Connect with us

Europe

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည်ဆိုလျှင် ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇယ်လန်းစကီး ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်းပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်းများအရ သိရသည်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ကျင်းပမည့် “ယူကရိန်း-နော်ဒစ်-ဘောလ်ဒစ် ပလက်ဖောင်း” ထိပ်သီးအစည်းအဝေး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့အနက် နိုင်ငံ ၁၃ နိုင်ငံ ခေါင်းဆောင်များက အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခေါင်းဆောင်များကမူ အွန်လိုင်းမှတစ်ဆင့် တက်ရောက်မည် ဖြစ်ကြောင်း ဇယ်လန်းစကီးက ယင်းနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းလုံခြုံရေးအာမခံရေးဆိုင်ရာ သီးသန့်အစည်းအဝေး ကျင်းပရန် ဥရောပမိတ်ဖက်များကို ၎င်းအနေဖြင့် အဆိုပြုမည် ဖြစ်ကြောင်း သိရသည်။

ယူကရိန်းအနေဖြင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz ဦးဆောင်သော အဖွဲ့နှင့် သတ္တုအရင်းအမြစ် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း၊ သဘောတူညီချက် ကနဦးမူကြမ်းတွင် “တန်ဖိုး ကန်ဒေါ်လာ ၅၀၀ ဘီလီယံ မဟုတ်တော့ကြောင်း”၊ သက်ဆိုင်ရာ အကြောင်းအရာများကို နောက်ဆုံး အတည်မပြုရသေးကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်-ယူကရိန်း သတ္တုအရင်းအမြစ်ဆိုင်ရာ သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကာလအတွင်း အမေရိကန်က ယူကရိန်းအား ကူညီပံ့ပိုးမှုများကို အစားထိုးလျော်ကြေးရနိုင်ရန်အတွက် အမေရိကန်အစိုးရက ယူကရိန်းထံမှ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် တောင်းယူမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ယင်းအခြေအနေကို သိရှိသူ ယူကရိန်းအရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ ဤတောင်းဆိုချက်ကို ယူကရိန်းဘက်က ငြင်းဆိုခဲ့သည်။ လက်တွေ့ပေးရမည့် လျော်ကြေးပမာဏမှာ အမေရိကန်ဘက်က တောင်းဆိုချက်ထက် များစွာ လျော့နည်းရာ ကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်သာ ရှိသည်ဟု ယူကရိန်းက ယူဆကြောင်း သိရသည်။ (Xinhua)

………………………
(Chinese Version)
泽连斯基:如能换取乌克兰加入北约愿立即辞职
新华社基辅2月23日电(记者李东旭)据乌克兰国际文传电讯社报道,乌克兰总统泽连斯基23日表示,如果能换取乌克兰加入北约或实现和平,如果乌民众真的需要他离开,他愿意立即辞职。
泽连斯基当天在记者会上说,37国领导人将于24日参加在乌克兰首都基辅举行的“乌克兰-北欧-波罗的海平台”峰会,其中13国领导人到场,24国领导人线上参加。他届时将提议欧洲伙伴尽快就乌克兰安全保障问题召开单独会议。
泽连斯基还说,乌方正在与美国总统国家安全事务助理华尔兹领导的团队就签署矿产资源协议备忘录进行谈判,新的协议初稿将“不再价值5000亿美元”,相关内容尚未最终敲定。
彭博社22日援引一名熟悉情况的乌克兰官员消息报道,作为美乌矿产资源协议的一部分,美国政府向乌克兰索要约5000亿美元,以补偿美国在俄乌冲突期间向乌克兰提供的援助。这一要求已被乌方拒绝。乌方认为,实际需要补偿的金额远低于美方的要求,仅为约900亿美元。(完)

1. 2024年10月17日,在比利时布鲁塞尔,乌克兰总统泽连斯基在欧盟峰会上参加新闻发布会。新华社记者 赵丁喆 摄