Africa & Middle East
ဂါဇာမှ ပါလက်စတိုင်းသားများ ထွက်ခွာရေး အထူးဌာနဖွဲ့စည်းမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ဆို

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဂါဇာမှ ပါလက်စတိုင်းသားများ “မိမိဆန္ဒအလျောက် ထွက်ခွာရေး” တွန်းအားပေးရန် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အထူးဌာနတစ်ခု ဖွဲ့စည်းမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ဖေဖော်ဝါရီ ၁၇ ရက်က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ယင်းဌာနကို အစ္စရေးအစိုးရဌာနအသီးသီးနှင့် ကာကွယ်ရေးဌာနများ၏ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ အခြား တတိယနိုင်ငံသို့ “မိမိဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်လို” သည့် ဂါဇာကမ်းမြောင်၌ နေထိုင်သူများအတွက် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း စသည့် နည်းလမ်းများအပါအဝင် ထွက်ခွာသည့် “အထူးစီစဉ်မှု” ကို ပံ့ပိုးရန်အတွက် ယင်းဌာနက အစီအမံများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုရက်ပိုင်းများတွင် အမေရိကန်သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို “လက်လွှဲယူ” ပြီး “ရေရှည် ပိုင်ဆိုင်” သွားရန် မျှော်လင့်ကြောင်း၊ လက်ရှိ ဂါဇာတွင် နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံတွင် နေရာချထားပေးသင့်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်အပေါ် ပါလက်စတိုင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက အပြင်းအထန် ကန့်ကွက်အပြစ်တင်ခဲ့ကြပြီး ၎င်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး “လက်ခံနိုင်ဖွယ် မရှိ” ဟု ယူဆကြသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ Netzarim စင်္ကြံအနီးတွင် ဂါဇာတောင်ပိုင်းမှ မြောက်ပိုင်းနေရပ်သို့ ပြန်နေကြသော ပါလက်စတိုင်းသားများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ၇က်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
以防长称将成立专门机构推动巴勒斯坦人离开加沙
新华社耶路撒冷2月17日电(记者陈君清 冯国芮)以色列国防部长卡茨17日发表声明说,以国防部将成立一个专门机构,以推动巴勒斯坦人“自愿离开”加沙地带。
声明说,该机构将由以色列政府各部门及国防机构代表组成。该机构将采取措施,为任何“自愿移居”第三国的加沙地带居民提供支持,包括通过海、陆、空等方式离开的“特别安排”。
美国总统特朗普近日多次表示,他希望美国“接管”并“长期拥有”加沙地带,而当前居住在加沙地带的巴勒斯坦人应被迁往别国安置。巴勒斯坦方面和国际社会纷纷谴责这番言论,认为其违反国际法,“不可接受”。(完)
1. 2月9日,在加沙地带内察里姆走廊附近,巴勒斯坦人从加沙地带南部返回北部的家园。新华社发(里泽克·阿卜杜勒贾瓦德摄)