China
စပိန်ဝန်ကြီးချုပ် Pedro Sánchez ၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် စပ်လျဉ်းသည့် အစီအစဉ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
စပိန်ဝန်ကြီးချုပ် Pedro Sánchez က ဧပြီ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံခရီးစဉ် သွားရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် Pedro Sánchez ၏ ယခုအကြိမ် အလည်အပတ်ခရီးစဉ်ကို အခွင့်အလမ်းအဖြစ် တရုတ်- စပိန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား စမှတ်အသစ်တွင် ပိုမိုကြီးမားသော တိုးတက်မှုများ ရရှိရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီကပင် ပြောရေးဆိုခွင့်ရှိသူက စပိန်ဝန်ကြီးချုပ် Pedro Sánchez တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်မည့် သတင်းအား ထုတ်ပြန်ခဲ့ရာ ယင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစီအစဉ်များကို မိတ်ဆက်ပြောကြားပေးနိုင်မည်လော၊ ယင်းမှာ ဝန်ကြီးချုပ် Pedro Sánchez ၏ တစ်နှစ်မပြည့်မီ တရုတ်နိုင်ငံသို့ ထပ်မံလည်ပတ်ခြင်းဖြစ်သည်ကို မိမိတို့အနေဖြင့် သတိထားမိကြောင်း၊ တရုတ်-စပိန် အဆင့်မြင့် ခေါင်းဆောင်များအကြား မကြာခဏ ကူလူးဆက်ဆံမှုနှင့် ပတ်သက်၍ မည်သို့ မှတ်ချက်ပြုလိုပါသနည်း ဟူ၍ အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
လျင်ကျန့်က ယခုအကြိမ် ခရီးစဉ်သည် စပိန်ဝန်ကြီးချုပ် Pedro Sánchez ၏ ၃ နှစ်တာအတွင်း တရုတ်နိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ် Pedro Sánchez နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီချန်လည်း ၎င်းနှင့်အတူ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံသည် ဥရောပသမဂ္ဂတွင် တရုတ်နိုင်ငံ၏ အရေးပါသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက်သည် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု စိတ်ဓာတ်ကို အစဉ်အမြဲ လက်ကိုင်ထားကာ နှစ်နိုင်ငံဆက်ဆံရေးသည် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများအကြား ဆက်ဆံရေး ရှေ့တန်းတွင် ရှိနေကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-စပိန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သော နှစ် ၂၀ ပြည့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် Pedro Sánchez ၏ ယခုအကြိမ် တရုတ်နိုင်ငံခရီးစဉ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေကာ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်တုံ့ပြန်၍ တရုတ်- စပိန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား စမှတ်အသစ်တွင် ပိုမိုကြီးမားအောင် တိုးတက်မှုများ ရရှိရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
外交部介绍西班牙首相桑切斯访华有关安排
新华社北京4月8日电(记者成欣、刘杨)西班牙首相桑切斯将于4月10日至11日访华。外交部发言人林剑8日表示,中方希望以桑切斯首相此访为契机,推动中西全面战略伙伴关系在新的起点上取得更大发展。
当日例行记者会上,有记者问:发言人刚刚发布了西班牙首相桑切斯将访华的消息,能否介绍此访有关安排?我们注意到这将是桑切斯首相不到一年再次访华,你如何评论中西高频次的高层交往?
林剑说,此访是桑切斯首相3年内第3次访华。访问期间,习近平主席将同桑切斯首相会见,李强总理将同他举行会谈。
林剑表示,西班牙是中国在欧盟的重要合作伙伴。双方始终秉持互尊互信、互利共赢精神,双边关系走在中国同欧洲国家关系前列。今年是中西全面战略伙伴关系建立20周年。中方希望以桑切斯首相此访为契机,深化两国战略互信,扩大开放合作,携手应对全球性挑战,推动中西全面战略伙伴关系在新的起点上取得更大发展。(完)