Connect with us

NPC

လီချန်က အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ယခုနှစ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု မူဝါဒဦးတည်ချက်ကို အဆိုပြု

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြဖတ်ကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်း အစီရင်ခံစာတင်ပြရာတွင် မိမိတို့သည် တည်ငြိမ်မှုများကြားတွင် တိုးတက်မှုကို ခိုင်မြဲစွာဖော်ဆောင်ပြီး တိုးတက်မှုဖြင့် တည်ငြိမ်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ မူရင်းကို ထိန်းသိမ်းလျက် ဆန်းသစ်တီထွင်ကာ ရပ်တည်ပြီးမှ ထိုးဖောက်ရမည်ဖြစ်ကြောင်း၊ စနစ်တကျစုစည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူဝါဒကိရိယာများ ပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေအနေပြောင်းလဲမှုအရ မူဝါဒကိုညှိနှိုင်းပြင်ဆင်၍ မက်ခရိုစီးပွားရေး ချိန်ညှိမှု၏ ရှေးရှုမှု၊ ဦးတည်မှု၊ ထိရောက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရည်မှန်းချက် ဦးဆောင်လမ်းပြမှုကို အလေးထားကာ မူဝါဒဦးတည်ချက်ကို လက်ကိုင်ထား၍ အချိန်အခါအခွင့်အလမ်းနှင့် အင်အားကို အလေးထားထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး စနစ်တကျတွေးခေါ်မှုကို အားဖြည့်ခြင်းဖြင့် မက်ခရိုစီးပွားရေး မူဝါဒ လက်တွေ့ဖော်ဆောင်သည့် ထိရောက်နိုင်စွမ်းကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပိုမိုတက်ကြွသည့် ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးရမည်ဖြစ်ကြောင်း လီချန်က အဆိုပြုခဲ့သည်။ ဘဏ္ဍာရေးမူဝါဒ စဉ်ဆက်မပြတ် အင်နှင့်အားနှင့် ပိုမိုအားစိုက်ဆောင်ရွက်နိုင်ရေး အာမခံနိုင်ရန် ဝင်ငွေ၊ ချေးငွေစာချုပ် စသည့် ဘဏ္ဍာရေးအရင်းအနှီး အမျိုးမျိုးကို စုစည်းစီမံခန့်ခွဲရမည်ဖြစ်ကြောင်း ယခုနှစ် ဘတ်ဂျက်လိုငွေပြမှု အချိုးအဆ (Deficit Ratio) အား ၄ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် လျာထားကာ ယမန်နှစ်ထက် ၁ ရာခိုင်နှုန်းပွိုင့် တိုးမြှင့်ထားပြီး လိုငွေပမာဏမှာ ယွမ် ၅.၆၆ ထရီလီယံဖြစ်၍ ယမန်နှစ်ထက် ယွမ် ၁.၆ ထရီလီယံ တိုးတက်များပြားလာကြောင်း ၎င်းက ဆိုသည်။

သာမန် အများပြည်သူ ရသုံးငွေပမာဏသည် ယွမ် ၂၉.၇ ထရီလီယံဖြစ်ပြီး ယမန်နှစ်ထက် ယွမ် ၁.၂ ထရီလီယံ တိုးမြင့်လာကြောင်း၊ ယွမ် ၁.၃ ထရီလီယံ တန်ဖိုးရှိသော ကာလအလွန်ကြာရှည်သည့် အစိုးရ အထူးငွေတိုက်စာချုပ်အား ရောင်းချသွားရန် စီစဉ်ထားပြီး ယမန်နှစ်ထက် ယွမ် ၃၀၀ ဘီလီယံ တိုးတက်များပြားလာကြောင်း၊ ယွမ် ၅၀၀ ဘီလီယံ တန်ဖိုးရှိသော အထူးငွေတိုက်စာချုပ် ရောင်းချရန် စီစဉ်ထားပြီး နိုင်ငံတော်ပိုင် အကြီးစား စီးပွားရေးဘဏ်များ အရင်းအနှီးဖြည့်စွက်ရန် ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ယွမ် ၄.၄ ထရီလီယံ တန်ဖိုးရှိသော ဒေသန္တရအစိုးရများ သီးသန့်ချေးငွေစာချုပ် စီစဉ်သွားမည်ဖြစ်ကာ ယမန်နှစ်ထက် ယွမ် ၅၀၀ ဘီလီယံ တိုးတက်များပြားလာမည်ဖြစ်၍ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်း၊ မြေယာသိမ်းဆည်းခြင်းနှင့် ရောင်းချရန် ကျန်ရှိသော တည်ဆောက်ပြီး နေအိမ်များအား ဝယ်ယူခြင်း၊ ဒေသန္တရအစိုးရက လုပ်ငန်းကုမ္ပဏီများအပေါ် ပေးချေရန် ကျန်ရှိသောငွေများ ရှင်းလင်းခြင်း စသည်တို့တွင် အသုံးပြုသွားမည်ဖြစ်ကြေင်း လီချန်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် စုစုပေါင်း အသစ်တိုးမည့် အစိုးရကြွေးမြီ စုစုပေါင်းပမာဏသည် ယွမ် ၁၁.၈၆ ထရီလီယံဖြစ်ပြီး ယမန်နှစ်ထက် ယွမ် ၂.၉ ထရီလီယံ တိုးများလာသဖြင့် ဘဏ္ဍာရေးအရ သုံးငွေအင်အားသည် သိသိသာသာ တိုးများလာကြောင်း၊ ငွေအရင်းအနှီးအမျိုးမျိုး ခွင့်ပြုပေးချေခြင်းအား အရှိန်မြှင့်လုပ်ဆောင်၍ လက်တွေ့အသုံးပြုမှုကို ဆောလျင်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထုတ်သုံးငွေဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်လာရေးအား အဆက်မပြတ် လုပ်ဆောင်၍ ပြည်သူ့ လူနေမှုဘဝ အကျိုးပြုခြင်း၊ စားသုံးမှု မြှင့်တင်ခြင်း၊ နောက်ဆက်တွဲ အင်အား တိုးမြှင့်ခြင်းတို့ကို ပိုမိုအလေးထားကာ ငွေအရင်းအနှီး‌ အသုံးပြုမှု၏ အကျိုးစီးပွားကို လက်တွေ့တကျ မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗဟိုဘဏ္ဍာရေးအဖွဲ့အစည်းက ဒေသန္တရအဖွဲ့အစည်းများအပေါ် သာမန် သုံးငွေ လွှဲပြောင်းမှုအင်အားကို တိုးချဲ့ကာ အခက်အခဲရှိသောဒေသနှင့် မဖွံ့ဖြိုးသောဒေသများသို့ အလေးပိုသာစွာ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ အဆင့်ခွဲ၍ အာမခံသည့် တာဝန်ယူမှုအား တင်းကျပ်စွာဖော်ဆောင်ပြီး အခြေခံအလွှာ၏ “အာမခံချက် သုံးရပ်” ဟူသော အခြေခံစည်းမျဉ်းကို ခိုင်မြဲစွာဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အစိုးရက ခြိုးခြံချွေတာမှုကို အခိုင်အမာလက်ကိုင်ထားကာ သိပ္ပံနည်းကျ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအား မြှင့်တင်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအား တင်းကျပ်စွာလိုက်နာရမည်ဖြစ်ကြောင်း၊ အလွန်အကျွံ ဖြုန်းတီးမှုအား တားမြစ်၍ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်နှင့် ပြည်သူ့ လူနေမှုဘဝအကျိုးပြုရေး လိုအပ်ချက်များတွင် အသုံးပြုရန် ပိုမိုများပြားသော အရင်းအနှီးများ ထုတ်ပေးရမည်ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

အတန်အသင့် ဖြေလျော့ထားသော ငွေကြေးမူဝါဒကို ကျင့်သုံးရမည်ဖြစ်ကြောင်း လီချန်က အဆိုပြုခဲ့သည်။ လူမှုအသိုက်အဝန်း ငွေကြေးထည့်ဝင်မှုပမာဏ၊ ငွေကြေးထောက်ပံ့မှုပမာဏ တိုးတက်မှုကို စီးပွားရေးတိုးတက်မှု၊ ဈေးနှုန်းယေဘုယျအဆင့် မျှော်မှန်းထားသည့် ရည်မှန်းချက်နှင့် ကိုက်ညီစေရန် ငွေကြေးမူဝါဒကိရိယာ၏ စုစုပေါင်းပမာဏနှင့် ဖွဲ့စည်းပုံဟူသည့် စွမ်းရည်နှစ်မျိုးကို ကောင်းမွန်စွာ အသုံးပြု၍ သင့်လျော်သည့်အချိန်တွင် RRR အချိုးနှင့် အတိုးနှုန်းလျှော့ချကာ ငွေကြေးပြည့်ဝစွာ စီးဆင်းမှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဖွဲ့စည်းပုံဆိုင်ရာ ငွေကြေးမူဝါဒ နည်းလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေနှင့် စတော့ဈေးကွက်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားကောင်းစွာ မြှင့်တင်ပေးရမည်ဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဝယ်ယူအား မြှင့်တင်မှုနှင့် ပုဂ္ဂလိက၊ အငယ်စားနှင့် အသေးစားလုပ်ငန်းများအပေါ် ပံ့ပိုးမှုကို တိုးချဲ့ပေးမည်ဖြစ်ကြောင်း လီချန်ကဆိုသည်။

ငွေကြေးမူဝါဒ ချိတ်ဆက်မှုလမ်းကြောင်း စီးဆင်းမှု တစ်ဆင့်တိုး အားကောင်းစေရန် လုပ်ဆောင်ပြီး အတိုးနှုန်းများ ဖွဲ့စည်းပုံနှင့် ချိတ်ဆက်မှုယန္တရားကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ အရင်းငွေ ပြန်ဆပ်ခြင်း မရှိသေးသော်လည်း ချေးငွေများ သက်တမ်းတိုးပေးရေး မူဝါဒကို အကောင်အထည်ဖော်၍ ချေးငွေတိုးမြှင့်ခြင်းနှင့် စွန့်စားရမှုကို မျှဝေပေးခြင်းစသည့် ပံ့ပိုးမှုအစီအမံများကို အားကောင်းစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူမှုအသိုက်အဝန်းတွင် အထွေထွေ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်များ လျော့ကျရေးကို တွန်းအားပေးပြီး ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ရယူနိုင်ရေး နှင့် အဆင်ပြေလွယ်ကူရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ RMB (ယွမ်) ငွေလဲနှုန်းအား သင့်တင့်ပြီး ဟန်ချက်ညီသော အဆင့်တစ်ခုတွင် အခြေခံအားဖြင့် တည်ငြိမ်နေရန် ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ မက်ခရို စိစစ်နှိုင်းချင့်မှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှု လုပ်ဆောင်ချက်များကို တိုးချဲ့ကာ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းများကို တီထွင်ဆန်းသစ်ပြီး ငွေကြေးဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မက်ခရိုမူဝါဒဖြင့် လူမှုဘဝ ဦးတည်ချက်ကို အားကောင်းအောင် လုပ်ဆောင်ရမည်ဟု လီချန်က အဆိုပြုခဲ့သည်။ ပြည်သူအား ဗဟိုပြုသော မူဝါဒကို အခိုင်အမာ လိုက်နာခြင်းအားဖြင့် စီးပွားရေးမူဝါဒများ၏ အာရုံစိုက်မှုကို လူမှုဘဝအား ပိုမိုအကျိုးပြုရန်၊ ဝယ်သူစားသုံးမှုကို မြှင့်တင်ရန်သို့ ပြောင်းလဲရမည် ဖြစ်ကြောင်း၊ ဝယ်သူစားသုံးမှုကို အားဖြည့်ခြင်းဖြင့် စီးပွားရေးလည်ပတ်မှု အဆင်ပြေစေရန်၊ ဝယ်သူစားသုံးမှုကို အဆင့်မြှင့်တင်ခြင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းမြှင့်တင်မှုကို ဦးဆောင်ရန် လုပ်ဆောင်ခြင်းဖြင့် လူမှုဘဝကို အာမခံမှုနှင့် ကောင်းမွန်အောင် လုပ်ဆောင်လျက် စီးပွားရေးတိုးတက်မှုအသစ်များ ဖန်တီးသင့်ကြောင်း၊ ပိုမိုများပြားသော ငွေကြေးအရင်းအမြစ်များကို “လူများတွင် ရင်းနှီးမြှုပ်နှံရန်”၊ လူမှုဘဝကို ဝန်ဆောင်မှုပေးရန် တွန်းအားပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင်မှု တိုးချဲ့ရေး၊ ဒေသခံများ၏ ၀င်ငွေ တိုးမြင့်၍ ဝန်ထုပ်ဝန်ပိုး လျှော့ချရေးကို မြှင့်တင်ကာ ဝယ်သူစားသုံးရန် လှုံ့ဆော်အားပေးမှုကို အားဖြည့်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘဝ တိုးတက်ရေးအတွက် ကောင်းမွန်သော လည်ပတ်မှု ဖြစ်လာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မူဝါဒရေးရာ “ပေါင်းစပ်လုပ်ငန်း” ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လီချန်က အဆိုပြုခဲ့သည်။ ဘဏ္ဍာရေး၊ ငွေကြေး၊ အလုပ်အကိုင်နေရာချထားရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဒေသဆိုင်ရာကဏ္ဍ၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကြီးကြပ်ရေး စသည့် မူဝါဒများ ညှိနှိုင်းဖော်ဆောင်မှုကို အားဖြည့်ခြင်းနှင့် ပြုပြင်ပြောင်းလဲ တံခါးဖွင့်လှစ်ရေးဆိုင်ရာ အစီအမံများအား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူဝါဒပေါင်းစပ်အင်အားကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ မက်ခရိုစီးပွားရေး မူဝါဒဦးတည်ချက်၏ တစ်ပြေးညီတည်းရှိမှုအား အကဲဖြတ်သည့် လုပ်ငန်းယန္တရားကို ပြည့်စုံအောင်တည်ဆောက်၍ ကောင်းမွန်စွာအသုံးပြုရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စီးပွားရေးမူဝါဒနှင့် စီးပွားရေးစနစ်မဟုတ်သော မူဝါဒအား တစ်ပြေးညီအကဲဖြတ်မှုအတွင်း ထည့်သွင်းကာ မူဝါဒချမှတ်မှုနှင့် အကောင်အထည်ဖော်ဆောင်မှုဖြစ်စဉ် တစ်ခုလုံးအား စုစည်းစီမံခန့်ခွဲ၍ မူဝါဒရည်မှန်းချက်၊ ကိရိယာ၊ အချိန်အခါအခွင့်အလမ်း၊ အင်အား၊ စည်းချက်တို့၏ လိုက်ဖက်ညီမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊

လက်တွေ့ဖော်ဆောင်သည့် မူဝါဒများ ထုတ်ပြန်ရာတွင် နောက်မကျသင့်ဘဲ စောနိုင်သလောက် စောရမည်ဖြစ်ကြောင်း၊ မသေချာမှုမျိုးစုံနှင့် အချိန်လုဆောင်ရွက်ရမည် ဖြစ်ရာ အချိန်အခါကြည့်၍ တစ်ကြိမ်တည်း အပြည့်အဝချမှတ်ရမည်ဖြစ်ပြီး မူဝါဒလက်တွေ့ထိရောက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အထက်အောက်အလွှာများ ချိတ်ဆက်လှုပ်ရှား၍ ရေပြင်ညီညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် မူဝါဒကို “ကနဦးအစ တစ်ကီလိုမီတာ” မှ “နောက်ဆုံး တစ်ကီလိုမီတာ” အထိ ချောမွေ့စွာချိတ်ဆက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်အသံကို အလေးပေးနားဆင်၍ မူဝါဒဖော်ဆောင်မှုနှင့် ကြိုတင်လမ်းညွှန်မှုကို ညှိနှိုင်း တွန်းအားပေးဖော်ဆောင်ကာ တက်ကြွသော လူမှုအသိုက်အဝန်းမျှော်မှန်းချက်ကို ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
两会·要闻|李强在政府工作报告中提出今年经济社会发展政策取向
新华社北京3月5日电 国务院总理李强5日在政府工作报告中提出,我们将坚持稳中求进、以进促稳,守正创新、先立后破,系统集成、协同配合,充实完善政策工具箱,根据形势变化动态调整政策,提高宏观调控的前瞻性、针对性、有效性。注重目标引领,把握政策取向,讲求时机力度,强化系统思维,提升宏观政策实施效能。
实施更加积极的财政政策。统筹安排收入、债券等各类财政资金,确保财政政策持续用力、更加给力。今年赤字率拟按4%左右安排、比上年提高1个百分点,赤字规模5.66万亿元、比上年增加1.6万亿元。一般公共预算支出规模29.7万亿元、比上年增加1.2万亿元。拟发行超长期特别国债1.3万亿元、比上年增加3000亿元。拟发行特别国债5000亿元,支持国有大型商业银行补充资本。拟安排地方政府专项债券4.4万亿元、比上年增加5000亿元,重点用于投资建设、土地收储和收购存量商品房、消化地方政府拖欠企业账款等。今年合计新增政府债务总规模11.86万亿元、比上年增加2.9万亿元,财政支出强度明显加大。要加快各项资金下达拨付,尽快形成实际支出。持续优化支出结构,更加注重惠民生、促消费、增后劲,切实提高资金使用效益。中央财政加大对地方一般性转移支付力度,向困难地区和欠发达地区倾斜。严格落实分级保障责任,筑牢兜实基层“三保”底线。坚持政府过紧日子,推进财政科学管理,严肃财经纪律,严禁铺张浪费,腾出更多资金用于发展所需、民生所盼。
实施适度宽松的货币政策。发挥好货币政策工具的总量和结构双重功能,适时降准降息,保持流动性充裕,使社会融资规模、货币供应量增长同经济增长、价格总水平预期目标相匹配。优化和创新结构性货币政策工具,更大力度促进楼市股市健康发展,加大对科技创新、绿色发展、提振消费以及民营、小微企业等的支持。进一步疏通货币政策传导渠道,完善利率形成和传导机制,落实无还本续贷政策,强化融资增信和风险分担等支持措施。推动社会综合融资成本下降,提升金融服务可获得性和便利度。保持人民币汇率在合理均衡水平上的基本稳定。拓展中央银行宏观审慎与金融稳定功能,创新金融工具,维护金融市场稳定。
强化宏观政策民生导向。坚持以人民为中心,经济政策的着力点更多转向惠民生、促消费,以消费提振畅通经济循环,以消费升级引领产业升级,在保障和改善民生中打造新的经济增长点。推动更多资金资源“投资于人”、服务于民生,支持扩大就业、促进居民增收减负、加强消费激励,形成经济发展和民生改善的良性循环。
打好政策“组合拳”。加强财政、货币、就业、产业、区域、贸易、环保、监管等政策协同以及与改革开放举措的协调配合,增强政策合力。健全和用好宏观政策取向一致性评估工作机制,把经济政策和非经济性政策统一纳入一致性评估,统筹政策制定和执行全过程,提升政策目标、工具、时机、力度、节奏的匹配度。出台实施政策要能早则早、宁早勿晚,与各种不确定性抢时间,看准了就一次性给足,提高政策实效。加强上下联动、横向协作,促进政策从“最初一公里”到“最后一公里”衔接畅通。注重倾听市场声音,协同推进政策实施和预期引导,塑造积极的社会预期。(完)
图说:3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。国务院总理李强作政府工作报告。 新华社记者 刘彬 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.