Asia
တောင်ကိုရီးယား တိုက်လေယာဉ် လူနေအိမ်များပေါ်သို့ မတော်တဆ ဗုံးကြဲမိမှုကြောင့် ဒဏ်ရာရသူ ၂၉ ဦး အထိ ရှိလာ

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်တစ်ရက်က ဖြစ်ပွားခဲ့သော တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် လေတပ် တိုက်လေယာဉ် မတော်တဆ ဗုံးကြဲမိမှုကြောင့် စုစုပေါင်း လူ ၂၉ ဦး ဒဏ်ရာရရှိပြီး ယင်းအနက် ၁၅ ဦးမှာ အရပ်သားများဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
မတ် ၇ ရက် နံနက်ပိုင်းအထိ အဆိုပါ မတော်တဆ ဗုံးကြဲမိမှုကြောင့် အရပ်သား ၁၅ ဦးနှင့် စစ်သား ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းအနက် အရပ်သား ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် မတ် ၆ ရက် နံနက် ၁၀ နာရီခန့်တွင် တောင်ကိုရီးယား KF-16 တိုက်လေယာဉ် ၂ စင်းသည် Gyeonggi ပြည်နယ် Pocheon မြို့၌ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်စဉ် ပဲ့ထိန်းမပါသော MK-82 ဗုံး ၄ လုံးကို “ပုံမှန်အတိုင်းမဟုတ်ဘဲ” အသီးသီး ကြဲချခဲ့သည်။ ဤ အထိန်းအကွပ်မဲ့ ပြုတ်ကျလာသော ဗုံး ၈ လုံးသည် လေ့ကျင့်ကွင်းအပြင်ဘက်ရှိ လူနေရပ်ကွက်သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခဲ့ရာ လူအများ ဒဏ်ရာရရှိ၍ လူနေအိမ်အများအပြားနှင့် ဂိုဒေါင်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ကုန်တင်ကား စသည့် ပြည်သူပိုင် ပစ္စည်းဥစ္စာများ ပျက်စီးခဲ့ရသည်။
ယင်းသည် တောင်ကိုရီးယား လေတပ်၏ ပထမအကြိမ် လေ့ကျင့်မှုအတွင်း တိုက်လေယာဉ် မတော်တဆ ဗုံးကြဲမိမှုကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် တောင်ကိုရီးယား F-5B တိုက်လေယာဉ်သည်လည်း Chungcheongnam ပြည်နယ် Boryeong မြို့၌ လေ့ကျင့်ရေးဗုံး မတော်တဆ ကျခဲ့ဖူးသော်လည်း သေဆုံး၊ ဒဏ်ရာရသူမရှိခဲ့ပေ။
အဆိုပါ မတော်တဆ ဗုံးကြဲခဲ့သော တိုက်လေယာဉ်နှစ်စင်းရှိ ဦးဆောင်လေယာဉ်မှူး၏ ကိုသြဒိနိတ်ကို ဖြည့်သွင်းသည့်အခါ မှားယွင်းမှုကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ လေတပ်၏ ကနဦး စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိခဲ့သည်။ Wingman လေယာဉ်မှူး ဖြည့်သွင်းသော ကိုသြဒိနိတ်မှာ မှန်ကန်သော်လည်း ဦးဆောင်လေယာဉ်မှူးနှင့်အတူ ဗုံးကြဲ ခလုတ်ကို နှိပ်ခဲ့ကြောင်း တောင်ကိုရီးယား “JoongAng Ilbo” သတင်းစာတွင် ဖော်ပြခဲ့သည်။
ဦးဆောင်လေယာဉ်မှူး၏ မတ် ၅ ရက် ပထမအကြိမ် ကိုသြဒိနိတ်ဖြည့်သွင်းစဉ်တွင်ပင် မှားယွင်းခဲ့ရာ မတ် ၆ ရက် ပျံသန်းမှုမတိုင်မီတွင် တင်သွင်းထားသော ကိုသြဒိနိတ်နှင့် တစ်ပါတည်းယူဆောင်လာသော မစ်ရှင်အစီအစဉ်စာအုပ်နှင့် ကိုက်ညီမှုရှိမရှိ အတည်ပြုရာ၌ မှားယွင်းမှုကို မတွေ့ရှိခဲ့ပေ။ ပျံသန်းစဉ်ကာလအတွင်းနှင့် ဗုံးကြဲမှုမတိုင်မီ အမြင်အာရုံဖြင့် ပစ်မှတ်ဧရိယာ မှန်ကန်မှုရှိ/ မရှိ အတည်ပြုရာတွင် အမှားပြင်ခွင့်နှင့် ထပ်မံ လွဲချော်ခဲ့သည်။ KF-16 တိုက်လေယာဉ်သည် ထိုင်ခုံ တစ်ခုတည်းရှိသော တိုက်လေယာဉ်ဖြစ်ကာ အထက်ဖော်ပြပါ အဆင့် ၃ ဆင့်စလုံးသည် လေယာဉ်မှူးတစ်ဦးတည်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်စစ်ဆေးခြင်း စသည့် နှစ်ထပ် လုံခြုံရေးယန္တရားမရှိခြင်းကြောင့် နောက်ဆုံးတွင် ဤကဲ့သို့ ကြီးမားသော အခင်းဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများ အား အဆက်မပြတ် ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသခံများက ရဲထံ တိုင်ကြားခဲ့ကြကြောင်း၊ တောင်ကိုရီးယား စစ်တပ်သည် အခင်းဖြစ်ပွားပြီး နာရီဝက်ခန့်အကြာမှသာ အစီရင်ခံစာ လက်ခံရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီး မိနစ် ၁၀၀ ခန့်နောက်မှ ကြေညာချက်ထုတ်ပြန်ခဲ့သောကြောင့် တုံ့ပြန်မှု နှေးကွေးသည်ဟု လူထု၏ ဝေဖန်ခြင်းခံခဲ့ရကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ လေတပ် ဦးစီးချုပ် Lee Young-soo က မတ် ၆ ရက် ညပိုင်းတွင် Boryeong မြို့ ပြည်သူများထံ တောင်းပန်ခဲ့ပြီး အကြီးမားဆုံးအတိုင်းအတာဖြင့် လျော်ကြေးပေး၍ အပြည့်အဝစစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ဤကဲ့သို့သော ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမှ ရှောင်ကြဉ်ရန် တောင်ကိုရီးယားနိုင်ငံ ဗဟိုအစိုးရအား လက်တွေ့ကျသော မူဝါဒများ မချမှတ်ခင် တောင်ကိုရီယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပါအဝင် စစ်ရေးလေ့ကျင်မှုများကို ဘက်စုံ ယာယီရပ်တန့်ထားရန် Boryeong မြို့ အစိုးရက တောင်းဆိုခဲ့သည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Pocheonမြို့၌ စစ်ရေးလေ့ကျင့်မှုမှ ဗုံးများ မတော်တဆကျရောက်ခဲ့သောလူနေရပ်ကွက်အနီးတွင် လူနာတင်ကားရပ်ထားသည်ကို မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
韩国战机误炸民宅致伤人数升至29人
新华社北京3月7日电 韩国国防部7日说,前一天发生的空军战斗机参加韩美联合军演时误投炸弹事故总计造成29人受伤,其中包括15名平民。
一名国防部官员说,截至7日上午,误炸事故导致15名平民和14名军人受伤,其中两名平民伤势严重。
6日上午10时左右,两架韩军KF-16型战机在京畿道抱川市参加韩美联合军演时分别“非正常”投下4枚MK-82型非制导炸弹。这8枚自由落体式炸弹落到训练场外居民区并爆炸,造成人员受伤,多座民宅以及仓库、教堂、卡车等居民财产受损。
这是韩国空军首次发生战机在训练中误投炸弹造成伤害的事故。2004年,韩军F-5B战机曾在忠清南道保宁市误投训练弹,但没有造成人员伤亡。
韩国空军初步调查发现,误投弹系两架战机中的长机飞行员输入坐标时出错所致。韩国《中央日报》报道,僚机飞行员坐标输入正确,仍跟随长机按下投弹键。
报道说,长机飞行员5日首次输入坐标时便出错,6日起飞前确认所上传坐标与携带的任务计划书是否一致时没有发现;飞行过程中及投弹前,通过目视确认目标区域是否正确时,再次错过纠错机会。KF-16战机为单座战斗机,上述三个步骤均由一名飞行员独自完成,缺乏交叉核验等双重安全机制,最终导致这起重大事故。
事故发生后,伤员不断被发现,居民纷纷报警,韩国军方事发半个多小时后才接到报告,事发大约100分钟后才发布通报,被舆论批评应对迟缓。
韩国空军总参谋长李英秀6日晚些时候向抱川市居民道歉,承诺给予最大程度赔偿,一定彻查追责。抱川市政府要求韩国中央政府在制定切实对策前全面暂停包括韩美联合军演在内的军事训练,以防此类事故再次发生。(胡若愚)
图说1:这张由当地居民拍摄的照片显示,韩国京畿道抱川市遭军演炸弹误炸的居民区冒出浓烟。新华社发
图说2:3月6日,救护车停在韩国京畿道抱川市遭军演炸弹误炸居民区附近。新华社记者姚琪琳摄