China
ဝမ်ရိနှင့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Prabowo Subianto တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် နှစ်ဖက်အနေဖြင့် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု အင်အားရှိသည့် တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက် ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းကို “နည်းလမ်းလေးသွယ် မောင်းနှင်မှု” မှ “မဏ္ဍိုင်ကြီးငါးရပ်” အဖြစ် အဆင့်မြှင့်တင်ခဲ့ကာ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြောသော အနာဂတ် အလားအလာကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လုပ်ဆောင်ပြီး လွတ်လပ်စွာ ကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်းကာ ထွန်းသစ်စလုပ်ငန်းများကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် ပြည်သူ့အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sugiono က အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို များစွာအလေးထား၍ ဘက်စုံနက်ရှိုင်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း၊ ကျန်းမာရေး၊ သန့်ရှင်းစွမ်းအင်၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု စသည့် ကဏ္ဍများတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
王毅同印尼外长苏吉约诺会谈
新华社北京4月21日电 中共中央政治局委员、外交部长王毅21日在京同印尼外长苏吉约诺举行会谈。
王毅说,在习近平主席和普拉博沃总统战略引领下,双方就构建具有地区和全球影响力的中印尼命运共同体达成重要共识,将两国合作格局从“四轮驱动”升级成“五大支柱”,为中印尼合作开辟了广阔前景。双方要锚定高质量合作,维护自由贸易,发展新兴产业,拓展惠民生合作。
苏吉约诺表示,印尼高度重视并致力于全方位深化对华关系,期待同中方拓展经贸、投资、农渔业、卫生、清洁能源、科技创新等领域务实合作。(完)
图说:4月21日,中共中央政治局委员、外交部长王毅在北京同印尼外长苏吉约诺举行会谈。 新华社记者 张领 摄