်း တို့က ပူးတွဲအဆိုပြုကာ ယခင်နှစ် နိုဝင်ဘာလတွင် အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး ယခုနှစ် ဇူလိုင်လနှောင်းပိုင်း၌ အောက်လွှတ်တော်က အတည်ပြုခဲ့၍ ဘိုင်ဒန်ထံ လက်မှတ်ရေးထိုးရန် တင်သွင်းခဲ့သည်။
မကြာသေးမီနှစ်များအတွင်း လွှတ်တော်အမတ် ဘရောင်း၊ ကောလင်းနှင့် အခြားသူများက “အမေရိကန်နိုင်ငံအလံ အမေရိကန်နိုင်ငံထုတ်” ဥပဒေကြမ်းအတွက် အစဉ်မပြတ်တွန်းအားပေးလုပ်ဆောင်ခဲ့ကြကြောင်း၊ ယခင်ကြိုးပမ်းမှုများသည် အထက်လွှတ်တော်၏ အတည်ပြုခြင်းရရှိခဲ့သော်လည်း အောက်လွှတ်တော်၌ ရပ်တန့်သွားခဲ့ကြောင်း အေပီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
တည်ဆဲစည်းကမ်းချက်များအရ ပြည်ထောင်စုအစိုးရမှဝယ်ယူသော အမေရိကန်အလံများတွင် အနည်းဆုံး အမေရိကန်ထုတ်ပစ္စည်းများ ၅၀ ရာခိုင်နှုန်း ပါဝင်ရမည် ဖြစ်သည်။ ဥပဒေကြမ်းအသစ်သည် ထိုရာခိုင်နှုန်းကို ၁၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ထားပြီး အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ရန် တောင်းဆိုခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဒေါ်လာ ၄ သန်းကျော် တန်ဖိုးရှိ နိုင်ငံအလံများ တင်သွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံ ပြည်ထောင်စုအစိုးရ၏ အချက်အလက်များဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………….
(Chinese Version)
美立法强制“美国旗美国造”
新华社华盛顿8月1日电 据美国媒体报道,美国总统拜登本周签署一项法案,要求联邦政府只能采购完全在美国制造的美国国旗。
该法案由民主党联邦参议员谢罗德·布朗与共和党联邦参议员苏珊·柯林斯联合发起,去年11月获国会参议院通过,今年7月下旬获众议院通过,并提交拜登签署。
美联社报道,布朗和柯林斯等人近年一直推动“美国旗美国造”法案,之前的几次尝试在参议院获得通过,但止步于众议院。
根据现有规定,联邦政府采购的美国国旗须含有至少50%美国制造的材料。新法案将这一比例提高至100%,并且要求在美国生产。
美国联邦政府数据显示,美国2015年进口的国旗价值超400万美元。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.