Africa & Middle East
“အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ကြေညာ

ကူဝိတ်စီးတီး၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Abdul Malik Houthi က မတ် ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” အား ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အစ္စရေးအား အစွမ်းကုန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းကြောင့် “ဖြစ်ပွားလာနိုင်သော အမေရိကန်၏ ယီမင်အပေါ် ကျူးကျော်မှု” ကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Abdul Malik Houthi က ထိုနေ့၌ အဆိုပါအဖွဲ့အစည်းထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာနမှတစ်ဆင့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေး၏ Nevatim လေတပ်အခြေစိုက်စခန်းအား တိုက်ခိုက်ရန် “ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်” တစ်လုံးပစ်လွှတ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်း၌ ယီမင်မှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်တစ်လုံးအား အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် စစ်တပ်က မတ် ၁၈ ရက်တွင် ယီမင်နိုင်ငံမြောက်ပိုင်း Saada ပြည်နယ်၊ အနောက်မြောက်ပိုင်းရှိ Hajjah ပြည်နယ်၊ အနောက်ပိုင်းရှိ Al Hudaydah ပြည်နယ် စသည့်ဒေသများအား ထပ်မံလေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Al Masirah ရုပ်သံလွှင့်ဌာန သတင်းဖော်ပြချက်အရ သိရသည်။
အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံ၌ အမျိုးသားတစ်ဦးက အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းအား ရွှေ့ပြောင်းသယ်ဆောင်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
胡塞武装宣布将采取“最高级别的升级行动”打击以色列
新华社科威特城3月18日电(记者尹炣)萨那消息:也门胡塞武装领导人阿卜杜勒·马利克·胡塞18日晚宣布,由于以色列在加沙地带发动了大规模空袭,该组织将采取“最高级别的升级行动”打击以色列。
阿卜杜勒·马利克·胡塞当天在该组织控制的马西拉电视台发表电视讲话说,胡塞武装将恢复“最高级别的升级行动”,尽其所能打击以色列,同时也将应对因此“可能引发的美国对也门的侵略”。
胡塞武装当天宣布,已发射一枚“高超音速弹道导弹”袭击以色列的内瓦提姆空军基地。以色列国防军发表声明说,以军当晚成功拦截一枚从也门发射的导弹。
另据马西拉电视台报道,美军18日再次对也门北部的萨达省、西北部的哈杰省、西部的荷台达省等地发动新一轮空袭。
以色列军队18日对加沙地带多地发动空袭。据巴勒斯坦加沙地带卫生部门18日发表的声明,以军当天对加沙地带多地的空袭已造成至少412人死亡,另有500多人受伤。(完)
图说1:3月18日,被迫逃离加沙地带北部拜特哈嫩的巴勒斯坦民众经过加沙城。新华社发(马哈茂德·扎基摄)
图说2:3月18日,在加沙地带北部加沙城的一所医院内,一名男子搬运一名以军空袭遇难者的遗体。新华社发(里泽克·阿卜杜勒贾瓦德摄)