Europe
ဥရောပ ပါဝင်ခြင်းမရှိသော ရုရှား- ယူကရိန်း ပဋိပက္ခ စေ့စပ်ညှိနှိုင်းမှုကို “လက်မခံနိုင်” ကြောင်း ဥရောပ ခေါင်းဆောင်များ ပြောကြား

မြူးနစ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ရုရှား- ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ ရုရှားနှင့် “တစ်ဖက်သက်” စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေသော အမေရိကန်၏ တွန်းအားပေးမှုအပေါ် ဥရောပနိုင်ငံများနှင့် ယူကရိန်း ပါဝင်မှုမရှိသော စေ့စပ်ညှိနှိုင်းမှုကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ဥရောပနိုင်ငံ အများအပြား၏ ခေါင်းဆောင်များက မကြာသေးမီရက်များ၌ မြူးနစ်လုံခြုံရေးညီလာခံ (MSC) တက်ရောက်စဉ် ကာလအတွင်း ပြောကြားခဲ့သည်။
လတ်တလောရက်များတွင် အမေရိကန်သမ္မတ ထရမ့်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဆက်သွယ်ခဲ့သည်။ ထို့နောက် အမေရိကန်- ရုရှား နှစ်နိုင်ငံသည် ရုရှား- ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးနှင့် ပတ်သက်၍ “နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု” များ ပြုလုပ်ရန်နှင့် ၎င်းတို့ သက်ဆိုင်ရာအဖွဲ့များစေလွှတ်၍ “စေ့စပ်ညှိနှိုင်းမှု ချက်ချင်းစတင်ရန်” သဘောတူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio စသည့် အရာရှိများနှင့် ရုရှားအရာရှိများသည် ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံပြီး ရုရှား- ယူကရိန်း ပဋိပက္ခကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်အမတ် Michael McCaul က ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်လုံခြုံရေးညီလာခံတက်ရောက်စဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
အထက်ဖော်ပြပါ လှုပ်ရှားမှုများက ဥရောပအား ၎င်းကို ယူကရိန်း ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်စေသည်။ မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံရေးသမားသည် ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ အစည်းအဝေးများသို့ အလုအယက်တက်ရောက်ခဲ့ကြသည်။ ဥရောပအနေဖြင့် ရုရှား- ယူကရိန်း စစ်ပွဲများ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရမည်ဖြစ်ပြီး “ရုရှားနဲ့ အမေရိကန်က ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေ မပါဝင်တဲ့ အခြေအနေမှာ စေ့စပ်ညှိနှိုင်းတွေပြုလုပ်တာကတော့ လုံးဝလက်ခံနိုင်စရာမရှိဘူး” ဟု ဂျာမနီနိုင်ငံ ခရစ်ယာန်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (CDU) ဥက္ကဋ္ဌ Josef Merz က မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံသမ္မတ Alexander Stubb က “ဥရောပသားတွေမရှိဘူးဆိုရင် ယူကရိန်းရဲ့ အနာဂတ် ဒါမှမဟုတ် ဥရောပလုံခြုံရေးဖွဲ့စည်ပုံ ကို ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းတွေ လုပ်လို့မရပါဘူး။ ဒါပေမဲ့ ဥရောပအနေနဲ့ စည်းလုံးညီညွတ်ဖို့၊ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ဖို့ လိုတယ်” ဟု မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း မီဒီယာသတင်းထောက်များကို ပြောကြားခဲ့သည်။
ဥရောပ၏ မငြိမ်သက်မှုနှင့် ပတ်သက်၍ နေတိုး အထွေထွေအတွင်းရေးမှူး Mark Rutte က အကယ်၍ ဥရောပက အမေရိကန် ဦးဆောင်သော စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်လိုပါက ယူကရိန်း ငြိမ်းချမ်းရေးရရှိစေရေးအတွက် “ကောင်းမွန်သော အကြုံပြုချက်များ” အဆိုပြုရမည်ဖြစ်ပြီး “တကယ်လို့ ဥရောပသားတွေက ပြောရေးဆိုခွင့်လိုချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သြဇာညောင်းအောင်လုပ်ပါ” ဟု ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်တွင် တိုက်ရိုက်ပြောခဲ့သည်။
ဇယ်လန်းစကီးက “ယူကရိန်းအနေနဲ့ ကျွန်တော်တို့ မပါဝင်တဲ့ အခြေအနေ၊ ကျွန်တော်တို့ နောက်ကွယ်မှာ ရရှိတဲ့ သဘောတူညီချက်ကို လုံးဝလက်ခံမှာမဟုတ်ဘူး” ဟု မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ပြောကြားခဲ့သည်။ ယူကရိန်းနှင့် အမေရိကန်၊ ဥရောပတို့အနေဖြင့် ရုရှား- ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်ပြီး သဘောတူညီချက်ရရှိသည်နှင့် ၎င်းသည် ရုရှားနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုလုပ်ရန် အသင့်ပြင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမေရိကန် ဒုတိယ သမ္မတ Vance နှင့် မြူးနစ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအနေဖြင့် “စစ်မှန်ပြီး အာမခံရှိသော” ငြိမ်းချမ်းရေးသို့ လျင်မြန်စွာ ဦးတည်သွားရန် ဆန္ဒရှိကြောင်း၊ အမေရိကန်အနေဖြင့် စစ်ပွဲ အဆုံးသတ်ရေးအပေါ် ကူညီပေးပြီး ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် အဆိုပြုသော ယူကရိန်းအနေဖြင့် အမေရိကန်သို့ မြေရှားစသည့် အရင်းအမြစ်များ ပို့ဆောင်ပေးခြင်းမှ တစ်ဆင့် အမေရိကန်၏ ယူကရိန်းအပေါ် ကူညီမှုများ လဲလှယ်ရန် မျှော်လင့်သော အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန်၏ သတ္တုတူးဖော်ရေး သဘောတူညီချက် အစီအစဉ်သည် ယူကရိန်းအတွက် “လုံခြုံရေး အာမခံချက်” ကင်းမဲ့ကြောင်း ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
欧洲领导人:没有欧洲参与的俄乌冲突谈判“不可接受”
新华社德国慕尼黑2月16日电 围绕美方推动“单方面”与俄罗斯就俄乌冲突展开谈判,欧洲多国领导人日前在出席慕尼黑安全会议(慕安会)期间表示,没有欧洲国家和乌克兰参与的谈判“不可接受”。
近日,美国总统特朗普先后与俄总统普京、乌总统泽连斯基通电话。他随后表示,美俄双方同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。美国众议员迈克尔·麦考尔15日在出席慕安会期间透露,美国国务卿鲁比奥等官员和俄方官员将在沙特阿拉伯会晤,讨论俄乌冲突问题。
上述动向令欧洲担忧自己被排除在乌克兰和平进程之外。慕安会期间,欧洲多国政客争相参加俄乌冲突议题边会。德国基督教民主联盟主席默茨在慕安会上表示,欧洲必须参与结束乌克兰战争的谈判,“俄罗斯和美国在没有乌克兰和欧洲国家参与的情况下进行谈判,这绝对不可接受”。
芬兰总统斯图布在慕安会期间告诉媒体记者:“没有欧洲人,我们无法就乌克兰的未来或欧洲安全结构进行讨论或谈判。但欧洲需要团结起来,少说多做。”
针对欧洲的不安,北约秘书长马克·吕特15日在慕尼黑直言,如果欧洲想参与美国主导的谈判,就必须提出确保乌克兰和平的“良好建议”,“如果欧洲人想要有发言权,那就让自己具有影响力”。
泽连斯基在参加慕安会期间说:“乌克兰绝不会接受在没有我们参与的情况下,背着我们达成的交易。”他说,一旦乌克兰与美国、欧洲就如何结束俄乌冲突达成一致,他就准备与俄罗斯进行直接谈判。
泽连斯基14日与美国副总统万斯在慕尼黑会晤。他说,乌方愿尽快迈向“真正和有保障”的和平,希望美方帮助停止战争并为乌克兰提供安全保障。针对美方提出希望乌克兰通过向美国供应稀土等资源换取美国对乌援助的提议,泽连斯基15日说,美方的矿产协议方案缺乏对乌方的“安全保障”。(完)
图说:2月16日,在德国慕尼黑,媒体记者在慕安会新闻中心工作。新华社记者 张帆 摄