Africa & Middle East
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံး

ဂါဇာ၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို မတ် ၁၉ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး စုစုပေါင်း လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသရှိ သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ နေအိမ်အဆောက်အဦတစ်ခုကို ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ကြောင်း သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့နှင့် ရာဖာဒေသကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးရာ လူ ၁၀ ဦးသေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် “ဦးတည်ချက်ရှိသည့် မြေပြင်လှုပ်ရှားမှုများ လုပ်ဆောင်” နေပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၃၆ ဦး သေဆုံးပြီး ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ မတ် ၁၉ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)
——————-
(Chinese Version)
以军轰炸加沙多地造成至少35人死亡
新华社加沙3月19日电(记者黄泽民)巴勒斯坦加沙地带消息人士19日告诉新华社记者,以色列军队当天轰炸加沙地带多地,共造成至少35人死亡。
消息人士说,以军轰炸了加沙城一栋房屋,造成至少25人死亡,遇难者中包括妇女和儿童。以军还轰炸了加沙地带南部城市汗尤尼斯和拉法地区,共导致10人死亡,另有多人受伤。
以色列军方19日说,已在加沙地带中部和南部发动“有针对性的地面行动”。根据巴勒斯坦加沙地带卫生部门19日发布的数据,以军过去两天对加沙地带多地的空袭已造成至少436人死亡、678人受伤。(完)