Connect with us

Europe

ယူကရိန်းအပေါ် အမေရိကန်၏ ထောက်ပံ့မှုများ ရပ်တန့်မသွားရန် မျှော်လင့်ကြောင်း ဇယ်လန်းစကီး ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ၎င်းအနေဖြင့် အမေရိကန်သို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ယူကရိန်းအတွက် အမေရိကန်၏ အကူအညီများ ရပ်တန့်မည် မဟုတ်ကြောင်းကို ၎င်းကိုယ်တိုင် ကြားသိနိုင်ရန် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဇယ်လန်းစကီးသည် အမေရိကန်၏ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ကြောင်း၊ သို့သော် အစီအစဉ် အတိအကျကို အတည်မပြုရသေးကြောင်း၊ ယင်းနှင့် ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ယူကရိန်း- အမေရိကန်သည် ယူကရိန်း သတ္တုအရင်းအမြစ်များတူးဖော်ရေးနှင့် ပတ်သက်သည့် မူဘောင် သဘောတူစာချုပ်ကို ဦးစွာလက်မှတ်ရေးထိုးမည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ပူးတွဲရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ယင်းရန်ပုံငွေကို နှစ်နိုင်ငံအတူ လက်ဝယ်ထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပူးတွဲရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ သဘောတူစာချုပ်မှာ အတည်မပြုရသေးကြောင်း၊ နောက်တစ်ဆင့် လုပ်ငန်းမှာ ပိုမိုရှုပ်ထွေး၊ ခက်ခဲမည်ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်သည် စီးပွားရေးစာချုပ်ဖြစ်သော်လည်း အနည်းဆုံး “နားလည်မှုဆိုင်ရာ” အကြောင်းအရာတစ်ရပ် ပါဝင်ရန် အလေးအနက် တောင်းဆိုခဲ့ကြောင်း၊ ဆိုလိုသည်မှာ ယူကရိန်းက ယင်းစာချုပ်ကို “အနာဂတ်တွင် လုံခြုံရေးအာမခံချက်ဆိုင်ရာ တစ်စိတ်တစ်ပိုင်း” အဖြစ်ရှုမြင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းက အဆိုပါတောင်းဆိုချက်ကို နောက်ဆုံးတွင် သဘောတူစာချုပ်၏ အပိုဒ် ၁၀ ၌ဖော်ပြခဲ့ကြောင်း တရားဝင်ကြေညာချက်အရ သိရသည်။
နှစ်ဖက်၏ နောက်ဆုံးအတည်ပြုခဲ့သော သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်အရ အမေရိကန်ဘက်မှ ပေးအပ်ခဲ့သော ပံ့ပိုးမှုများအတွက် ယူကရိန်းဘက်က အကြွေးပြန်ဆပ်ရန် မလိုကြောင်းလည်း ဇယ်လန်းစကီးက ထပ်မံ ပြောကြားခဲ့သည်။ ထို့ကြောင့် “သဘောတူစာချုပ်တွင် (ယင်းမတိုင်ခင် ယူကရိန်းအား ပေးဆောင်ရန်တောင်းဆိုထားသည့်) ကန်ဒေါ်လာ ၅၀၀ ဘီလီယံ၊ ၃၅၀ ဘီလီယံ သို့မဟုတ် ၁၀၀ ဘီလီယံနှင့် ပတ်သက်သော အကြောင်းအရာများမပါဝင်ကြောင်း”၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် ယူကရိန်းအပေါ် တရားမျှတမှုမရှိသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။

ယူကရိန်းနှင့် အမေရိကန်တို့သည် သတ္တုအရင်းအမြစ် ပူးတွဲတူးဖော်ရေး သဘောတူစာချုပ်၏ နောက်ဆုံးဗားရှင်းကို “အသင့် ပြင်ဆင်ပြီး” ကြောင်း၊ အဆိုပါသဘောတူစာချုပ်ကို “ယူကရိန်းပြန်လည်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုရန်ပုံငွေတည်ထောင်ရေးဆိုင်ရာ စည်းမျဉ်းနှင့် တောင်းဆိုချက်များ သဘောတူစာချုပ်” ဟူ၍ အမည်ပေးထားကြောင်း သတင်းအရ သိရသည်။ (Xinhua)

……………………………………
(Chinese Version)
泽连斯基:希望美国不要停止对乌援助
新华社基辅2月26日电(记者李东旭)乌克兰总统泽连斯基26日在同媒体互动时称,他期待访问美国,最主要的目的是希望亲自听到美国对乌援助不会停止。
据报道,泽连斯基计划28日访美。乌克兰媒体援引泽连斯基的话报道说,他收到了访美邀请但具体安排尚待确认,双方正在就此协商。
泽连斯基称,乌美将首先签署关于开发乌克兰矿产资源的框架协议,接下来还将签署联合投资基金协议,两国将共同持有该基金。目前联合投资基金协议尚未制定,下一步工作将更加复杂、困难。
泽连斯基称,矿产协议是经济协议,但他强烈要求至少包含一条“谅解”内容,即乌方视该协议为“未来安全保障的一部分”。根据官方通报,乌方这一要求最终在协议的第10条中有体现。
泽连斯基还说,按照双方最终敲定的矿产协议,乌克兰不需对美方已提供援助承担偿还债务责任。此外,“协议不包括(美方此前要求乌方支付的)5000亿美元、3500亿美元或1000亿美元的内容”,因为这对乌方而言有失公正。
据报道,乌克兰和美国“已准备好”共同开发乌矿产资源协议的最终版本,该协议名为“关于设立乌克兰重建投资基金规则与条件的协议”。(完)
图说:2024年10月17日,在比利时布鲁塞尔,乌克兰总统泽连斯基在欧盟峰会上参加新闻发布会。新华社记者 赵丁喆 摄