International Organizations
ဝမ်ရိနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝမ်ရိက ဂူတာရက်စ်အား သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး လက်ရှိ နိုင်ငံတကာအခြေအနေမှာ ပြောင်းလဲရှုပ်ထွေးလျက်ရှိပြီး ပထဝီဝင် အားပြိုင်မှုများ အဆက်မပြတ် ဆိုးရွားလာကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာကြီး ကမောက်ကမနှင့် မတည်ငြိမ်မှုများပို၍ ဖြစ်ပေါ်လေ ကုလသမဂ္ဂ၏ ဩဇာနှင့် ပါဝင်မှု အခန်းကဏ္ဍကို ပို၍ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ်ပေါင်း ၈၀ ပြည့်နှစ် ဖြစ်ရာ အတိတ်ကို ဆက်ခံ၍ အနာဂတ်ကို ဖွင့်လှစ်ရာတွင် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ ယခုလ၏ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” အဆင့်မြင့် အစည်းအဝေး ကျင်းပရန် အဆိုပြုခဲ့ရာ အပြုသဘောဆောင်သော တုံ့ပြန်မှုများရရှိခဲ့ပြီး လုံခြုံရေးကောင်စီ နှစ် ၈၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကိုစတင်ခဲ့ကြောင်း၊ ဘက်အသီးသီးသည် ဆွေးနွေးမှုအတွင်း မြင့်မားသော ဘုံသဘောတူညီချက်များရရှိခဲ့ပြီး နိုင်ငံပေါင်းစုံ ပူးတွဲဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည့်စုံကောင်းမွန်ရန်အတွက် ပြင်းပြသော တိုက်တွန်းသံများ ပေါ်ပေါက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ဗဟိုနေရာကို မယိမ်းမယိုင် အခိုင်အမာ ထောက်ခံကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အထွေထွေအတွင်းရေးမှူးရုံး လုပ်ငန်းများကို ထောက်ခံကြောင်း၊ ကုလသမဂ္ဂနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်၊ ပိုမိုကြီးမားသော ဘုံသဘောတူညီချက်ကို စုစည်းကာ ပိုမိုများပြားသည့် အရင်းအမြစ်များ စုဆောင်းရန်၊ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွဖော်ဆောင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂူတာရက်စ်က သမ္မတ ရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်း ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံပေါင်းစုံ မူဝါဒကို အခိုင်အမာလက်ကိုင်ထားခြင်း၊ ကုလသမဂ္ဂ လုပ်ငန်းများကို ထောက်ခံခြင်းအပေါ် အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံများ အားကောင်းစေရေးတွင် တွန်းအားဖြည့်တင်းပေးခဲ့သည်ဟု တရုတ်နိုင်ငံ၏ ယခုအကြိမ် အစည်းအဝေးကျင်းပရန် အဆိုပြုခြင်းအပေါ် အပြုသဘောဆောင် မှတ်ချက်ပေးကြောင်း၊ ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ ပါဝင်မှု အခန်းကဏ္ဍကို အထူးအလေးထားကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် (၃) ရပ်ကို အပြည့်အဝ သဘောတူကြောင်းနှင့် အပြုသဘောဆောင် ထောက်ခံကြောင်း၊ လက်ရှိ ရှုပ်ထွေးသော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂအနေဖြင့် ချမှတ်ထားသော အတွေးအခေါ်များကို ဆက်လက်ထိန်းသိမ်းသွားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်း၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များ၊ အာဖရိက လုံခြုံရေး အခြေအနေစသည်တို့တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
…………………….
(Chinses Version)
王毅会见联合国秘书长古特雷斯
新华社联合国2月19日电(记者杨士龙 潘云召)当地时间2月18日,中共中央政治局委员、外交部长王毅在纽约主持联合国安理会高级别会议期间会见联合国秘书长古特雷斯。
王毅转达习近平主席对古特雷斯的亲切问候,表示当前国际局势变乱交织,地缘博弈不断加剧。世界越是动荡不安,越应维护联合国的权威和作用。今年是联合国成立80周年,具有承前启后重要意义。作为安理会本月轮值主席国,中国倡议举办“践行多边主义,改革完善全球治理”高级别会议,得到各方积极响应,拉开了安理会纪念80周年活动的序幕。各方在讨论中达成高度共识,发出支持多边协作、完善全球治理的强烈呼声。中方坚定不移支持联合国核心地位,支持秘书长和秘书处工作,愿继续同联合国密切合作,凝聚更大共识、汇聚更多资源,共同践行真正的多边主义,推进世界和平与发展事业。
古特雷斯请王毅转达对习近平主席的诚挚问候,表示联合国高度赞赏中方坚持多边主义、支持联合国工作,积极评价中方倡议举行本次会议,为改革全球治理、增强发展中国家声音注入动力。他表示,联合国高度重视中国作用,完全赞同并积极支持习近平主席提出的三大全球倡议。面对当前复杂挑战,联合国将坚守既定理念,落实宪章宗旨和原则,呼吁各国加强合作,共同维护国际法治,促进和平和可持续发展。
双方还就乌克兰危机、中东问题、非洲安全局势等交换了看法。(完)
图说:当地时间2月18日,中共中央政治局委员、外交部长王毅在纽约主持联合国安理会高级别会议期间会见联合国秘书长古特雷斯。 新华社记者 李睿 摄