Connect with us

Asia

တရုတ်နိုင်ငံနှင့် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ရန် ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောကြား

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန် အထူးအလေးထားကာ တရုတ်နိုင်ငံနှင့် တစ်ဆင့်တိုး အားဖြည့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Putan Vichajachai နှင့် နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့က မကြာသေးမီရက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟန်ကျိချန်၊ Putan နှင့် Maris တို့၏ မကြာသေးမီရက်က ထိတွေ့ဆက်ဆံမှုတွင် မြဝတီမြို့စသည့်ဒေသများရှိ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်သားများအားတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပိတ်မိနေသည့်တရုတ်နိုင်ငံသားများအား ကယ်ထုတ်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ အတူ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ဟန်ကျိချန်က ထိုင်းဝန်ကြီးချုပ် ပေထုံတန်သည် မကြာသေးမီက တရုတ်နိုင်ငံသို့ တရားဝင် လည်ပတ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ၎င်းမှ ဖြစ်ပေါ်သော နိုင်ငံဖြတ်ကျော်ရာဇဝတ်များကို တိုက်ဖျက်မည့် ခိုင်မာသောဆုံးဖြတ်ချက်နှင့် သဘောထားကို ပူးတွဲ ဖော်ပြခဲ့ကြရာ နှစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးဌာနများက လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ကနဦးထိရောက်မှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နောက်တစ်ဆင့်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ သက်ဆိုင်ရာအဖွဲ့အသီးသီးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အားကောင်းစေရန်၊ လှုပ်ရှားမှုအင်အားကို ပိုမိုတိုးချဲ့ရန်၊ ပြည်သူများ၏ ပစ္စည်းဥစ္စာနှင့် အသက်အန္တရာယ်လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသော နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို အမြစ်ပြတ်ရှင်းလင်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Putan နှင့် Maris တို့က ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်များကို တိုက်ဖျက်ရန် အထူးအလေးထားပြီး အားကောင်းသောအစီအမံများကို လုပ်ဆောင်ခဲ့ကြောင်း၊ ရှိနှင့်ပြီးသောလုပ်ငန်းများကို အခြေခံကာ တရုတ်နိုင်ငံနှင့် တစ်ဆင့်တိုး အားဖြည့်ပူးပေါင်းဆောင်ရွက်ရန်၊ ၎င်းတို့ဒေသရှိ နိုင်ငံအသီးသီးမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လုံခြုံသည့် ပတ်ဝန်းကျင် ပူးတွဲပံ့ပိုးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
泰国副总理:愿进一步与中方合作打击网赌电诈
新华社曼谷2月18日电(记者林昊 陈倩慈)泰国副总理兼国防部长普坦与外交部长玛里近日表示,泰国高度重视打击网赌电诈等跨国犯罪,愿进一步同中方加强合作。
中国驻泰国大使馆17日晚发布消息说,近日中国驻泰国大使韩志强在会见普坦和与玛里接触中,就合作打击妙瓦底等地网赌电诈犯罪和解救受困中国公民问题同对方深入沟通。
韩志强说,泰国总理佩通坦日前对中国进行正式访问。两国领导人共同表明打击网赌电诈及其衍生跨国犯罪的坚定决心和态度,两国执法部门迅速行动并已取得初步成效。希望双方下阶段更加紧密合作,会同其他有关各方,强化协作机制,加大行动力度,彻底铲除有关严重危害人民财产和生命安全的跨境犯罪。
普坦和玛里表示,泰方高度重视打击网赌电诈等跨国犯罪国际合作,并已采取一系列有力措施。愿在已有工作基础上进一步同中方加强合作,共同为本地区各国人民提供更好的安全环境。(完)
图说:这是2月10日从泰国达府湄索拍摄的泰国与缅甸边境地区。新华社记者 林昊 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.