Africa & Middle East
အစ္စရေးက ကူညီထောက်ပံ့ရေးပစ္စည်းများ ဂါဇာသို့ဝင်ရောက်ခြင်းအား ဆိုင်းငံ့၊ အပစ်ရပ်စဲရေး သဘောတူညီချက်အား အစ္စရေး ရှောင်လွှဲရန် ကြိုးစားဟု ဟားမက်စ်ဆို

ဂျေရုဆလမ်၊ မတ် ၃ ရက် (ဆင်ဟွာ)
မတ် ၂ ရက်မှစ၍ အစ္စရေးက ဂါဇာဒေသသို့ ကုန်စည်ပစ္စည်းများဝင်ရောက်မှု အားလုံးကို ယာယီရပ်တန့်သွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးအနေဖြင့် အမေရိကန်က အဆိုပြုသော ယာယီအပစ်ရပ်စဲရေး အစီအစဉ်အား လက်ခံရန် ဆုံးဖြတ်ခြင်းသည် ဟားမက်စ်နှင့် အပစ်ရပ်စဲရေး သဘောတူညီချက်အား ရှောင်လွှဲရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ပြောကြားခဲ့သည်။
အထက်ပါဆုံးဖြတ်ချက်ချမှတ်ရခြင်း၏ အကြောင်းရင်းမှာ ဂါဇာဒေသ အပစ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့် အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်ပြီးဖြစ်ကာ ဟားမက်စ်က အမေရိကန် အရှေ့အလယ်ပိုင်း အထူးသံတမန် Steven Witkoff အဆိုပြုသည့် ယာယီအပစ်ရပ်ရေး အစီအစဉ်အား လက်ခံရန် ငြင်းပယ်ထား၍ ဖြစ်ကြောင်း အစ္စရေး၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အစ္စရေးအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ မလွတ်မြောက်သေးသည့် အခြေအနေတွင် ဟားမက်စ်နှင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် ဖော်ဆောင်သွားမည်မဟုတ်ကြောင်း၊ ဟားမက်စ်အနေဖြင့် Steven Witkoff အဆိုပြုသည့် အစီအစဉ်အား လက်ခံရန် ဆက်လက်ငြင်းဆန်နေပါက အစ္စရေးက ပိုမိုများပြားသည့် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ဆိုသည်။
ဟားမက်စ်က မတ် ၂ ရက်တွင် ထိန်းသိမ်းခံထားရသော အစ္စရေးများ ပုံမှန်ဘဝ ပြန်လည်ရောက်ရှိစေသည့် တစ်ခုတည်းသောလမ်းကြောင်းမှာ အပစ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာ၍ အပစ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့်ဆွေးနွေးမှုကို ချက်ချင်းစတင်ခြင်း ဖြစ်ကြောင်း၊ အစ္စရေးက ကတိကို သေချာပေါက်ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ရုံးက မတ် ၂ ရက် အစောပိုင်း၌ ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် အစ္စရေးအနေဖြင့် Steven Witkoff အဆိုပြုသည့် ရမ်ဇာန်လနှင့် ပသခါပွဲတော်ကာလအတွင်း ယာယီအပစ်ရပ်စဲသည့် အစီအစဉ်အား လက်ခံရန် ဆုံးဖြတ်လိုက်သည်ဟု ဖော်ပြထားသည်။ အဆိုပါအစီအစဉ်အရ ယာယီအပစ်ရပ်စဲသည့် ပထမနေ့ မတ် ၂ ရက်တွင် ဟားမက်စ်က အသက်ရှင်သူဖြစ်စေ သို့မဟုတ် သေဆုံးသူရုပ်အလောင်းဖြစ်စေ ကျန်ရှိသော အစ္စရေးဘက်က ထိန်းသိမ်းခံထားရသူ၏ တစ်ဝက်ကို လွှတ်ပေးသင့်သည်။ အဆိုပါ အချိန်ကာလအတွင်း အစ္စရေးနှင့် ဟားမက်စ်ကြား ရာသက်ပန် အပစ်ရပ်စဲရေး သဘောတူညီချက် ရရှိပါက ဟားမက်စ်က ကျန်ရှိသော ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးရမည်ဖြစ်သည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာဒေသ အပစ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ အပစ်ရပ်စဲရေး ပထမအဆင့်ကာလသည် ၆ ပတ်ကြာပြီး မတ် ၁ ရက်တွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။ ဒုတိယအဆင့် အပစ်ရပ်စဲရေး ဆွေးနွေးမှုကို မူလက ဖေဖော်ဝါရီ ၃ ရက်တွင် စတင်မည်ဟု သတ်မှတ်ထားသည်။ သို့သော် အပစ်ရပ်စဲသည့် ပထမအဆင့်တွင် အစ္စရေးနှင့် ဟားမက်စ်တို့က တစ်ဖက်မှ အပစ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်သည်ဟု အကြိမ်ကြိမ် အပြန်အလှန်ပြစ်တင်ခဲ့ကြသလို သဘောတူညီချက်နှင့်အညီ ဖေဖော်ဝါရီ လဆန်းတွင် ဒုတိယအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်နှင့် စပ်လျဉ်း၍ လက်တွေ့ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းလည်း မရှိပေ။ (Xinhua)

ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများက ကူညီထောက်ပံ့ရေးပစ္စည်းများ ရယူနေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
以色列暂停允许救援物资进入加沙 哈马斯称以方企图逃避停火协议
新华社耶路撒冷/加沙3月2日电(记者冯国芮 黄泽民)以色列总理办公室2日发表声明说,自即日起,以色列将暂停允许一切物资进入加沙地带。巴勒斯坦伊斯兰抵抗运动(哈马斯)表示,以色列决定采纳美方提出的临时停火方案是企图逃避与哈马斯达成的停火协议。
根据以方声明,作出上述决定的原因是加沙地带停火协议第一阶段换俘已完成,且哈马斯拒绝接受美国中东问题特使史蒂文·威特科夫提出的临时停火方案。以色列总理内塔尼亚胡表示,以方不会在被扣押人员未获释的情况下与哈马斯继续停火协议;如果哈马斯坚持拒绝接受威特科夫的方案,以色列将采取更多措施。
哈马斯2日表示,使以色列被扣押人员恢复正常生活的唯一途径是遵守停火协议,立即展开停火协议第二阶段谈判,且以方须履行承诺。
以色列总理办公室在2日早些时候发表的一份声明中表示,以方决定接受威特科夫提出的在斋月和逾越节期间实施临时停火的方案。根据该方案,在临时停火首日,即3月2日,哈马斯应释放以方剩余被扣押人员的一半,无论是尚在世人员还是遗体。如在此期间以色列和哈马斯达成永久停火协议,哈马斯将释放其余所有被扣押人员。
以色列与哈马斯1月15日就加沙地带停火达成协议,1月19日生效。停火第一阶段持续6周,定于3月1日结束。第二阶段停火谈判原定于2月3日开始。但在停火第一阶段,以色列和哈马斯屡屡指责对方违反停火协议,也并未依照协议在2月初进行关于第二阶段停火的实质性谈判。(完)
图说1:2月24日,运送援助物资的卡车通过拉法口岸埃及一侧进入加沙。新华社记者王东震摄
图说2:1月19日,在加沙地带,巴勒斯坦民众领取救援物资。新华社发(里泽克·阿卜杜勒贾瓦德摄)