Connect with us

China

“တရုတ်-ဥရောပ အမြန်ရေကြောင်းပို့ဆောင်ရေး” တိုက်ရိုက်လမ်းကြောင်း၏ ပထမဆုံးကုန်တင်သင်္ဘော ဂျာမနီနိုင်ငံ Wilhelmshaven ဆိပ်ကမ်းသို့ရောက်ရှိ

ဂျာမနီနိုင်ငံ Wilhelmshaven ရှိ ကွန်တင်နာ ကုန်တင်ဆိပ်ကမ်းတွင် “တရုတ်-ဥရောပ အမြန်ရေကြောင်းပို့ဆောင်ရေး” တိုက်ရိုက်လမ်းကြောင်း၏ ပထမဆုံးကုန်တင်သင်္ဘော ရပ်နားထားသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Wilhelmshaven ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းပေါမြို့ သန်းစန်းဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့သော ကုန်တင်သင်္ဘောတစ်စင်းသည် ဂျာမနီနိုင်ငံ Wilhelmshaven ဆိပ်ကမ်းသို့ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ ယင်းက တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်းဒေသများနှင့် ဂျာမနီနိုင်ငံ၏ တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းကို ချိတ်ဆက်ထားသည့် “တရုတ်-ဥရောပ အမြန်ရေကြောင်းပို့ဆောင်ရေး” တိုက်ရိုက်လမ်းကြောင်း၏ ပထမဆုံးခရီး အောင်မြင် ပြီးဆုံးကြောင်း အမှတ်လက္ခဏာဖြစ်ပေသည်။
အဆိုပါ ကုန်တင်သင်္ဘောသည် အဓိကအားဖြင့် တရုတ်နိုင်ငံမှ လီသီယမ်ဘက်ထရီနှင့် နယ်စပ်ဖြတ်ကျော် e-commerce စသည့် တန်ဖိုးမြင့်ပစ္စည်းများ တင်ဆောင်လာကြောင်း၊ ခရီးကြာချိန်မှာ ၂၆ ရက်သာ ဖြစ်ပြီး သမာရိုးကျပို့ဆောင်ရေးပုံစံထက် ၁၀ ရက်ကျော် ပိုမိုမြန်သွားကြောင်း သတင်းထောက်က သိရှိခဲ့ရသည်။
“တရုတ်-ဥရောပ အမြန်ရေကြောင်းပို့ဆောင်ရေး” သည် ဆိပ်ကမ်းနှစ်ခုအကြား တိုက်ရိုက်လမ်းကြောင်းဖြစ်ရာ အခြားသော ဆိပ်ကမ်းများတွင် မရပ်နားကြောင်း၊ လက်ရှိ တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်းဒေသများမှ ဥရောပသို့ အမြန်ဆုံးတိုက်ရိုက်လမ်းကြောင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းများဆိုက်ရောက်ပြီးနောက် ကုန်းလမ်းနှင့် မီးရထားလမ်း ကွန်ရက်များဖြင့် ဟန်ဂေရီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ စသည့် အခြားဥရောပနိုင်ငံများသို့ သယ်ယူပို့ဆောင်ပေးကြောင်း Wilhelmshaven ဆိပ်ကမ်းဂိတ် တာဝန်ခံ Marc-Oliver Hauswald က သတင်းထောက်ကို ပြောပြခဲ့သည်။
အဆိုပါသင်္ဘောဖြင့် ပို့ဆောင်ရေးလမ်းကြောင်းဖွင့်လှစ်ခြင်းက တရုတ်-ဥရောပ ကုန်ပစ္စည်းအပြန်အလှန် စီးဆင်းရေးအတွက် အဆင်ပြေချောမွေ့မှုကို ဆောင်ကြဉ်းပေးသည်သာမက ကမ္ဘာ့ထုတ်ကုန်ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်စေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပိုမိုပါဝင်နိုင်စေပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးတွဲတည်ဆောက်ရေး၏ နက်ရှိုင်းသော အနက်အဓိပ္ပာယ်ကို အပြည့်အဝစွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်ခြင်းဖြစ်ကြောင်း ဟမ်းဘာ့ခ်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ချုံဝူက အဆိုပါနေ့ ကုန်တင်သင်္ဘောဆိုက်ရောက်ခြင်း အခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဤပို့ဆောင်ရေးလမ်းကြောင်းက တရုတ်- ဂျာမနီ နှစ်နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးမည်ဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးအတွက် စွမ်းအားအသစ်များ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိသည် ကမ္ဘာ့ ပထဝီနိုင်ငံရေး မသေချာမရေရာဖြစ်မှု ဆိုးရွားနေသည့် အခြေအနေတွင် ငြိမ်သက်၍ အားထားနိုင်သော ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံမှုမှာ အထူးအရေးကြီးကြောင်း ဂျာမနီနိုင်ငံ Lower Saxony ပြည်နယ် စီးပွားရေးဝန်ကြီးဌာန ပြည်နယ်အတွင်းရေးမှူး Frank Doods က ပြောကြားခဲ့သည်။ ယခုအကြိမ်၏ ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းဖွင့်လှစ်ခြင်းက Wilhelmshaven ဆိပ်ကမ်းနှင့် Lower Saxony ပြည်နယ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဆောင်ကြဉ်းပေးသလို ဂျာမနီ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်ကိုလည်း မြင်သာစေကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံအနေဖြင့် ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရှိလာပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို အတူ တွန်းအားပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်-ဥရောပ အမြန်ရေကြောင်းပို့ဆောင်ရေး” ပထမဆုံးကုန်တင်သင်္ဘောသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် နင်းပေါ သန်းစန်းဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး အနာဂတ်တွင် တရုတ်- ဥရောပအကြား ပုံမှန် ကုန်တင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………..
(Chinese Version)
“中欧快航”直达航线首航货轮抵达德国威廉港
新华社德国威廉港1月24日电(记者车云龙 单玮怡)24日上午,一艘由中国宁波舟山港启航的货轮抵达德国北部威廉港。这标志着连通中国长三角地区与德国唯一深水港的“中欧快航”直达航线成功完成首航。
记者了解到,这艘集装箱船主要装载来自中国的锂电池及跨境电商等高附加值货物,航程耗时仅26天,较传统方式缩短十余天。
威廉港港口负责人马克-奥利弗·豪斯沃尔德告诉记者,“中欧快航”是两港之间“点对点”直达航线,不在其他港口停靠,是目前中国长三角地区至欧洲最快的直达航线。货物抵达后,将通过陆路和铁路网络转运至匈牙利、法国、比利时等其他欧洲国家。
中国驻汉堡总领事丛武在当天的货轮抵达仪式上致辞说,该航线开通不仅为中欧商品互通提供便利,更为全球产供链稳定发挥积极作用,充分诠释共建“一带一路”深刻内涵。他表示,这条航线将为中德两地带来新合作机遇,为双边经济注入新活力。
德国下萨克森州经济部国务秘书弗兰克·杜兹说,在当前全球地缘政治不确定性加剧背景下,稳定且可靠的贸易伙伴关系尤为重要。此次航线开通为威廉港及下萨克森州带来经济发展机遇,也彰显德中合作的深厚基础。他相信,未来两国将有更多类似合作,共同推动双边经贸发展。
“中欧快航”首航货轮于去年12月30日从宁波舟山港启程,未来将实现中欧间常态化货物运输。(完)
图说:1月24日,“中欧快航”直达航线首航货轮停靠在德国威廉港集装箱码头。新华社记者 单玮怡 摄