China
တရုတ်-အမေရိကန် အရေးကြီးသော သဘောတူညီချက်ရရှိ၊ တွေ့ဆုံဆွေးနွေးမှုတွင် လက်တွေ့ကျသော တိုးတက်မှုများရရှိကြောင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ပြောကြား

ဂျီနီဗာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည်။
ယခုအကြိမ် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုသည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိရာ အရေးကြီးသော သဘောတူညီမှုများရရှိခဲ့ပြီး လက်တွေ့ကျသော တိုးတက်မှုများရရှိကြောင်း၊ နှစ်ဖက်လုံးက တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ယန္တရား ထူထောင်ရန် တစ်ပြိုင်နက် သဘောတူညီခဲ့ကြောင်း၊ တရုတ်-အမေရိကန်အနေဖြင့် သက်ဆိုင်ရာအသေးစိတ်အကြောင်းအရာများကို အမြန်ဆုံး အတည်ပြုသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု၌ ရရှိခဲ့သည့် သဘောတူညီမှု ပူးတွဲ ကြေညာချက်ကို မေ ၁၂ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍတွင် တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဒေသစံတော်ချိန် မေ ၁၁ ရက် ညပိုင်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မျက်မှောက်အခြေအနေတွင် ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုက နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထူးဂရုပြုမှုကို ခံခဲ့ရကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ အတူကြိုးပမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးမှုသည် အကျိုးသက်ရောက်မှုများစွာရရှိခဲ့ပြီး တန်းတူညီမျှညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုအား ဖြေရှင်းသော အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခဲ့ရာ သဘောထားကွဲလွဲမှုများကို ရင်ကြားစေ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် တစ်ဆင့်တိုး အုတ်မြစ်ချပေးခဲ့ပြီး အခြေအနေများကိုလည်း ဖန်တီးပေးခဲ့ကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အရေးကြီးသော အကျိုးသက်ရောက်မှုများလည်း ရှိကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က နှစ်နိုင်ငံခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သော အရေးကြီးသဘောတူညီချက်များကို တက်တက်ကြွကြွ လက်တွေ့ဖော်ဆောင်ရန်၊ ကိစ္စရပ်များအား ဖြေရှင်းရေးသည့် လက်တွေ့ကျသော သဘောထားကို အခြေခံ၍ ရိုးသားပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်းနှင့် သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု စာရင်းကို တိုးချဲ့ကာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးအမြတ်ကို ကြီးမားလာစေရန်၊ တရုတ်- အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ရရှိစေရေးအား တွန်းအားပေးရန်၊ ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုသေချာမှုနှင့် တည်ငြိမ်မှုများ ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
中美经贸中方牵头人、国务院副总理何立峰出席新闻发布会表示 中美达成重要共识 会谈取得实质性进展
新华社日内瓦5月11日电(记者石松 焦倩)中美经贸高层会谈5月10日至11日在瑞士日内瓦举行。中美经贸中方牵头人、国务院副总理何立峰当地时间11日晚在出席中方代表团举行的新闻发布会时表示,此次中美经贸高层会谈坦诚、深入、具有建设性,达成重要共识,并取得实质性进展。双方一致同意建立中美经贸磋商机制。中美双方将尽快敲定相关细节,并将于5月12日发布会谈达成的联合声明。
何立峰说,在当前形势下,本次会谈受到国际社会高度关注。经过中美双方的共同努力,会谈富有成效,迈出了通过平等对话协商解决分歧的重要一步,为进一步弥合分歧和深化合作打下了基础、创造了条件。
何立峰表示,中美经贸关系既对两国意义重大,也对全球经济稳定和发展有着重要影响。中方愿同美方一道,积极落实今年1月17日两国元首通话重要共识,本着解决问题的务实态度,坦诚对话、平等协商、管控分歧,深挖合作潜力,拉长合作清单,做大合作蛋糕,推动中美经贸关系取得新的发展,为世界经济注入更多确定性和稳定性。(完)
Photo:A press briefing is held by the Chinese side following the China-U.S. high-level meeting on economic and trade affairs in Geneva, Switzerland, on May 11, 2025. (Xinhua/Zhao Dingzhe)